သတင်းများ

ရှမ်းပြည်နယ် ရင်းနှီးမြုပ်နှံမှုကော်မတီ (၃/၂၀၂၃) ကြိမ်မြောက်အစည်းအဝေး ကျင်းပ
Apr 24,2024
ရှမ်းပြည်နယ် ရင်းနှီးမြှုပ်နှံမှုကော်မတီ၏ (၃/၂၀၂၃) ကြိမ်မြောက်အစည်းအဝေးကို ယနေ့နံနက် (၁၀) နာရီက တောင်ကြီးမြို့ ရှမ်းပြည်နယ်အစိုးရရုံး အစည်းအဝေးခန်းမ၌ ကျင်းပသည်။
သံဃာအပါး (၅၀၀) ဆွမ်းဆန်စိမ်း လောင်းလှူပူဇော်ပွဲသို့ တိုင်းဒေသကြီးဝန်ကြီးချုပ် ဦးမျိုးဆွေဝင်းနှင့်ဇနီး တက်ရောက်ကြည်ညို
Apr 24,2024
ပဲခူးမြို့၊ ဆုတောင်းပြည့်ရွှေမော်ဓောစေတီတော်မြတ်ကြီး၏ ရင်ပြင်တော်ပေါ်တွင် ဧပြီလ (၂၃) ရက်နေ့ ညနေပိုင်းအချိန်က သံဃာအပါး (၅၀၀) အား ဆွမ်းဆန်စိမ်းလောင်းလှူပူဇော်ပွဲ ကျင်းပပြုလုပ်ခဲ့ရာ တိုင်းဒေသကြီးဝန်ကြီးချုပ် ဦးမျိုးဆွေဝင်းနှင့်ဇနီး ဒေါ်စိုးစိုးသက်တို့မှ တက်ရောက်လောင်းလှူကြည်ညိုခဲ့သည်။
ဆင်ပေါင်ဝဲမြို့နယ်တွင် လေပွေတိုက်ခတ်မှုကြောင့် လူနေအိမ်များ အမိုးလန်ပျက်စီး
Apr 24,2024
မကွေးတိုင်းဒေသကြီး၊ အောင်လံခရိုင်၊ ဆင်ပေါင်ဝဲမြို့နယ် သငှားကျေးရွာအုပ်စု၊ သငှားကျေးရွာတွင် ယမန်နေ့ ညနေ ၅ နာရီခွဲအချိန်က လေပွေတိုက်ခတ်မှုကြောင့် လူနေအိမ် (၁၃) လုံး၊ စာသင်ကျောင်း (၁) ကျောင်းနှင့် ဘုန်းကြီးကျောင်း (၁) ကျောင်း အမိုးလန်ပျက်စီးခဲ့သည်။
ဘိုကလေးမြို့နယ်ရှိ စက်သုံးဆီအရောင်းဆိုင်များတွင် မီးဘေးလုံခြုံရေး အသိပညာပေး ဟောပြော၍ မီးငြိမ်းသတ်နည်း သရုပ်ပြဆောင်ရွက်
Apr 24,2024
ပူပြင်းခြောက်သွေ့သော နွေရာသီရောက်ရှိလာပြီဖြစ်သဖြင့် မီးလောင်မှုမဖြစ်ပွားစေရေးနှင့် မီးဘေး တားဆီးကာကွယ်နိုင်စေရေးတို့ကို ရည်ရွယ်ကာ ဧရာဝတီတိုင်းဒေသကြီး၊ ဖျာပုံခရိုင်၊ ဘိုကလေးမြို့နယ်၊ မီးသတ်ဦးစီးဌာနမှ ယမန်နေ့ ဧပြီ(၂၃)ရက် ညနေပိုင်း၌ ဘိုကလေးမြို့နယ်ရှိ စက်သုံးဆီ အရောင်းဆိုင်များတွင် ဆီအရောင်းဆိုင်ပိုင်ရှင်များနှင့် ဆိုင်ဝန်ထမ်းများအား မီးဘေးလုံခြုံရေး အသိပညာပေးဟောပြောပွဲနှင့် မီးငြိမ်းသတ်နည်းလက်တွေ့သရုပ်ပြ ဆောင်ရွက်ခဲ့သည်။
မိုင်းရယ်မြို့နယ်တွင် လေပြင်းတိုက်ခတ်မှုကြောင့် ပျက်စီးဆုံးရှုံးခဲ့သည့် အိမ်ထောင်စုများအား ကယ်ဆယ်ရေးပစ္စည်းများ ထောက်ပံ့
Apr 24,2024
