Skip to main content
Toggle navigation
Search
Search
Main navigation
မူလစာမျက်နှာ
သတင်းများ
အမြို့မြို့အနယ်နယ်သတင်းများ
ဝေးလံခေါင်ဖျားဒေသသတင်းများ
သတင်းဗီဒီယို
စာအုပ်စာစောင်များ
ပြည်သူ့စာကြည့်တိုက်
သတင်းများ
Breadcrumb
Home
>
ရေနံချောင်းမြို့နယ်၌ မြစ်ကမ်းပြိုဘေးအန္တရာယ်ကြောင့် ကြိုတင်ပြောင်းရွှေ့ အိမ်ထောင်စုများအား ထောက်ပံ့ငွေများပေးအပ်
Sep 17,2025
မကွေးတိုင်းဒေသကြီး၊ ရေနံချောင်းမြို့နယ်၌ ဧရာဝတီမြစ်ရေတိုက်စားမှုကြောင့် ကမ်းပြိုဘေးအန္တရာယ် ကျရောက်နိုင်သည့်အတွက် ကျမ်းကိုင်ကျွန်းကျေးရွာအုပ်စုနှင့် ပင်းဝကျေးရွာအုပ်စုတို့မှ ကြိုတင်ပြောင်းရွှေ့ခဲ့ကြသည့် အိမ်ခြေ ၁၂ လုံးနှင့် အိမ်ထောင်စုဝင်များအား ယနေ့နံနက်ပိုင်းက မြို့နယ်အထွေထွေအုပ်ချုပ်ရေးဦးစီးဌာန အစည်းအဝေးခန်းမ၌ ထောက်ပံ့ငွေများပေးအပ်သည်။
အပြည့်အစုံ ဖတ်ရန်
ဒလမြို့နယ်၌ ၂၀၂၅-၂၀၂၆ ခုနှစ် မိုးစပါးဓာတ်မြေဩဇာကြဲပက်ခြင်း ကွင်းသရုပ်ပြပွဲနှင့် တောင်သူများအား ဓာတ်မြေဩဇာပေးအပ်ပွဲ အခမ်းအနားကျင်းပ
Sep 17,2025
ရန်ကုန်တိုင်းဒေသကြီး၊ တွံတေးခရိုင်၊ ဒလမြို့နယ်၌ ၂၀၂၅-၂၀၂၆ ခုနှစ် မိုးစပါးဓာတ်မြေဩဇာကြဲပက်ခြင်း ကွင်းသရုပ်ပြပွဲနှင့် တိုင်းဒေသကြီး အစိုးရအဖွဲ့အစီအစဉ်ဖြင့် ဖြန့်ဖြူးသော နိုင်ငံ့စီးပွားပြင်ပတောင်သူများအား ဓာတ်မြေဩဇာပေးအပ်ပွဲအခမ်းအနားကို ယနေ့နံနက် (၈) နာရီ အချိန်က ရဲချောင်းဝကျေးရွာအုပ်စု၊ ဒလ-ဓနုတ်ကားလမ်းမဘေးတွင် ကျင်းပပြုလုပ်ခဲ့သည်။
အပြည့်အစုံ ဖတ်ရန်
သုံးခွမြို့နယ်တွင် Online Sale ရောင်းချခြင်းနှင့် စပ်လျဥ်း၍ ကွင်းဆင်းစစ်ဆေးခြင်း ဆောင်ရွက်
Sep 17,2025
ရန်ကုန်တိုင်းဒေသကြီး သန်လျင်ခရိုင် သုံးခွမြို့နယ်တွင် Online Sale ရောင်းချခြင်းနှင့် စပ်လျဥ်း၍ မှတ်ပုံတင်လျှောက်ထားသည့် အမှတ် (၂၉) တပင်ရွှေထီးလမ်း(၂)ရပ်ကွက်ရှိ မိုးကောင်းအီလက်ထရောနစ် ပစ္စည်းများကို စားသုံးသူရေးရာဦးစီးဌာနမှ ယမန်နေ့နံနက် ၁၀ ခွဲက ကွင်းဆင်းစစ်ဆေးခဲ့ကြောင်း သိရသည်။
အပြည့်အစုံ ဖတ်ရန်
ချမ်းမြသာစည်မြို့နယ်တွင် စာဖတ်ရှိန်မြှင့်တင်ရေးအသိပညာပေးဟောပြောပွဲ၊ နံရံကပ်စာစောင် ပြပွဲ၊ နယ်လှည့် စာကြည့်တိုက် ကွင်းဆင်းဆောင်ရွက်
Sep 17,2025
မန္တလေးတိုင်းဒေသကြီး၊ ချမ်းမြသာစည်မြို့နယ် ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာနသည် ကျောင်းသားလူငယ်များ အသိပညာဗဟုသုတတိုးတက်စေရန်၊ဗလငါးတန်နှင့်ပြည့်စုံပြီး စာပေဗဟုသုတလေ့လာဖတ်ရှုလာစေရန်နှင့် ကျောင်းစာကြည့်တိုက်များ ဖွံ့ဖြိုးတိုးတက်လာစေရန်ရည်ရွယ်၍ နံရံကပ်စာစောင်ပြပွဲနှင့် နယ်လှည့်စာကြည့်တိုက်ကို (၆၁) လမ်းနှင့် စိန်ပန်းလမ်းထောင့်ရှိ အမှတ် (၃) အခြေခံပညာအထက်တန်းကျောင်း(ခွဲ)တွင် စက်တင်ဘာ ၁၇ ရက်နေ့ နံနက် ၉ နာရီက ကွင်းဆင်း ဆောင်ရွက်ခဲ့သည်။
