ညောင်ဦမြို့နယ်အတွင်း ကျေးလက်ဒေသဖွံ့ဖြိုးရေးလုပ်ငန်း ဆောင်ရွက်နေမှုများအား ညွှန်ကြားရေးမှူးချုပ် ဦးသိန်းလွင် ကွင်းဆင်းကြည့်ရှုစစ်ဆေး

ညောင်ဦး မတ် ၃၁

သမဝါယမနှင့် ကျေးလက်ဖွံ့ဖြိုးရေးဝန်ကြီးဌာန၊ ကျေးလက်ဒေသဖွံ့ဖြိုးတိုးတက်ရေးဦးစီးဌာနမှ ညွှန်ကြားရေးမှူးချုပ် ဦးသိန်းလွင်နှင့်အဖွဲ့ ယမန်နေ့ နံနက်ပိုင်းက ညောင်ဦးမြို့နယ်အတွင်း ဒေသခံ ကျေးလက်နေပြည်သူများ လူမှုစီးပွားဘဝ ဖွံ့ဖြိုးတိုးတက်စေရေးအတွက် အကောင်အထည်ဖော် ဆောင်ရွက်လျက်ရှိသည့် ကျေးလက်ဒေသဖွံ့ဖြိုးရေးလုပ်ငန်းများအား ကွင်းဆင်းကြည့်ရှုစစ်ဆေးခဲ့ကြောင်း သိရသည်။

ရှေးဦးစွာ ညွှန်ကြားရေးမှုးချုပ် ဦးသိန်းလွင်သည် ညောင်ဦးခရိုင် ကျောက်ပန်းတောင်း မြို့နယ်ကျေးလက်ဒေသဖွံ့ဖြိုးတိုးတက်ရေးဦးစီးဌာနရုံး အစည်းအဝေးခန်းမတွင် UNDP အဖွဲ့မှ  ညောင်ဦးမြို့နယ်အတွင်း Encore စီမံကိန်းဖြင့် အကောင်အထည်ဖော် ဆောင်ရွက်နေသည့် ဒေသဖွံ့ဖြိုးရေးလုပ်ငန်းများ ဆောင်ရွက်မှု ရှင်းလင်းတင်ပြခဲ့ပါသည်။

ဆက်လက်၍ ညွှန်ကြားရေးမှူးချုပ်နှင့် တာဝန်ရှိသူများသည် ညောင်ဦးမြို့နယ် ထနောင်းဝန်း ကျေးရွာသို့ ရောက်ရှိပြီး ကျေးလက်နေပြည်သူများ လူမှုစီးပွားဘဝ ဖွံ့ဖြိုးတိုးတက်စေရန် Encore စီမံကိန်းဖြင့် ဒေသဖွံ့ဖြိုးရေးလုပ်ငန်းဆောင်ရွက်မှုများ ကြည့်ရှုခြင်း ဒေသခံများနှင့် တွေ့ဆုံ၍ လိုအပ်ချက်များ တင်ပြမှုအပေါ်  ဖြည့်ဆည်းဆောင်ရွက်ခဲ့ပါသည်။

မွန်းလွဲပိုင်းတွင် ညွှန်ကြားရေးမှူးချုပ် ဦးသိန်းလွင်သည် တာဝန်ရှိသူများနှင့်အတူ ညောင်ဦးမြို့နယ် ကန်နီကြီးကျေးရွာသို့ သွားရောက်ပြီး ကျေးလက်ဒေသဖွံ့ဖြိုးရေး အတွက် UNDP မှ Encore စီမံကိန်းဖြင့် Cash for work လုပ်ငန်းမွေးမြူရေးနှင့် အသက်မွေးဝမ်းကျောင်းလုပ်ငန်း ဆောင်ရွက်နေမှုများကို ကြည့်ရှုခြင်း ဒေသခံပြည်သူများ၏ လိုအပ်ချက်များ တင်ပြမှုအပေါ် လိုအပ်သည်များ ဖြည့်ဆည်းဆောင်ရွက်ခဲ့ပါသည်။

ယင်းနောက် ညွှန်ကြားရေးမှူးချုပ်နှင့် တာဝန်ရှိသူများသည် ညောင်ဦးမြို့နယ် မြင်းကပါ ကျေးရွာသို့ ရောက်ရှိပြီး ကျေးလက်ဒေသဖွံ့ဖြိုးတိုးတက်ရေးဦးစီးဌာနမှ အကောင် အထည်ဖော် ဆောင်ရွက်လျက်ရှိသည့် ခရီးသွားကျေးရွာစီမံကိန်း (Tourism Village) လုပ်ငန်း ဖော်ဆောင်နေမှု အခြေအနေအား မြို့နယ်ဦးစီးမှူး ဦးညီညီဦးမှ ရှင်းလင်းတင်ပြခဲ့ရာ ကျေးလက်ဒေသဖွံ့ဖြိုးတိုးတတ်ရေးဦးစီးဌာနရုံချုပ် ညွှန်ကြားရေးမှုး ဒေါက်တာဇာနည်မင်းမှ ခရီးသွားကျေးရွာစီမံကိန်း အကောင်အထည်ဖော်ရန် လိုအပ်သည့် စီမံချက်များ ရှင်းလင်းဆွေးနွေးပါသည်။ ညွှန်ကြားရေးမှူးချုပ်မှ မြင်းကပါကျေးရွာ၌ ဆောင်ရွက်မည့် ခရီးသွားကျေးရွာစီမံကိန်းအား ဒေသအတွက် အမှန်တကယ် ထိရောက်အကျိုးရှိစေရန် သက်ဆိုင်ရာဌာနများနှင့် ပူးပေါင်း၍ အောင်မြင်အောင် ဆောင်ရွက်သွားရန် လမ်းညွှန်မှာကြားပြီး လိုအပ်သည်များကို ဖြည့်စွက်ရှင်းလင်း ဆွေးနွေးခဲ့ကြောင်း သိရသည်။

ဒီပါလင်း