၂ဝ၂၄ ခုနှစ်၊ အခြေခံစာတတ်မြောက်ရေးလုပ်ငန်း ခရိုင်အဆင့် နည်းပြဆင့်ပွားသင်တန်းဖွင့်ပွဲ အခမ်းအနားကျင်းပနိုင်ရေး ညှိနှိုင်းအစည်းအဝေးကျင်းပ

ဒိုက်ဦး မတ် ၃၁

ပဲခူးတိုင်းဒေသကြီး၊ ညောင်လေးပင်ခရိုင်၊ ဒိုက်ဦးမြို့နယ်၊ အထွေထွေအုပ်ချုပ်ရေးဦးစီးဌာန အစည်းအဝေးခန်းမ၌ ယမန်‌နေ့ မွန်းလွဲ ၂ နာရီအချိန်က ၂ဝ၂၄ ခုနှစ်၊ အခြေခံစာတတ်မြောက်ရေးလုပ်ငန်း ခရိုင်အဆင့် နည်းပြဆင့်ပွားသင်တန်း ဖွင့်ပွဲအခမ်းအနားကျင်းပနိုင်ရေး ညှိနှိုင်းအစည်း အဝေး ကျင်းပပြုလုပ်ခဲ့‌ကြောင်း သိရသည်။

အဆိုပါ ညှိနှိုင်းအစည်းအဝေးတွင် မြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့ဥက္ကဋ္ဌ ဦးကျော်ဆန်းဦးက အကြောင်းအမျိုးမျိုးကြောင့် အခြေခံပညာရေးအဆင့် အသီးသီးကို ဆုံးခန်းတိုင် မသင်ကြားခဲ့ရ သူများအား ထိုပညာရေးအဆင့် ပြီးမြောက်စေရန်နှင့် ကျောင်းပြင်ပမှ ပညာသင်ကြားလိုသူများ ဆက်လက် သင်ကြားနိုင်ရန်၊ ပညာသင်ယူမှု မပြီးဆုံးမီ အကြောင်းအမျိုးမျိုးကြောင့် ပညာသင်ယူ မှု ရပ်တန့်ခဲ့ရသော ကျောင်းသားများအတွက် သင့်လျော်သော ပညာသင်ယူခွင့် တစ်ခုခု ပြန်လည်ရရှိစေရန် ကျေးလက်ဒေသနေပြည်သူများနှင့် အစွန်အဖျားဒေသများရှိ ပြည်သူများ အားလုံး စာတတ်မြောက်ရေးဟူသော နိုင်ငံတော်ဝန်ကြီးချုပ်၏ လမ်းညွှန်မှုအရ အခြေခံစာတတ် မြောက်ရေးလုပ်ငန်း ခရိုင်အဆင့် နည်းပြဆင့်ပွားသင်တန်း ဖွင့်ပွဲအခမ်းအနား ကျင်းပနိုင်ရေးကို အမှတ် ၁ အခြေခံပညာ အထက်တန်းကျောင်း အောင်ရတနာခန်းမ၌ ဧပြီလ ၁ ရက်နေ့တွင် ကျင်းပပြုလုပ်သွားမည်ဖြစ်ကြောင်း သိရသည်။

ထို့နောက် တက်ရောက်လာကြသော ဌာနဆိုင်ရာအကြီးအကဲများက အခြေခံစာတတ်မြောက်ရေးလုပ်ငန်း ခရိုင်အဆင့် နည်းပြဆင့်ပွားသင်တန်း ကျင်းပနိုင်ရေး သင်တန်းသားဦးရေနှင့် သင်ကြားရမည့် နေရာကိစ္စများအား ညှိနှိုင်းစည်းဝေးခဲ့ကြကြောင်း သိရသည်။

မြို့နယ်(ပြန်/ဆက်)