သတင်းများ

မြောင်းမြမြို့တွင် ရေစီးရေလာကောင်းမွန်စေရေး ရေမြောင်းတူးဖော်ခြင်းလုပ်ငန်းများဆောင်ရွက်
May 16,2026
ဧရာဝတီတိုင်းဒေသကြီး၊ မြောင်းမြခရိုင်၊ မြောင်းမြမြို့တွင် မြို့သန့်ရှင်းသာယာလှပစေရေးနှင့် ဖွံ့ဖြိုးတိုးတက်စေရေးအတွက် ဒေသဖွံ့ဖြိုးရေးလုပ်ငန်းများကို တာဝန်ရှိသူများက အချိန်နှင့်တစ်ပြေးညီဆောင်ရွက်လျက်ရှိရာ မြရတနာရပ်ကွက်နှင့် နဝရတ်လမ်းမကြီးတစ်လျှောက်တွင် မိုးတွင်းကာလ ရေကြီး၊ ရေလျှံမှုမဖြစ်ပေါ်စေရေးအတွက် ရေမြောင်းတူးဖော်ခြင်းလုပ်ငန်းများကို မြို့နယ်စည်ပင်သာယာရေးအဖွဲ့နှင့် ရပ်ကွက်နေပြည်သူများက ပူးပေါင်း၍ ယနေ့နံနက်ပိုင်းက ဆောင်ရွက်ခဲ့ကြောင်း သိရသည်။
ပုံပါကျင်မြို့ လူထုအခြေပြုဗဟိုဌာန (Community Centre) ခန်းမ၌ ပုံပြင်ပြောပြိုင်ပွဲနှင့် ကဗျာရွတ်ဆိုပြိုင်ပွဲများ ကျင်းပ
May 16,2026
 ရှမ်းပြည်နယ်(အရှေ့ပိုင်း)၊ မိုင်းဆတ်ခရိုင်၊ ပုံပါကျင်မြို့ ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာနသည် ကျောင်းသား၊ ကျောင်းသူများ ဉာဏ်ရည်၊ ဉာဏ်သွေး ထက်မြက်စေရန်နှင့် အချိန်ကိုအကျိုးရှိစွာ အသုံးချတတ်စေရန် ရည်ရွယ်၍ ယမန်နေ့ မွန်းလွဲ (၂)နာရီက အဆိုပါရုံးရှိ လူထုအခြေပြုဗဟိုဌာန (Community Centre) ခန်းမ၌ ကျင်းပပြုလုပ်ပေးခဲ့ကြောင်း သိရသည်။
ပွင့်ဖြူမြို့နယ်၌ ယခုနှစ် မိုးသီးနှံစိုက်ပျိုးရာသီတွင် မြေပဲ (၆၀၆၁) ဧက လျာထားစိုက်ပျိုးမည်
May 16,2026
မကွေးတိုင်းဒေသကြီး၊ ပွင့်ဖြူမြို့နယ်တွင် ယခုနှစ် မိုးသီးနှံစိုက်ပျိုးရာသီ၌ ဆီထွက်သီးနှံမြေပဲ (၆၀၆၁) ဧက လျာထားစိုက်ပျိုးသွားမည်ဖြစ်ကြောင်း ပွင့်ဖြူမြို့နယ်စိုက်ပျိုးရေးဦးစီးဌာနမှ သိရသည်။
မော်လမြိုင်မြို့နယ်၌ ရက် ၁၀၀ စီမံချက်ဖြင့် သားဖွားသင်တန်းကျောင်းတွင် လူငယ်စကားဝိုင်း ကျင်းပ
May 16,2026
နိုင်ငံ၏ အနာဂတ်တာဝန်များကို ပခုံးပြောင်းထမ်းဆောင်ကြမည့် လူငယ်လူရွယ်လေးများအနေဖြင့် အသိဉာဏ်ပညာဗဟုသုတများ ပြည့်စုံကြွယ်ဝပြီး ကာယ၊ ဉာဏ၊ စာရိတ္တ၊ မိတ္တ၊ ဘောဂ စသည့်ဗလငါးတန် ဘက်စုံဖွံ့ဖြိုးတိုးတက်စေရေးအတွက် ရည်ရွယ်၍ ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာနနှင့် သားဖွားသင်တန်းကျောင်း(မော်လမြိုင်)တို့ ပူးပေါင်းပြီး ရက် ၁၀၀ စီမံချက်ဖြင့် လူငယ်စကားဝိုင်းဆွေးနွေးပွဲကို ယမန်နေ့က သားဖွားသင်တန်းကျောင်း၌ ကျင်းပခဲ့သည်။
