သတင်းများ

တနင်္သာရီမြို့နယ်၌ မြန်မာအီလက်ထရောနစ်မဲပေးစက် (MEVM) ကိုင်တွယ်အသုံးပြုနည်းဆိုင်ရာ သင်တန်းဖွင့်လှစ်
Aug 21,2025
တနင်္သာရီတိုင်းဒေသကြီး၊ မြိတ်ခရိုင်၊ တနင်္သာရီမြို့နယ်တွင် မြန်မာအီလက်ထရောနစ်မဲပေးစက် (MEVM) ကိုင်တွယ်အသုံးပြုနည်းဆိုင်ရာသင်တန်းကို ဩဂုတ်လ (၂၁) ရက် နံနက် (၉) နာရီက အ.ထ.က(တနင်္သာရီ) ပညာရတနာခန်းမတွင် ဖွင့်လှစ်သည်။
ရေဦးမြို့နယ်၌ အာဟာရရက်သတ္တပတ်လှုပ်ရှားမှု ကျန်းမာရေး အသိပညာပေး ဟောပြောပွဲ ပြုလုပ်
Aug 21,2025
စစ်ကိုင်းတိုင်းဒေသကြီး၊ ရေဦးမြို့နယ်ပြည်သူ့ကျန်းမာရေးဦးစီးဌာန၌ ခရိုင်မိခင်နှင့်ကလေးစောင့်ရှောက်မှုကြီးကြပ်ရေးအဖွဲ့နှင့် ပြည်သူ့ကျန်းမာရေးဦးစီးဌာနတို့ ပူးပေါင်း၍ အာဟာရ ရက်သတ္တပတ်လှုပ်ရှားမှုအဖြစ် ကိုယ်ဝန်ဆောင်နှင့် နို့တိုက်မိခင်များ အာဟာရပြည့်ဝစွာ စားသောက်တတ်စေရေး အသိပညာပေး ဟောပြောပွဲကျင်းပခဲ့ကြောင်း သိရသည်။
မြိတ်မြို့တွင် နိုင်ငံ့ဝန်ထမ်း(အငြိမ်းစား) များအား  UID နံပါတ်ထုတ်ပေးခြင်းဆောင်ရွက်
Aug 21,2025
လူဝင်မှုကြီးကြပ်ရေးနှင့် ပြည်သူ့အင်အားဝန်ကြီးဌာနမှ ပြည်သူလူထုများ၏ ကိုယ်ရေးအချက်အလက်မှတ်တမ်းများကို e-IDစနစ်ဖြင့် လုပ်ငန်းစဉ်ဆက်မပြတ်ဆောင်ရွက်လျက်ရှိရာ  မြို့နယ်အတွင်းရှိ နိုင်ငံ့ဝန်ထမ်း(အငြိမ်းစား)များအား ဇီဝဆိုင်ရာအချက်အလက်ကောက်ယူခြင်းနှင့် UID နံပါတ်ထုတ်ပေးခြင်းကို ယနေ့ နံနက်ပိုင်းက မြန်မာ့စီးပွားရေးဘဏ်တွင် ဆောင်ရွက်ပေးသည်။
မင်္ဂလာဒုံမြို့နယ်တွင် အမှတ်(၂၆)အခြေခံပညာမူလတန်း(လွန်)ကျောင်း၌ ယာဉ်အန္တရာယ်၊ လမ်းအန္တရာယ်ကင်းရှင်းစေရေး အသိပညာပေးဟောပြော
Aug 21,2025
ရန်ကုန်တိုင်းဒေသကြီး၊ မင်္ဂလာဒုံခရိုင်၊ မင်္ဂလာဒုံမြို့နယ်တွင် ခရိုင်ယာဥ်အန္တရာယ်၊ လမ်းအန္တရာယ်ကင်းရှင်းရေးကော်မတီ၏လမ်းညွှန်မှုအရ ခရိုင်ကြက်ခြေနီကြီးကြပ်မှု‌ကော်မတီမှဦးဆောင်၍ ကျောင်းသား၊ ကျောင်းသူများ ယာဉ်အန္တရာယ်၊ လမ်းအန္တရာယ်ကင်းရှင်းစေရေးအတွက်အမှတ်(၂၆)အခြေခံပညာမူလတန်း (လွန်)ကျောင်းရှိခန်းမ၌ ယမန်နေ့ နံနက် ၉ နာရီက အသိပညာပေးဟောပြောသရုပ်ပြပွဲကိုပြုလုပ်ခဲ့သည်။