ရှမ်းပြည်နယ်(မြောက်ပိုင်း)၊ မိုင်းရယ်မြို့နယ်တွင် ဧပြီလ ၁၆ ရက်နှင့် ၁၉ ရက်နေ့များတွင် လေပြင်းတိုက်ခတ်မှုများကြောင့် ပျက်စီးဆုံးရှုံးခဲ့သည့် အိမ်ထောင်စုများအား ကယ်ဆယ်ရေးပစ္စည်းများ ထောက်ပံ့ပေးအပ်ခြင်းကို ယနေ့နံနက် ၁၁ နာရီက မြို့နယ်အထွေထွေအုပ်ချုပ်ရေးဦးစီးဌာန၊ အစည်းအဝေးခန်းမ၌ ပြုလုပ်သည်။
မိုင်းရယ်မြို့ လူထုအခြေပြုဗဟိုဌာနတွင် လူငယ်ရေးရာအသိပညာပေးဟောပြောပွဲ ကျင်းပ
Apr 24,2024
ရှမ်းပြည်နယ်(မြောက်ပိုင်း)၊ မိုင်းရယ်မြို့နယ် ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာနက ပြည်သူများအတွက် အသိပညာရေးလုပ်ငန်းများကို စဉ်ဆက်မပြတ်ဆောင်ရွက်ပေးလျက်ရှိရာ လူငယ်ရေးရာအသိပညာပေးဟောပြောပွဲကို ယနေ့ မွန်းလွဲ ၁ နာရီက ပြည်သူ့စာကြည့်တိုက်ခန်းမ၌ ပြုလုပ်သည်။
နေပြည်တော်ကောင်စီဝင် ဦးမြင့်စိုး ပုဗ္ဗသီရိမြို့နယ်၊ အမှတ် (၃) အခြေခံပညာအထက်တန်းကျောင်း၌ နွေရာသီ ကွန်ပျူတာ၊ အင်္ဂလိပ်စာ၊ ယဉ်ကျေးလိမ္မာနှင့် ပန်းချီသင်တန်းများ ဖွင့်ပွဲအခမ်းအနား တက်ရောက်
Apr 24,2024
ပြည်ထောင်စုနယ်မြေ၊ နေပြည်တော်၊ ပုဗ္ဗသီရိမြို့နယ်၊ အမှတ် (၃) အခြေခံပညာ အထက်တန်း ကျောင်း၌ နွေရာသီ ကွန်ပျူတာ၊ အင်္ဂလိပ်စာ၊ ယဉ်ကျေးလိမ္မာနှင့် ပန်းချီသင်တန်းများ ဖွင့်ပွဲ အခမ်းအနား ယနေ့နံနက်ပိုင်းတွင် အဆိုပါကျောင်း၌ ကျင်းပရာ နေပြည်တော်ကောင်စီဝင် ဦးမြင့်စိုး၊ နေပြည်တော်အဆင့်ဌာနဆိုင်ရာများ၊ ခရိုင်/မြို့နယ် ပညာရေးမှူးများ၊ ကျောင်းအုပ်ဆရာမကြီးနှင့် ဆရာ/ဆရာမများ၊ ယဉ်ကျေးလိမ္မာသင်တန်း တက်ရောက်မည့် သင်တန်းသား/ သင်တန်းသူများ တက်ရောက်ကြသည်။
ပင်းတယမြို့ လူထုအခြေပြုဗဟိုဌာန (Community Centre)ခန်းမ၌ ဉာဏစွမ်းရည်ပြိုင်ပွဲ ကျင်းပ
Apr 24,2024
ရှမ်းပြည်နယ်တောင်ပိုင်း၊ ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာန၊ ဓနုကိုယ်ပိုင်အုပ်ချုပ်ခွင့်ရ ဒေသအဆင့်ရုံး(ပင်းတယ) လူထုအခြေပြုဗဟိုဌာန(Community Centre)ခန်းမတွင် နွေရာသီကျောင်းပိတ်ရက် အားလပ်ရက်တွင် ကလေးများအတွက် ဉာဏ်ရည်မြှင့်မားစေရန် ရည်ရွယ်၍ ဉာဏစွမ်းရည်ပြိုင်ပွဲအား ယမန့်နေ့က ကျင်းပပြုလုပ်ခဲ့ကြောင်း သိရသည်။