ပေါက်ခေါင်း မတ် ၃၀
ပဲခူးတိုင်းဒေသကြီး၊ ပေါက်ခေါင်းမြို့နယ်၊ ငှက်တော်ဦးကျေးရွာတွင် ယမန်နေ့ညနေ (၆) နာရီ အချိန်ခန့်က မီးကြွင်းမီးကျန်မှတစ်ဆင့် နေအိမ် (၂) လုံး မီးလောင်ဆုံးရှုံးခဲ့ကြောင်း သိရသည်။
ဖြစ်စဉ်မှာ ငှက်တော်ဦးကျေးရွာနေ ဒေါ်ဆယ် (၇၆) နှစ်သည် နေအိမ်မီးဖိုတွင် ရေနွေးအိုးတည်ထားပြီး ရွာထဲသို့သွားနေစဉ် အဆိုပါမီးဖိုမီးကြွင်းမီးကျန်မှ သက်ကယ်မိုး၊ ထရံကာ နေအိမ် (၂) လုံးနှင့် ဝက် (၂) ကောင် မီးလောင်ကျွမ်းခဲ့ခြင်းဖြစ်သည်။
မီးလောင်မှုဖြစ်ပွားရာသို့ မြို့နယ်မီးသတ်ဦးစီးမှူး ဦးမျိုးသူအောင်ဦးစီးသော တပ်ဖွဲ့ဝင်များက မီးသတ်ယာဉ်(၂)စီးဖြင့်ငြှိမ်းသတ်ခဲ့ရာ ညနေ(၆)နာရီခွဲအချိန်ခန့်တွင်မီးငြိမ်းသွားခဲ့ပြီး မီးအားပေါ့ဆစွာအသုံးပြုသည့် ဒေါ်ဆယ်အား ပေါက်ခေါင်းမြို့မရဲစခန်းက အမှုဖွင့်အရေးယူဆောင်ရွက်လျက်ရှိကြောင်း သိရသည်။
မြို့နယ်(ပြန်/ဆက်)