၂၀၂၄ ခုနှစ်၊ မြန်မာ့ရိုးရာမဟာသင်္ကြန်ပွဲတော် စည်ကားသိုက်မြိုက်စွာကျင်းပနိုင်ရေး လုပ်ငန်းညှိနှိုင်းအစည်းအဝေးကျင်းပ

ပဲခူး မတ် ၃၁ 

ပဲခူးတိုင်းဒေသကြီးအစိုးရအဖွဲ့ရုံး၊ တော်ဝင်ဟံသာ အစည်းအဝေးခန်းမ၌ ယမန်နေ့ မွန်းလွဲပိုင်းက ၂၀၂၄ ခုနှစ်၊ မြန်မာ့ရိုးရာ မဟာသင်္ကြန်ပွဲတော် စည်ကားသိုက်မြိုက်စွာ ကျင်းပနိုင်ရေး လုပ်ငန်း ညှိနှိုင်းအစည်းအဝေး ကျင်းပပြုလုပ်ခဲ့သည်။         

ရှေးဦးစွာ တိုင်းဒေသကြီး ဝန်ကြီးချုပ် ဦးမျိုးဆွေဝင်းက ပဲခူးတိုင်းဒေသကြီးအတွင်း ရှေးရိုးရာ အစဉ်အလာမပျက် ကျင်းပသည့်ပွဲတော်များ ရာသီအလိုက်ရှိပြီး ဒေသခံပြည်သူများ၏ ပူးပေါင်း ပါဝင်မှုဖြင့် စည်ကားသိုက်မြိုက်စွာ ကျင်းပနိုင်ခဲ့သည့် အလေ့အထကောင်းများအတိုင်း ယခုနှစ် တွင်လည်း မဟာသင်္ကြန်ပွဲတော်ကိုလည်း စည်ကားသိုက်မြိုက်စွာ ကျင်းပပြုလုပ်သွားမည်ဖြစ် ကြောင်း၊ သင်္ကြန်နှင့် ယိမ်း ခွဲခြားလို့ မရသလို ယိမ်းပြိုင်ပွဲများအတွက် ပထမ၊ ဒုတိယ၊ တတိယ၊ စတုတ္ထ၊ ပဉ္စမဆုနှင့် နှစ်သိမ့်ဆုအပါအဝင် စုစုပေါင်း ကျပ်သိန်း (၁၆၀)ဖြင့် ထိုက်ထိုက်တန်တန် ဆုချီးမြှင့်ပေးသွားမှာဖြစ်ကြောင်း၊ မြန်မာ့ရိုးရာမဟာသင်္ကြန်ပွဲတော်တွင် ပါဝင်ဆင်နွှဲသူများ အားလုံးကို ဌာနဆိုင်ရာမဏ္ဍပ် (၁၈)ခုမှ နေ့စဉ်စတုဒသာကျွေးမွေးခြင်းများအပြင် ကလေးများ အတွက် ရေလွှာလျှောစီးများလည်း ထည့်သွင်းပေးသွားမှာဖြစ်ကြောင်း၊ ဖျော်ဖြေရေးနှင့် ပတ်သက်၍ နိုင်ငံကျော် အဆိုတော်များဖြင့် ထည့်သွင်းပေးသွားမှာဖြစ်ပြီး သီးခြားဧည့်ခံရေး ယိမ်းအဖွဲ့များဖြင့်လည်း ပါဝင်သွားမှာဖြစ်ကြောင်း၊ သင်္ကြန်ကာလအတွင်း ယာဉ်မတော်တဆ ဖြစ်ပွားမှုမရှိစေရေး သက်ဆိုင်ရာဌာနများမှ စနစ်တကျထိန်းသိမ်းဆောင်ရွက်ရန် လိုအပ်ကြောင်း၊ ဆေးရုံများတွင် အရေးပေါ်ဌာနများ၌ လိုအပ်သည့် ဆေးဝါးများ ကြိုတင်ပြင်ဆင်ထားရန် လိုအပ် ကြောင်း၊ မြန်မာနှစ်ဆန်း()ရက်နေ့တွင် ဇီဝိတဒါန ငါးလွှတ်ပွဲ၊ သက်ကြီးဘိုးဘွား ပူဇော်ကန်တော့ပွဲများအပြင် နှစ်ဦးတရားဓမ္မသဘင်ပွဲများကိုလည်း အစဉ်အလာမပြတ် ထည့်သွင်းကျင်းပသွားမည်ဖြစ်ကြောင်း၊ မဟာသင်္ကြန်ပွဲတော်ကာလအတွင်း လုံခြုံရေးအထူးဂရုပြု ဆောင်ရွက်ကြရန်နှင့် ၂၀၂၄ ခုနှစ်၊ မြန်မာရိုးရာယဉ်ကျေးမှု မဟာသင်္ကြန်ပွဲတော် အောင်မြင်စွာ ကျင်းပနိုင်ရေး အားလုံးပူးပေါင်းဆောင်ရွက်ကြစေလိုကြောင်း ပြောကြားခဲ့သည်။  

ထို့နောက် တက်ရောက်လာသည့် အစိုးရအဖွဲ့ဝင်ဝန်ကြီးများနှင့် တိုင်းဒေသကြီးအဆင့် ဌာနဆိုင်ရာများက ဗဟိုမဏ္ဍပ်ဆောက်လုပ်ခြင်း၊ ရေကစားမဏ္ဍပ်ဆောက်လုပ်ခြင်း၊ ခေတ်ပေါ် တေးဂီတ ဖျော်ဖြေခြင်း၊ ယိမ်းပြိုင်ပွဲကျင်းခြင်း၊ ဆုချီးမြှင့်ခြင်းနှင့် စတုဒိသာကျွေးမွေးခြင်းစသည့် လုပ်ငန်းကော်မတီအလိုက် အသီးသီးတင်ပြဆွေးနွေးခဲ့ရာ တိုင်းဒေသကြီး ဝန်ကြီးချုပ်က လိုအပ် သည်များ ဖြည့်စွက်လမ်းညွှန်မှာကြားခဲ့သည်။  

ပဲခူးတိုင်းဒေသကြီးအစိုးရအဖွဲ့၏ ဦးဆောင်မှုဖြင့် ၂၀၂၄ ခုနှစ် မြန်မာ့ရိုးရာမဟာသင်္ကြန်ပွဲတော်တွင် ရပ်ကွက်/ကျေးရွာအုပ်စု ပြိုင်ပွဲဝင်ယိမ်းအဖွဲ့(၁၃)ဖွဲ့၊ ဌာနဆိုင်ရာ ပြိုင်ပွဲဝင်ယိမ်းအဖွဲ့ ()ဖွဲ့၊  ဧည့်ခံဖျော်ဖြေရေး သီးခြားယိမ်းအဖွဲ့ ()ဖွဲ့အပြင် မြို့တွင်း၌ သင်္ကြန်ကားဖြင့် ယိမ်းအဖွဲ့နှင့် တေးဂီတအဖွဲ့များက လိုက်လံဖျော်ဖြေတင်ဆက်ပေးမည်ဖြစ်ကြောင်း သတင်းရရှိသည်။

သက်ဖြိုးကြိုင် (ပြန်/ဆက်)