အပြည့်အစုံ ဖတ်ရန်
ရန်ကုန်တိုင်းဒေသကြီးအစိုးရအဖွဲ့ ဝန်ကြီးချုပ် ဦးစိုးသိန်းနှင့် ဝန်ကြီးများ သုံးခွမြို့နယ် ဒေသဖွံ့ဖြိုးရေးလုပ်ငန်းများအား ကွင်းဆင်းကြည့်ရှုစစ်ဆေး
Sep 17,2025
ရန်ကုန်တိုင်းဒေသကြီးအစိုးရအဖွဲ့ ဝန်ကြီးချုပ် ဦးစိုးသိန်းနှင့်အဖွဲ့သည် ရန်ကုန်တိုင်းဒေသကြီး သန်လျင်ခရိုင် သုံးခွမြို့နယ်အတွင်းရှိ ဒေသဖွံ့ဖြိုးရေးလုပ်ငန်းများအား ယမန်နေ့ ညနေ ၃ နာရီအချိန်က ကွင်းဆင်းကြည့်ရှုစစ်ဆေးခဲ့ကြောင်း သိရသည်။
အပြည့်အစုံ ဖတ်ရန်
မြဝတီမြို့ အမှတ်(၁) အခြေခံပညာအထက်တန်းကျောင်း(ခွဲ)၌ မီးဘေးအန္တရာယ် ကြိုတင်ကာကွယ်ရေးဇာတ်တိုက်လေ့ကျင့်မှု သရုပ်ပြပွဲ ကျင်းပ
Sep 17,2025
ကရင်ပြည်နယ်၊ မြဝတီမြို့၊ ခရိုင်မီးသတ်ဦးစီးဌာနမှ အမှတ်(၁)ရပ်ကွက်ရှိ အမှတ်(၁) အ ခြေခံပညာ အထက်တန်းကျောင်း(ခွဲ)တွင် မီးဘေးအန္တရာယ် ကြိုတင်ကာကွယ်ရေးဇာတ်တိုက် လေ့ကျင့်မှု သရုပ်ပြပွဲကို စက်တင်ဘာ ၁၇ ရက်နေ့ နံနက် ၉ နာရီက ပြုလုပ်ခဲ့သည်။
အပြည့်အစုံ ဖတ်ရန်
မန္တလေးတိုင်းဒေသကြီး ဝန်ကြီးချုပ် ဦးမျိုးအောင် သုမင်္ဂလာဈေး (ညံတောဈေး) တည်ဆောက်ရေးစီမံကိန်းနှင့် ဆင်လမ်းရေလှောင်တမံရေပိုလွှဲ (၂) ပေမြှင့်တင်ခြင်း လုပ်ငန်းများသို့ ကွင်းဆင်းစစ်ဆေး
Sep 17,2025
မန္တလေးတိုင်းဒေသကြီး ဝန်ကြီးချုပ် ဦးမျိုးအောင်သည် တိုင်းဒေသကြီးအစိုးရအဖွဲ့ဝင်ဝန်ကြီးများ လိုက်ပါပြီး စက်တင်ဘာ၁၆ရက် မွန်းလွဲပိုင်းက သုမင်္ဂလာဈေး (ညံတောဈေး) တည်ဆောက်ရေးစီမံကိန်းနှင့် ဆင်လမ်းရေလှောင်တမံရေပိုလွှဲ (၂) ပေ မြှင့်တင်ခြင်းလုပ်ငန်းများသို့ ကွင်းဆင်းစစ်ဆေးသည်။
အပြည့်အစုံ ဖတ်ရန်
ပွင့်ဖြူမြို့နယ်တွင် ယခုနှစ် ဆောင်းသီးနှံစိုက်ပျိုးရာသီ၌ ငရုပ်ခြောက် ၁၂၈၅ ဧက လျာထားစိုက်ပျိုးမည်
Sep 17,2025
မကွေးတိုင်းဒေသကြီး၊ ပွင့်ဖြူမြို့နယ်တွင် ယခုနှစ် ဆောင်းသီးနှံစိုက်ပျိုးရာသီ၌ ငရုပ်ခြောက် ၁၂၈၅ ဧက လျာထားစိုက်ပျိုးသွားမည်ဖြစ်ကြောင်း ပွင့်ဖြူမြို့နယ် စိုက်ပျိုးရေးဦးစီးဌာနမှ သိရသည်။
အပြည့်အစုံ ဖတ်ရန်
Pagination
First page
« First
Previous page
‹‹
…
Page
522
Page
523
Page
524
Page
525
Current page
526
Page
527
Page
528
Page
529
Page
530
…
Next page
››
Last page
Last »
Copyright 2020
Information and Public Relation Department