သတင်းများ

နေပြည်တော်ကောင်စီဝင် ဦးခင်မောင်လတ် ဒက္ခိဏသီရိမြို့နယ်အတွင်း စုပေါင်းသန့်ရှင်းရေးဆောင်ရွက်နေမှုများအား ကြည့်ရှုအားပေး   
May 17,2026
နေပြည်တော်ကောင်စီဝင် ဦးခင်မောင်လတ်သည် ဒက္ခိဏသီရိမြို့နယ်စီမံခန့်ခွဲရေးနှင့် အုပ်ချုပ်ရေးကော်မတီဥက္ကဋ္ဌ ဦးနိုင်ဝင်းနှင့် တာဝန်ရှိသူများနှင့်အတူ ယမန်နေ့က ဒက္ခိဏသီရိမြို့နယ်အတွင်း သန့်ရှင်းသာယာလှပစေရေးအတွက် ဌာနဆိုင်ရာများစု‌ပေါင်း၍ သန့်ရှင်း‌ရေး ဆောင်ရွက်‌နေမှုများကို ကြည့်ရှုအားပေးသည်။
ရှမ်းပြည်နယ်ဝန်ကြီးချုပ် ဦးစိုင်းထိန်စိုး နမ့်စန်မြို့နယ်တွင် တောင်သူများကို မိုးသီးနှံအတွက် မျိုးစေ့နှင့်မြေဩဇာများ ပေးအပ်
May 17,2026
ရှမ်းပြည်နယ်တောင်ပိုင်း နမ့်စန်ခရိုင်  နမ့်စန်မြို့နယ်တွင် တောင်သူများကို မိုးသီးနှံအတွက် မျိုးစေ့နှင့် မြေဩဇာ ထောက်ပံ့ပေးအပ်ခြင်းနှင့် ပဲပုတ်သီးနှံစံပြကွက် ကွင်းသရုပ်ပြပွဲကို မေ ၁၆ ရက် က နမ့်စန်ကျေးရွာအုပ်စု ဝမ်ပုံကျေးရွာရှိ တောင်သူဦးစိုင်းနော်မိန်း၏ လယ်ကွက်တွင် ကျင်းပသည်။
လွိုင်ကော်မြို့၌ ၂၀၂၆ ခုနှစ် မိုးရာသီစိုက်ပျိုးစရိတ် ချေးငွေထုတ်ချေးခြင်းနှင့် NPL ကြွေးကျန်တိုးတက်ကောက်ခံရရှိရေး လုပ်ငန်းညှိနှိုင်းအစည်းအဝးကျင်းပ
May 16,2026
ကယားပြည်နယ်၊ မြန်မာ့လယ်ယာဖွံ့ဖြိုးရေးဘဏ်၏ ၂၀၂၆ ခုနှစ် မိုးရာသီစိုက်ပျိုးစရိတ်ချေးငွေထုတ်ချေးခြင်းနှင့် NPL ကြွေးကျန်တိုးတက်ကောက်ခံရရှိရေးအတွက် ပြည်နယ်ချေးငွေအကြံပေးအဖွဲ့ လုပ်ငန်းညှိနှိုင်းအစည်းအဝးကို မေလ ၁၄ ရက်နေ့မွန်းလွဲပိုင်းက ကယားပြည်နယ်အစိုးရအဖွဲ့ စီမံကိန်း၊ စီးပွားရေးနှင့် ဘဏ္ဍာရေးဝန်ကြီးဌာန ရုံးခန်း၌ဆောင်ရွက်သည်။
ညောင်လေးပင်မြို့၌ ကလေးအလုပ်သမားပပျောက်ရေး အသိပညာပေးဟောပြောပွဲနှင့် နံရံကပ်စာစောင်ပြသဆောင်ရွက်
May 16,2026
ပဲခူးတိုင်းဒေသကြီး၊ ညောင်လေးပင်ခရိုင်၊ ညောင်လေးပင်မြို့၌ မြို့နယ်ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာနနှင့် အခြေခံပညာဦးစီးဌာနတို့ပူးပေါင်း၍ ကလေးအလုပ်သမားပပျောက်ရေး အသိပညာပေးဟောပြောပွဲနှင့် နံရံကပ်စာစောင်ပြသဆောင်ရွက်ခြင်းကို ယမန်နေ့မွန်းလွဲ(၃)နာရီအချိန်က ဖအောင်းကျေးရွာ၊ အလယ်ရွာတောရဘုန်းကြီးကျောင်း၌ ကျင်းပပြုလုပ်ခဲ့သည်။
မကွေးတိုင်းဒေသကြီးဝန်ကြီးချုပ် ဦးတင်ကိုကို မကွေးတိုင်းဒေသကြီးကိုယ်စားပြု (U-18) အမျိုးသားဘောလုံးအသင်းအား အောင်နိုင်ရေးအလံပေးအပ်ပွဲအခမ်းအနား တက်ရောက်
