လယ်ဝေး မတ် ၃၁
နေပြည်တော်ကောင်စီဝင် ဦးမြင့်စိုးသည် ယမန်နေ့ နံနက်ပိုင်းက လယ်ဝေးမြို့နယ်အတွင်း သာယာလှပစေရေးအတွက် သန့်ရှင်းရေးဆောင်ရွက်နေမှုများအား လာရောက်ကြည့်ရှုစစ်ဆေးခဲ့သည်။
ရှေးဦးစွာ နေပြည်တော်ကောင်စီဝင်သည် လယ်ဝေးမြို့နယ် ကြို့ပင်ကျေးရွာအနီးရှိ ရွှေပြည်တော်ဝင်လမ်း (H.1) လမ်းတလျှောက် သန့်ရှင်းသာယာလှပရေးအတွက် အမှိုက်များရှင်းလင်း၍ စနစ်တကျ စွန့်ပစ်ခြင်း၊ ချုံနွယ်များရှင်းလင်းခြင်း စသည်တို့ ဆောင်ရွက်နေမှုများအား ကြည့်ရှု စစ်ဆေးကာ အမှိုက်မပစ်ရ ဆိုင်းဘုတ်များ စိုက်ထူရန်နှင့် ကျေးရွာအုပ်စု အုပ်ချုပ်ရေးမှူးများက သန့်ရှင်းရေးအား အမြဲအလေးထားနှိုးဆော်ရန် မှာကြားသည်။
ဆက်လက်၍ အေလာကျေးရွာအုပ်စု၊ အေလာကန် သန့်ရှင်းသာယာလှပစေရေးအတွက် ဆည်မြောင်းဦးစီးဌာနမှ ဦးဆောင်ကာ ဗေဒါနှင့်အမှိုက်များဆယ်ယူ၍ သန်ရှင်းရေးဆောင်ရွက်နေမှု များအား သွားရောက်ကြည့်ရှုအားပေးခဲ့ကြောင်း သိရသည်။
ဝေကြည်(ပြန်/ဆက်)