သတင်းများ

သာပေါင်းမြို့နယ် မွေးမြူရေးနှင့်ကုသရေးဦးစီးဌာနက ရက်(၁၀၀)စီမံချက်အရ “ကူးစက်ရောဂါ ကာကွယ်ထိန်းချုပ်ရေး ပညာပေးသင်တန်း”ဖွင့်လှစ်
May 16,2026
ဧရာဝတီတိုင်းဒေသကြီး၊ ပုသိမ်ခရိုင်၊ သာပေါင်းမြို့နယ် မွေးမြူရေးနှင့်ကုသရေးဦးစီးဌာနမှ ရက် (၁၀၀) စီမံချက်အရ “ကူးစက်ရောဂါကာကွယ်ထိန်းချုပ်ရေး ပညာပေးသင်တန်း” ကို မေလ ၁၅ ရက်နေ့၊နံနက် ၉ နာရီအချိန်က စတင်ဖွင့်လှစ်သင်ကြားပို့ချပေးလျက်ရှိသည်။
ကျွန်းစုမြို့နယ်၌ ရက် (၁၀၀) စီမံချက်ဖြင့် နိုင်ငံသားစိစစ်ရေးကတ်များနှင့် UID ကတ်များ ဆောင်ရွက်ပေး
May 16,2026
တနင်္သာရီတိုင်းဒေသကြီး၊ ကျွန်းစုမြို့နယ်၌ နိုင်ငံတော်အစိုးရ၏ ရက် (၁၀၀) လမင်း စီမံချက်ဖြင့် ကျောင်းသား၊ ကျောင်းသူများနှင့် ပြည်သူများအား နိုင်ငံသားစိစစ်ရေးကတ်များနှင့် UID ကတ်များကို ယမန်နေ့က အ.ထ.က ကတ္တလူကျောင်း၌ ဆောင်ရွက်ပေးခဲ့ကြောင်း သိရသည်။
ပုလောမြို့နယ်၌ ၂၀၂၆-၂၀၂၇ ဘဏ္ဍာရေးနှစ် ဒေသန္တရစီမံကိန်းတာဝန်ပေးအပ်ပွဲ အခမ်းအနားကျင်းပ
May 16,2026
တနင်္သာရီတိုင်းဒေသကြီး၊ မြိတ်ခရိုင်၊ ပုလောမြို့နယ် စီမံကိန်းရေးဆွဲရေးဦးစီးဌာန၏ လုပ်ငန်းများဖြစ်သည့် ၂၀၂၆-၂၀၂၇ ဘဏ္ဍာရေးနှစ်၊ ဒေသန္တရစီမံကိန်းတာဝန် ပေးအပ်ပွဲအခမ်းအနားကို ယမန်နေ့ နံနက်ပိုင်းက ပုလောမြို့နယ်ခန်းမတွင် ကျင်းပပြုလုပ်သည်။
ဧရာဝတီတိုင်းဒေသကြီးဝန်ကြီးချုပ် ဦးအေးကျော် ကန်ကြီးထောင့်မြို့နယ်ရှိ အမှတ်(၅)ဓာတ်မြေဩဇာစက်ရုံလည်ပတ်နိုင်ရေးဆောင်ရွက်ထားရှိမှုများ ကြည့်ရှုစစ်ဆေး
May 16,2026
ဧရာဝတီတိုင်းဒေသကြီးအစိုးရအဖွဲ့ဝန်ကြီးချုပ် ဦးအေးကျော်သည် အစိုးရအဖွဲ့ဝင်ဝန်ကြီးများ၊ ဌာနဆိုင်ရာများနှင့်အတူ ယမန်နေ့နံနက်ပိုင်းက ကန်ကြီးထောင့်မြို့နယ်ရှိ အမှတ် (၅)  ဓာတ်မြေဩဇာစက်ရုံသို့သွားရောက်၍ ဝန်ထမ်းများနှင့်တွေ့ဆုံခဲ့ပြီး စက်ရုံလည်ပတ်နိုင်ရေး ဆောင်ရွက်ထားရှိမှု အခြေအနေများအား လှည့်လည်ကြည့်ရှုစစ်ဆေးခဲ့သည်။
စလင်းမြို့နယ်တွင် ကော်ဖီသီးနှံတိုးချဲ့စိုက်ပျိုးနိုင်ရေးအတွက် ကော်ဖီပျိုးပင်များ အခမဲ့ ထောက်ပံ့ပေးအပ်ပွဲ
May 16,2026
