မိုးညို မတ် ၃၁
ပဲခူးတိုင်းဒေသကြီး၊ သာယာဝတီခရိုင်၊ မိုးညိုမြို့နယ်၌ ပြည်သူ့စစ်မှုထမ်းဥပဒေဆိုင်ရာ သိကောင်းစရာ "သတင်းစကား" လက်ကမ်းစာစောင်များကို ယနေ့ နံနက် ၇ နာရီက မိုးညိုမြို့၊ ဗိုလ်ချုပ်အောင်ဆန်းလမ်းမကြီး၊ စည်ပင်သာယာဈေးနှင့် ဈေးပတ်လည်ရှိလမ်းဆုံများ၊ ကားဂိတ်ရှိ ခရီးသွားပြည်သူများ၊ ကဖီးဆိုင်များ၌ ဌာနဆိုင်ရာများ စုပေါင်း၍ အခမဲ့ဖြန့်ဝေခဲ့ကြောင်း သိရ သည်။
ပြည်သူများအနေဖြင့် ပြည်သူ့စစ်မှုထမ်းဥပဒေဆိုင်ရာ သတင်းအချက်အလက်များကို ကောင်းစွာ သိရှိပြီး သတင်းအမှန်များသိရှိစေရန် ရည်ရွယ်၍ ဖြန့်ဝေပေးခြင်းဖြစ်ပြီး "သတင်းစကား" လက်ကမ်းစာစောင်တွင် ပြည်သူ့စစ်မှုထမ်းဥပဒေရည်ရွယ်ချက်၊ ပြည်သူ့စစ်မှုထမ်းတို့၏ ခံစားခွင့်များ၊ “မည်သည့်ကြောင့် ပြည်သူ့ စစ်မှုထမ်းစနစ်ကျင့်သုံးရသနည်း”၊ ဗိုလ်ချုပ်အောင်ဆန်း ၏ ၁၉၄၇ ခုနှစ်၊ ဇူလိုင်လ ၁၃ ရက်နေ့တွင် မြို့တော်ခန်းမကြီး၌ ကျင်းပသည့် ပြည်သူ့အစည်း အဝေးကြီး၌ ပြောကြားသော မိန့်ခွန်းကောက်နုတ်ချက်၊ စစ်မှုထမ်းရမည့် အသက်အရွယ်ရောက်သူ၊ ပြည်သူ့စစ်မှုထမ်းရန်ကာလ၊ ပြည်သူ့စစ်မှုထမ်းဥပဒေနှင့် စပ်လျဉ်း၍ စုံစမ်းမေးမြန်း နိုင်သည့်အချက်များကို ထည့်သွင်းဖော်ပြထားသည်။
အဆိုပါ ပြည်သူ့စစ်မှုထမ်းဥပဒေဆိုင်ရာ သိကောင်းစရာ "သတင်းစကား" လက်ကမ်းစာစောင် များကို မြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့ဥက္ကဋ္ဌ ဦးမင်းသိဒ္ဓိ ဦးဆောင်၍ မြို့နယ်အထွေထွေအုပ်ချုပ်ရေး ဦးစီးဌာန၊ ဌာနဆိုင်ရာများ၊ မြို့နယ်ရဲတပ်ဖွဲ့၊ ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာန၊ မီးသတ်တပ်ဖွဲ့တို့မှ တာဝန်ရှိသူများက ဖြန့်ဝေပေးခဲ့ကြောင်း သိရသည်။
ကိုမင်း(ပြန်/ဆက်)