May 16,2026
၂၀၂၆ ခုနှစ် တိုင်းဒေသကြီးနှင့်ပြည်နယ် အသက် (၁၈)နှစ်နှင့်အောက် အမျိုးသားဘောလုံးပြိုင်ပွဲသို့ ဝင်ရောက်ယှဉ်ပြိုင်မည့် မကွေးတိုင်းဒေသကြီး ကိုယ်စားပြုအသင်းအား အောင်နိုင်ရေးအလံပေးအပ်ပွဲအခမ်းအနားကို ယမန်နေ့မွန်းလွဲပိုင်းက မကွေးမြို့ မြို့နယ်စုပေါင်းရုံးခန်းမ၌ ကျင်းပပြုလုပ်ရာ မကွေးတိုင်းဒေသကြီးဝန်ကြီးချုပ် ဦးတင်ကိုကို၊ တိုင်းဒေသကြီးအစိုးရအဖွဲ့ဝင်ဝန်ကြီးများ၊ တိုင်းအဆင့် ဌာနဆိုင်ရာတာဝန်ရှိသူများ၊ သွားရောက်ယှဉ်ပြိုင်မည့် ပြိုင်ပွဲဝင်အားကစားသမားများ၊ အုပ်ချုပ်သူနည်းပြများ တက်ရောက်ကြသည်။
ညောင်လေးပင်မြို့နယ်၌ ဆေးလိပ်အတုထုတ်ကုန်များနှင့် အစိုးရအခွန်တံဆိပ်အတုများ အသုံးပြုမှုမရှိစေရေး ကွင်းဆင်းစစ်ဆေး
May 16,2026
ပဲခူးတိုင်းဒေသကြီး၊ ညောင်လေးပင်ခရိုင်၊ ညောင်လေးပင်မြို့နယ်၌ မြို့နယ်အတွင်းရှိ ကုန်စုံဆိုင်များတွင် ဆေးလိပ်အတုထုတ်ကုန်များနှင့် အစိုးရအခွန်တံဆိပ်အတုများ အသုံးပြုမှုမရှိစေရေးအတွက် မြို့နယ်စားသောက်ကုန်စစ်ဆေးရေးအဖွဲ့မှ တာဝန်ရှိသူများပါဝင်သော ပူးပေါင်းအဖွဲ့သည် ယမန်နေ့နံနက် (၁၀)နာရီအချိန်က ညောင်လေးပင်မြို့ပေါ်ရှိ ကုန်စုံအရောင်းဆိုင်များသို့ ကွင်းဆင်းစစ်ဆေးဆောင်ရွက်ခဲ့သည်။
လောင်းလုံးမြို့နယ်၌ ရက်(၁၀၀) စီမံချက်ဖြင့် မျိုးစေ့ချကိရိယာ (Seeder) အသုံးပြုစိုက်ပျိုးခြင်း နည်းပညာပေး သင်တန်းဖွင့်လှစ်
May 16,2026
တနင်္သာရီတိုင်းဒေသကြီး၊ ထားဝယ်ခရိုင်၊ လောင်းလုံးမြို့နယ်၊ စိုက်ပျိုးရေးဦးစီးဌာနမှ ယနေ့နံနက် ၉ နာရီအချိန်က ရက်(၁၀၀)စီမံချက်ဖြင့် မိုးစပါးစိုက်ပျိုးသော တောင်သူများအား မျိုးစေ့ချကိရိယာဖြင့် စိုက်ပျိုးခြင်း နည်းပညာပေးသင်တန်းကို ထားဝယ်ခရိုင် ဦးစီးမှူးရုံးအစည်းအဝေးခန်းမ၌ ဖွင့်လှစ်ခဲ့ရာ တောင်သူ ၄၅ ဦးတက်ရောက်သည်။
အောင်လံမြို့နယ်၌ မြစိမ်းရောင်ကျေးရွာစီမံကိန်းနှင့် ကျေးရွာဖွံ့ဖြိုးတိုးတက်ရေးလုပ်ငန်း စီမံကိန်းများ၏ ရန်ပုံငွေလွှဲပြောင်းပေးအပ်ပွဲ အခမ်းအနား ကျင်းပ
May 16,2026
မကွေးတိုင်းဒေသကြီး၊ အောင်လံမြို့နယ် ကျေးလက်ဒေသဖွံ့ဖြိုးတိုးတက်ရေးဦးစီးဌာနမှ ကြီးမှူး၍ ကျေးလက်ဒေသဖွံ့ဖြိုးတိုးတက်ရေးစီမံကိန်းများအတွက် ရန်ပုံငွေလွှဲပြောင်းပေးအပ်ပွဲ အခမ်းအနားကို ယမန်နေ့ နေ့လယ် ၃ နာရီတွင် အထွေထွေအုပ်ချုပ်ရေးဦးစီးဌာန အစည်းအဝေးခန်းမ၌ ကျင်းပပြုလုပ်သည်။