သတင်းများ

မန္တလေးတိုင်းဒေသကြီးအစိုးရအဖွဲ့ဝန်ကြီးချုပ်ဦးမျိုးအောင် မန္တလေးတိုင်းဒေသကြီး လယ်ယာမြေနှင့် အခြားမြေများ သိမ်းဆည်းခြင်းခံရမှုများ ပြန်လည်စိစစ်ရေးကော်မတီ (၄/၂၀၂၅) လုပ်ငန်းညှိနှိုင်း အစည်းအဝေးသို့ တက်ရောက်
Aug 22,2025
မန္တလေးတိုင်းဒေသကြီး လယ်ယာမြေနှင့်အခြားမြေများ သိမ်းဆည်းခြင်းခံရမှုများ ပြန်လည်စိစစ်ရေးကော်မတီ၏ (၄/၂၀၂၅) လုပ်ငန်းညှိနှိုင်းအစည်းအဝေးကို ယမန်နေ့မွန်းလွဲပိုင်းက မန္တလေးတိုင်းဒေသကြီးအစိုးရအဖွဲ့ရုံး အစည်းအဝေးခန်းမတွင်ကျင်းပရာ မန္တလေးတိုင်းဒေသကြီး လယ်ယာမြေနှင့် အခြားမြေများသိမ်းဆည်းခြင်းခံရမှုများ ပြန်လည်စိစစ်ရေးကော်မတီဥက္ကဋ္ဌ တိုင်းဒေသကြီးအစိုးရအဖွဲ့ဝန်ကြီးချုပ် ဦးမျိုးအောင်နှင့် တိုင်းဒေသကြီးလယ်ယာမြေနှင့် အခြားမြေများ သိမ်းဆည်းခြင်းခံရမှုများ ပြန်လည်စိစစ်ရေးကော်မတီအဖွဲ့ဝင်များ တက်ရောက်ကြသည်။
ပုဗ္ဗသီရိမြို့နယ်၊ ကျည်တောင်ကန်ကျေးရွာ၊ အခြေခံပညာအလယ်တန်းကျောင်း၌ လူငယ်စကားဝိုင်း ကျင်းပ
Aug 22,2025
ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာနနှင့် အခြေခံပညာဦးစီးဌာနတို့ ပူးပေါင်းကျင်းပသော လူငယ်စကားဝိုင်းဆွေးနွေးပွဲကို ယမန်နေ့နေ့လယ်ပိုင်းက ပြည်ထောင်စုနယ်မြေ၊ နေပြည်တော်၊ ပုဗ္ဗသီရိမြို့နယ် ကျည်တောင်ကန်ကျေးရွာ အခြေခံပညာအထက်တန်းကျောင်း၌ ကျင်းပသည်။
ရှမ်းပြည်နယ်ဝန်ကြီးချုပ် ဦးအောင်အောင်၊ ပအိုဝ်းကိုယ်ပိုင်အုပ်ချုပ်ခွင့်ရဒေသ ဟိုပုံးမြို့နယ် ပေါင်လင်းကျေးရွာအုပ်စု ဒေသဖွံ့ဖြိုးရေးလုပ်ငန်းများ ဆောင်ရွက်
Aug 22,2025
ရှမ်းပြည်နယ်အစိုးရအဖွဲ့ ပြည်နယ်ဝန်ကြီးချုပ် ဦးအောင်အောင်၊ ပြည်နယ်လုံခြုံရေးနှင့် နယ်စပ်ရေးရာဝန်ကြီး၊ ပအိုဝ်းကိုယ်ပိုင်အုပ်ချုပ်ခွင့်ရဒေသ ဦးစီးအဖွဲ့ဥက္ကဋ္ဌနှင့် အဖွဲ့ဝင်များ၊ ပြည်နယ်အဆင့် သက်ဆိုင်ရာဌာနများ၊ တာဝန်ရှိသူများနှင့်အတူ သြဂုတ်လ(၂၀)ရက် မွန်းလွဲ(၁)နာရီခွဲက ပအိုဝ်းကိုယ်ပိုင်အုပ်ချုပ်ခွင့်ရဒေသ ဟိုပုံးမြို့နယ် ပေါင်လင်းကျေးရွာအုပ်စု၊ ညောင်ဖြူကျေးရွာရှိ ဒေါ်လှလှမွေးမြူထားသည့် ