သာစည်မြို့နယ်တွင် နွေစပါးဧက (၄၂၀) လျာထားစိုက်ပျိုးလျက်ရှိ

သာစည် မတ် ၃၀

မန္တလေးတိုင်းဒေသကြီး၊ သာစည်မြို့နယ်၌ ၂၀၂၃-၂၀၂၄ ခုနှစ်တွင် နွေစပါးဧက (၄၂၀) ကို လျာထားစိုက်ပျိုး လျက်ရှိကြောင်း မြို့နယ်စိုက်ပျိုးရေးဦးစီးဌာန ဦးစီးမှူး ဒေါ်ဌေးဌေးထံမှ သိရသည်။

လျာထားဧက (၄၂၀) ၌ မင်းလှကန်ရေသောက်ဧရိယာ ဘိုကုန်း၊ မြို့မ၊ မင်းလှနှင့် ဇီးပင်ပေါက်ကွင်းများတွင် ဧက (၃၀၀) နှင့် စမုံရေထိန်းတမံ ရေသောက်ဧရိယာ သာဂရကွင်းတွင် ဧက (၁၂၀) ဖြစ်ကြောင်းသိရသည်။ မင်းလှကန်  ရေသောက်ဧရိယာ၌ လျာထား သောဧက (၃၀၀) တွင်ဧက (၁၀၀) ကို နိုင်ငံ့စီးပွား မြှင့်တင်ရေးရန်ပုံငွေဖြင့် ဆောင်ရွက်မည် ဖြစ်ကြောင်းနှင့် နွေစပါးပန်းတိုင်အထွက်နှုန်း ရရှိရေးအတွက် GW18 စပါးမျိုးများ စိုက်ပျိုးကြောင်းသိရသည်။ စမုံရေထိန်းတမံ ရေသောက်ဧရိယာ သာဂရကွင်းတွင် စိုက်ပျိုးမည့် ဧက (၁၂၀) ကို ရက်ကိုးဆယ်စပါးမျိုးများ စိုက်ပျိုးလျက်ရှိကြောင်း သိရသည်။

သာစည်မြို့နယ်တွင် ယခင်နှစ်က နွေစပါးကို ဧက (၁၇၀) လျာထားစိုက်ပျိုးနိုင်ခဲ့ပြီး ယခုနှစ်တွင် ပိုမိုလျာထား ဆောင်ရွက်လျက်ရှိကြောင်း သိရသည်။

မြို့နယ်(ပြန်/ဆက်)