သတင်းများ

မလှိုင်မြို့နယ်၌ လျှပ်စစ်ဝါယာကြိုးအပူရှိန်လွန်ကဲပြီး မီးလောင်မှုဖြစ်ပွား
Mar 30,2024
မန္တလေးတိုင်းဒေသကြီး၊ မလှိုင်မြို့၊ အမှတ်(၄)ရပ်ကွက်၊ နယ်မြေ(၄)ရှိ လပြည့်ကုန်စုံဆိုင်၌ ယနေ့နံနက် ၈ နာရီ ၃၉ မိနစ်အချိန်တွင် လျှပ်စစ်ဝါယာကြိုးအပူရှိန်လွန်ကဲပြီး မီလောင်းမှုဖြစ်ပွားခဲ့ကြောင်း သိရသည်။
ကချင်ပြည်နယ်ဝန်ကြီးချုပ် ကချင်ပြည်နယ်နှင့် မြစ်ကြီးနားမြို့၏ အမှတ် (၁) အခြေခံပညာအထက်တန်းကျောင်း ရာပြည့်ပွဲတော်သို့ တက်ရောက်၍ မုခ်ဦး၊ ကမ္ဗည်းကျောက်စာတိုင်များ ဖွင့်လှစ်၊ ကျောင်းသားဟောင်းကြီးများနှင့်အတူ မနောအက စုပေါင်းဆင်နွှဲ
Mar 30,2024
ကချင်ပြည်နယ်နှင့် မြစ်ကြီးနားမြို့၏ ပညာရေးသမိုင်းတွင် သက်တမ်းအရှည်ကြာဆုံးဖြစ်သည့် အမှတ်(၁) အခြေခံပညာအထက်တန်းကျောင်း၏ (၁၉၂၃ ခုနှစ်မှ ၂၀၂၃ ခုနှစ်အထိ) နှစ် (၁၀၀) ပြည့် ရာပြည့်ပွဲတော်ကို ကျောင်းသားဟောင်းများ စုပေါင်း၍ (၂)ရက်တာ စည်ကားသိုက်မြိုက်စွာ ကျင်းပပြုလုပ်လျက်ရှိရာ ယနေ့ နံနက် ၇ နာရီက ပြည်နယ်ဝန်ကြီးချုပ် ဦးခက်ထိန်နန်သည် ကျောင်းသားဟောင်းများနှင့်အတူတကွ ရာပြည့်ပွဲတော်ကို ပါဝင်ဆင်နွှဲခဲ့ကြသည်။
နိုင်ငံတော်ဩဝါဒါစရိယ ဒေါက်တာဘဒ္ဒန္တဓမ္မသီရိ နဂါးနှစ်ကောင်ဆရာတော်ဘုရားကြီး၏ ဥတုဇရုပ်ကလာပ်တော်အား ထီးဖြူတော်ဖွင့်လှစ်ပူဇော်ခြင်းအခမ်းအနား ကျင်းပ
Mar 30,2024
ရှမ်းပြည်နယ် (အရှေ့ပိုင်း)၊ တာချီလိတ်မြို့၊ ဆန်ဆိုင်း(က)ရပ်ကွက်၊ နဂါးနှစ်ကောင်ပရိယတ္တိ စာသင်တိုက်၏ ဦးစီးပဓာန နာယကဆရာတော် နိုင်ငံတော်ဩဝါဒစရိယ၊ အဘိဓဇမဟာရဌဂုရု၊ အဘိဓဇအဂ္ဂမဟာသဒ္ဓမ္မဇောတိက၊ အဂ္ဂမဟာပဏ္ဍိတ၊ အဂ္ဂမဟာသဒ္ဒမ္မဇောတိကဓဇ ဒေါက်တာ ဘဒ္ဒန္တဓမ္မသီရိ ဆရာတော်ဘုရားကြီး၏ ဥတုဇရုပ်ကလာပ်တော်အား ထီးဖြူတော်ဖွင့်လှစ် ပူဇော်ခြင်း အခမ်းအနားကို ယနေ့ နံနက် (၉) နာရီက အဆိုပါ ကျောင်းတိုက်၌ ကျင်းပပြုလုပ်သည်။
