မိုးကုတ်မြို့နယ်၊ လူထုအခြေပြုဗဟိုဌာန (Community Centre) ခန်းမ၌ ရှေးဦးသူနာပြုစုခြင်း အခြေခံသင်တန်း (၂/၂၀၂၄)ဖွင့်လှစ်

မိုးကုတ် မတ် ၃၁

မန္တလေးတိုင်းဒေသကြီး၊ မိုးကုတ်မြို့နယ် ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာန၊ လူထုအခြေပြုဗဟိုဌာန (Community Centre)ခန်းမတွင် ယမန်နေ့မွန်းလွဲ(၁)နာရီက မြို့နယ်ကြက်ခြေနီအသင်းခွဲမှ ရှေးဦးသူနာပြုစုခြင်း အခြခံသင်တန်း(၂/၂၀၂၄)ကို ဖွင့်လှစ်ခဲ့ကြောင်း သိရသည်။

ရှေးဦးစွာ မိုးကုတ်မြို့နယ် ကြက်ခြေနီအသင်းခွဲမှ တပ်ဖွဲ့မှူးဒေါ်မြင့်မြင့်ဦးက အဖွင့်အမှာစကားပြောကြားရာတွင်  ကြက်ခြေနီ၏အဓိပ္ပာယ်၊ ကြက်ခြေနီအခြေခံမူ(၇)ချက်နှင့် ရှေးဦးပြုစုခြင်းအကြောင်းအရာများကို ရှင်းလင်းဆွေးနွေးပြောကြားခဲ့ပြီး မြို့နယ်ကြက်ခြေနီတပ်ဖွဲ့မှ တပ်ဖွဲ့မှုးဦးဆောင်၍ ကြက်ခြေနီနည်းပြဆရာ/ ဆရာမများ၊ လူငယ်ကြက်ခြေနီကော်မတီဝင် စေတနာ့လုပ်အားရှင်များက စေတနာ့ဝန်ထမ်းအကျိုးဆောင်ခြင်း၊ ရှေးဦးပြုစုခြင်းနှင့် လူနာတစ်ဦးအားတွေ့ရှိပါက ဆန်းစစ်ရမည့်အချက်များ စသည်တို့ကို သင်ကြားပို့ချသွားမည်ဖြစ်ကြောင်းသိရသည်။

အဆိုပါ ရှေးဦးသူနာပြုစုခြင်း အခြေခံသင်တန်း(၂/၂၀၂၄) တွင် သင်တန်းသား/သူ စုစုပေါင်း(၂၇)ဦး တက်ရောက်လျက်ရှိပြီး သင်တန်းကာလမှ မတ်လ(၃၀)ရက်နေ့မှ ဧပြီလ(၁)ရက်နေ့အထိ (၃)ရက်ကြာ သင်ကြားပို့ချသွား မည်ဖြစ်ကြောင်းသိရသည်။

ကြည်ကြည်နွဲ့ (ပြန်/ဆက်)