ထားဝယ်မြို့၌ အားကစားနှင့် လူငယ်ရေးရာအသိပညာပေးဟောပြောပွဲကျင်းပ
Aug 21,2025
တနင်္သာရီတိုင်းဒေသကြီး၊ ထားဝယ်ခရိုင် အားကစားနှင့်ကာယပညာဦးစီးဌာနနှင့် လူမှုဝန်ထမ်းဦးစီးဌာနတို့ပူးပေါင်း၍ အားကစားနှင့်လူငယ်ရေးရာ အသိပညာပေးဟောပြောပွဲကို ယနေ့နံနက်ပိုင်းက ထားဝယ်မြို့၊ ပန်းကံ့ကော်ရနံ့ကိုယ်ပိုင် အထက်တန်းကျောင်း၌ ကျင်းပခဲ့သည်။
မြောင်းမြမြို့တွင် စာဖတ်ရှိန်မြှင့်တင်ရေးလှုပ်ရှားမှု အသိပညာပေးဟောပြောပွဲနှင့် ပြပွဲ၊ ပြိုင်ပွဲများပြုလုပ်
Aug 21,2025
ဧရာဝတီတိုင်းဒေသကြီး၊ မြောင်းမြခရိုင်၊ မြောင်းမြမြို့တွင် စာဖတ်ရှိန်မြှင့်တင်ရေးလှုပ်ရှားမှု အသိပညာပေးဟောပြောပွဲနှင့်ပြပွဲ၊ ပြိုင်ပွဲများကို ယနေ့မွန်းလွဲ (၁း၀၀) နာရီအချိန်က အ.မ.က သူဌေးကုန်း (ရပ်) ကျောင်း၌ ပြုလုပ်ခဲ့ကြောင်း သိရသည်။
လမ်းမတော်မြို့နယ် အမှတ်(၂)အခြေခံပညာအထက်တန်းကျောင်း၌ အာဟာရကျွေးမွေးခြင်းဆောင်ရွက်
Aug 21,2025
ရန်ကုန်တိုင်းဒေသကြီး၊ ကျောက်တံတားခရိုင်၊ လမ်းမတော်မြို့နယ်တွင် မြို့နယ်ပြည်သူ့ကျန်းမာရေး ဦးစီးဌာနမှ KG ကျောင်းသား၊ ကျောင်းသူများအား အာဟာရကျွေးမွေးခြင်းလုပ်ငန်းကို အမှတ်(၂) အခြေခံပညာအထက်တန်းကျောင်း၌ ယမန်နေ့နံနက်က ကွင်းဆင်းဆောင်ရွက်ခဲ့ကြကြောင်း သိရသည်။
ပန်းဘဲတန်းမြို့နယ် လူထုအခြေပြုဗဟိုဌာန Community Center ခန်းမ၌ ဆေးရောင်ခြယ်ပြိုင်ပွဲကျင်းပပြုလုပ်
Aug 21,2025
ကျောက်တံတားခရိုင်၊ ပန်းဘဲတန်းမြို့နယ် ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာန လူထုအခြေပြုဗဟိုဌာန Community center ခန်းမ၌ ဩဂုတ်လ ၁၉ ရက်နေ့‌ နေ့လယ် ၁ နာရီ အချိန် က ဆေးရောင်ခြယ်ပြိုင်ပွဲကျင်းပပြုလုပ်ခဲ့သည်။