ဓနုဖြူမြို့နယ်၌ သဘာဝပတ်ဝန်းကျင်ထိန်းသိမ်းရေးဆိုင်ရာ သင်တန်းပို့ချခြင်း ဖွင့်ပွဲအခမ်းအနား ကျင်းပ
Mar 30,2024
ဧရာဝတီတိုင်းဒေသကြီး၊ မအူပင်ခရိုင်၊ ဓနုဖြူမြို့နယ်တွင် သမဝါယမနှင့်ကျေးလက်ဖွံ့ဖြိုးရေးဝန်ကြီးဌာန၊ ကျေးလက်ဒေသဖွံ့ဖြိုးတိုးတက်ရေးဦးစီးဌာနနှင့် ထိုင်းနိုင်ငံ၊ လူထုဖွံ့ဖြိုးရေး ဦးစီးဌာန၊ မဲခေါင်-လန်ချန်းပူးပေါင်းဆောင်ရွက်မှု ထောက်ပံ့ရန်ပုံငွေဖြင့် ကျေးလက်ဒေသရှိ အခြေခံအိမ်ထောင်စုများ၏ အသက်မွေးဝမ်းကျောင်းမြှင့်တင်ရေးစီမံကိန်းတွင် စိုက်ပျိုးရေး၊ မွေးမြူရေးလုပ်ငန်းဆောင်ရွက်မည့် အခြေခံအိမ်ထောင်စုများနှင့် ကျေးရွာကော်မတီဝင်တို့အား သဘာဝပတ်ဝန်းကျင်ထိန်းသိမ်းရေးဆိုင်ရာ သင်တန်းပို့ချခြင်း ဖွင့်ပွဲအခမ်းအနားကို ယနေ့နံနက် ၉နာရီအချိန်က အုန်းပင်ကွင်းကျေးရွာအုပ်စု၊ ရိုးကြီးကျေးရွာရှိ ရွှေဘုံသာဓမ္မရိပ်သာ ကျောင်းတိုက်၌ ကျင်းပပြုလုပ်သည်။
တပ်ကုန်းမြို့နယ်၌ ကြက်သွန်စိုက်ခင်းများ အောင်မြင်ဖြစ်ထွန်းပြီး ဈေးကောင်းရရှိ
Mar 30,2024
ပြည်ထောင်စုနယ်မြေ၊ နေပြည်တော်ဥတ္တရခရိုင်၊ တပ်ကုန်းမြို့နယ်အတွင်းရှိ တောင်သူများ ဆည်ရေသောက်စနစ်ဖြင့် စပါးများကို အဓိကစိုက်ပျိုးကြသည့်အပြင် အခြားဝင်ငွေရရှိသည့် သီးနှံများကိုလည်း စိုက်ပျိုးရောင်းချ၍ မိသားစုစားဝတ်နေရေးအတွက် ဆောင်ရွက်လျက်ရှိရာ ယခုနှစ် ကြက်သွန်စိုက်ပျိုးချိန်တွင် သွင်းအားစုနှင့် ကုန်ကျမှုစရိတ်ကြီးမြင့်ကြောင်း၊ ကြက်သွန်တစ်ဧကလျှင် မျိုးစေ့သုံးပြည် ပျိုးထောင်ရကြောင်း၊ ပျိုးပင်သက်တမ်း ရက် ၃၀ မှ ၄၅ အတွင်း စိုက်ကွက်တွင် ပြောင်းရွေ့စိုက်ပျိုးရကြောင်း၊ ပျိုးပင်သက်တမ်းရက်ကျော်လွန်လျှင် ကြက်သွန်ဥ ကြီးထွားမှုနည်းပါးကြောင်း၊ မျိုးစေ့ဖိုး၊ ပျိုးနုတ်စရိတ်၊ ပြောင်းရွှေ့စိုက်စရိတ်၊ ထယ်ရေးထွန်ရေး မြေပြင်စရိတ်၊ ရေသွင်းစရိတ်၊ ပေါင်းမြက်ရှင်းလင်းစရိတ်၊ မှိုသတ်ဆေး၊ အပင်အားတိုးဆေး၊ မြေဩဇာစသည့်သွင်းအားစုကုန်ကျစရိတ် ၁၅သိန်းကျော် ကုန်ကျကြောင်း၊ ကြက်သွန်သီးနှံသည် စိုက်ပျိုး ပြီး သုံးလအကြာတွင် တူးဖော်ရောင်းချနိုင်ကြောင်း၊ မြေအမျိုးအစားအပေါ်မူတည်၍ တစ်ဧကလျှင် ကုန်ချိန် ၂၅၀၀ မှ ၃၅၀၀ထိ ထွက်ရှိနိုင်ကြောင်း၊ ယနေ့ပွဲစားဈေးတစ်ပိဿာလျှင် ၁၅၀၀ ကျပ်ရောင်းချရသဖြင့် ကြက်သွန်စိုက်တောင်သူများ လုပ်ငန်းအဆင်ပြေကြောင်း  ကြက်သွန်စိုက်တောင်သူထံမှ သိရသည်။
ကျောက်ဆည်မြို့နယ်တွင် အင်ဂျင်ပါဝါသုံး (၆)တန်းသွား လက်ဆွဲကောက်စိုက်စက်ဖြင့် နွေစပါးများ စမ်းသပ်စိုက်ပျိုးခြင်း သရုပ်ပြ
Mar 30,2024
မန္တလေးတိုင်းဒေသကြီး၊ ကျောက်ဆည်ခရိုင်၊ ကျောက်ဆည်မြို့နယ်တွင် အင်ဂျင်ပါဝါသုံး (၆)တန်းသွား လက်ဆွဲကောက်စိုက်စက်ဖြင့် နွေစပါးစမ်းသပ်စိုက်ပျိုးခြင်း သရုပ်ပြအခမ်းအနားကို ယနေ့နံနက်ပိုင်းက ကျောက်ဆည်ခရိုင်၊ စက်မှုလယ်ယာဦးစီးဌာနတွင် ကျင်းပပြုလုပ်ခဲ့ကြောင်းသိရသည်။
ပေါက်ခေါင်းမြို့နယ် ငှက်တော်ဦးကျေးရွာ၌ မီးကြွင်းမီးကျန်မှတစ်ဆင့် နေအိမ် (၂) လုံး မီးလောင်ဆုံးရှုံး
Mar 30,2024
ပဲခူးတိုင်းဒေသကြီး၊ ပေါက်ခေါင်းမြို့နယ်၊ ငှက်တော်ဦးကျေးရွာတွင် ယမန်နေ့ညနေ (၆) နာရီ အချိန်ခန့်က မီးကြွင်းမီးကျန်မှတစ်ဆင့် နေအိမ် (၂) လုံး မီးလောင်ဆုံးရှုံးခဲ့ကြောင်း သိရသည်။
သာစည်မြို့နယ်တွင် နွေစပါးဧက (၄၂၀) လျာထားစိုက်ပျိုးလျက်ရှိ
Mar 30,2024
မန္တလေးတိုင်းဒေသကြီး၊ သာစည်မြို့နယ်၌ ၂၀၂၃-၂၀၂၄ ခုနှစ်တွင် နွေစပါးဧက (၄၂၀) ကို လျာထားစိုက်ပျိုး လျက်ရှိကြောင်း မြို့နယ်စိုက်ပျိုးရေးဦးစီးဌာန ဦးစီးမှူး ဒေါ်ဌေးဌေးထံမှ သိရသည်။