မကွေးတိုင်းဒေသကြီး၊ မင်းဘူးခရိုင်၊ စလင်းမြို့နယ် စိုက်ပျိုးရေးဦးစီးဌာနမှ ၂၀၂၆-၂၀၂၇ ခုနှစ် ကော်ဖီသီးနှံတိုးချဲ့စိုက်ပျိုးရေးအတွက် ကော်ဖီပျိုးပင်များ‌ အခမဲ့ထောက်ပံ့ပေးအပ်ပွဲ ကို ယမန်နေ့နံနက် (၁၀) နာရီခွဲအချိန်က မြို့နယ်စိုက်ပျိုးရေးဦးစီးဌာနရုံးတွင် ကျင်းပသည်။
ပြည်ကြီးတံခွန်မြို့နယ်၌ နိုင်ငံတော်အစိုးရ၏ ရက် (၁၀၀) လမင်းစီမံချက်ဖြင့် နိုင်ငံသား စိစစ်ရေးကတ်ပြားနှင့် UID ကတ်များ ထုတ်ပေးခြင်းများ ဆောင်ရွက်
May 16,2026
မန္တလေးတိုင်းဒေသကြီး၊ ပြည်ကြီးတံခွန် မြို့နယ်၊ (ဆ)ရပ်ကွက်၊ ၁၂၈ လမ်း၊ ၆၂×၆၃ လမ်းကြားရှိ မြို့နယ်လူဝင်မှုကြီးကြပ်‌ရေးနှင့်ပြည်သူ့အင်အားဝန်ကြီးဌာန ဦးစီးမှူးရုံးအတွင်း နိုင်ငံတော်အစိုးရ၏ ရက် (၁၀၀) လမင်းစီမံချက်ဖြင့် နိုင်ငံသားစိစစ်ရေးကတ်ပြားနှင့် UID ကတ်များ ထုတ်ပေးခြင်းကို ယမန်နေ့ နေ့လယ် ၁ နာရီ ၄၅ မိနစ်အချိန်က ဆောင်ရွက်သည်။
ညောင်ဦးမြို့နယ်၌ အစိုးရသစ်၏ ရက်(၁၀၀)စီမံချက်ဖြင့် အိမ်သုံးမီတာများတပ်ဆင်ပေး
May 16,2026
လျှပ်စစ်နှင့်စွမ်းအင်ဝန်ကြီးဌာန၊ မန္တလေးလျှပ်စစ်ဓာတ်အားကော်ပိုရေးရှင်း၏ လမ်းညွှန်မှု ညွှန်ကြားမှုများနှင့်အတူ ညောင်ဦးမြို့နယ်အတွင်းရှိ ရပ်ကွက်၊ ကျေးရွာများသို့ မီးသုံးလိုသူ ပြည်သူလူထုမှလျှောက်ထားလာသည့် သတ်မှတ်ချက်နှင့် ပြည့်စုံသောအိမ်သုံးမီတာနှင့် ပါဝါမီတာများကို ဌာန၏စည်းမျဉ်းစည်းကမ်းချက်များနှင့်အညီ အစိုးရသစ်၏ ရက် (၁၀၀) စီမံချက်ဖြင့် အိမ်သုံးလျှပ်စစ်မီတာများ တပ်ဆင်ပေးလျှက်သော ရပ်ကွက်၊ ကျေးရွာများသို့ မေ ၁၆ ရက်၊ နံနက် ၈ နာရီခွဲအချိန်က ညောင်ဦးမြို့နယ် လျှပ်စစ်မန်နေရာနှင့်အဖွဲ့ကွင်းဆင်း စစ်ဆေးခဲ့ကြောင်းသိရသည်။
ဒဂုံမြို့သစ်(တောင်ပိုင်း)မြို့နယ်၌ Biometric ကောက်ယူခြင်းနှင့် UID ကတ်ဆောင်ရွက်ပေး
May 16,2026
ရန်ကုန်တိုင်းဒေသကြီး၊ ဒဂုံမြို့သစ်ခရိုင်၊ ဒဂုံမြို့သစ်(တောင်ပိုင်း)မြို့နယ်တွင် (Biometric Data) ကောက်ယူ၍ UID ကတ်ဆောင်ရွက်ပေးခြင်းလုပ်ငန်းကို ယမန်နေ့နံနက် ၁၀ နာရီက ဒဂုံမြို့သစ်(တောင်ပိုင်း)မြို့နယ်၊ ၁၈ ရပ်ကွက်၊ ပုလဲကျွန်းလမ်းရှိ ရွှေစေတီဝိစာရဓမ္မရိပ်သာကျောင်းတိုက်၌ ပြုလုပ်ပေးကြောင်း သိရသည်။