ကျောင်းစာကြည့်တိုက်များ ဖွံ့ဖြိုးတိုးတက်ရေးစာကြည့်တိုက် ပညာသင်တန်းဒုတိယနေ့ ဆက်လက် သင်ကြားလျက်ရှိ
May 16,2026
ဧရာဝတီတိုင်းဒေသကြီး၊ မြောင်းမြခရိုင်၊ အိမ်မဲမြို့နယ်၊ ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာန (Community Centre) ခန်းမတွင် ကျောင်းစာကြည့်တိုက်များ ဖွံ့ဖြိုးတိုးတက်ရေး စာကြည့်တိုက်ပညာသင်တန်းဒုတိယနေ့ကို ယနေ့နံနက် (၉) နာရီအချိန်တွင် ဆက်လက်သင်ကြားလျက်ရှိကြောင်း သိရသည်။
မော်လမြိုင်မြို့၌ ရက် (၁၀၀) စီမံချက်ဖြင့် နိုင်ငံသားစိစစ်ရေးကတ်ပြားနှင့် UID ကတ်ပြားများ ဆောင်ရွက်ပေး
May 16,2026
မွန်ပြည်နယ်၊ မော်လမြိုင်မြို့နယ် လူဝင်မှုကြီးကြပ်ရေးနှင့်ပြည်သူ့အင်အားဝန်ကြီးဌာန၊ မြို့နယ်ဦးစီးမှူးရုံးမှ ဝန်ထမ်းများက ရက် (၁၀၀) စီမံချက်ဖြင့် နိုင်ငံသားစိစစ်ရေးကတ်ပြားနှင့် UID ကတ်ပြားများ ဆောင်ရွက်ပေးခြင်းကို ယမန်နေ့က မြို့နယ်ဦးစီးမှူးရုံး၌ ဆောင်ရွက်သည်။
မချမ်းဘောမြို့ လူထုအခြေပြုဗဟိုဌာနရက်၌ ၁၀၀ စီမံချက် ကွန်ပျူတာပန်းချီပြိုင်ပွဲ ကျင်းပ
May 16,2026
ကချင်ပြည်နယ်၊ ပူတာအိုခရိုင်၊ မချမ်းဘောမြို့တွင် ပြည်သူ့အစိုးရသစ် ရက် ၁၀၀ စီမံချက် လူငယ်များဗလငါးတန်ဖွံ့ဖြိုးရေး ကွန်ပျူတာပန်းချီပြိုင်ပွဲကို AAMON Computer Training Centre နှင့် ပူးပေါင်း၍ ယနေ့နံနက် (၉)နာရီက လူထုအခြေပြုဗဟိုဌာန (Community Centre) ခန်းမ၌ ကျင်းပခဲ့သည်။ 
ပုံပါကျင်မြို့၊ လူထုအခြေပြုဗဟိုဌာန (Community Centre) ခန်းမ၌ အသိပညာ‌ပေး ဟောပြောပွဲနှင့် နံရံကပ်စာ‌စောင်ပြပွဲ ကျင်းပဆောင်ရွက်
May 16,2026
ရှမ်းပြည်နယ်(အရှေ့ပိုင်း)၊ မိုင်းဆတ်ခရိုင်၊ ပုံပါကျင်မြို့၊ ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာနရှိ လူထုအခြေပြုဗဟိုဌာန (Community Centre) ခန်းမ၌ အသိပညာပေး ဟောပြောပွဲကို ယမန်နေ့မွန်းလွဲ (၁) နာရီက ကျင်းပပြုလုပ်ခဲ့ကြောင်း သိရသည်။