သာယာဝတီ မတ် ၃၁
ပဲခူးတိုင်းဒေသကြီး၊ သာယာဝတီခရိုင်၊ သာယာဝတီမြို့နယ်အတွင်း နွေစပါးစိုက်ခင်းများတွင် မျိုးကွဲပယ်ခြင်း၊ ပေါင်းနုတ်သမန်းနှိုးခြင်း၊ ပိုးမွှားကျရောက်မှု ရှိ/မရှိ စစ်ဆေးခြင်းကို သာယာဝတီမြို့နယ် အုပ်ချုပ်ရေးမှူးမှ ယနေ့နံနက် ၇ နာရီခန့်က ကွင်းဆင်းကြည့်ရှု အားပေးခဲ့ကြောင်း သိရသည်။
အဆိုပါ ကွင်းဆင်းစစ်ဆေးရာတွင် မြို့နယ်အုပ်ချုပ်ရးမှူး ဦးဆန်းဟိုက သင်တောရိုးအုပ်စုအတွင်းရှိ နွေစပါးစိုက်ခင်းများအတွင်း နွေစပါးများအား စနစ်တကျ စိုက်ပျိုးနိုင်ရေး၊ မျိုးကွဲများကင်းစင်ရေး၊ ပိုးမွှားများကျရောက်မှု မရှိစေရေးနှင့် ပေါင်းမြက်များ ရှင်းလင်းခြင်း တို့ကို နွေစပါးစိုက် တောင်သူများနှင့်ပူးပေါင်း၍ ကွင်းဆင်းဆောင်ရွက်ကြောင်း သိရသည်။
ထို့နောက် သင်တောရိုးကျေးရွာအုပ်စုအတွင်းရှိ တောင်သူလယ်သမားများ၏ ရေမြေနှင့်ကိုက်ညီသော နွေစပါးမျိုးစေ့ထုတ်လုပ်နိုင်လျှင် အခြားဒေသများမှ မျိုးစပါးများဝယ်ယူပို့ဆောင်ရေး စရိတ်သက်သာ၍ အဆင်ပြေချောမွေ့စေရန်၊ တောင်သူများလိုအပ်သည့်အချိန်တွင် ဈေးနှုန်းသက်သာပြီး လွယ်ကူအဆင်ပြေစေရန်နှင့် မျိူးစေ့ထုတ် သောတောင်သူ ကိုယ်တိုင်များလည်း မျိုးကောင်း/မျိုးသန့်များ ထုတ်လုပ်နိုင်လျှင် ဈေးနှုန်းမြင့်များ ရရှိလာမည်ဖြစ်ကြောင်း မြို့နယ်အုပ်ချုပ်ရေးမှူး ဦးဆန်းဟိုကပြောကြားခဲ့ကြောင်း သိရသည်။
ခရိုင်(ပြန်/ဆက်)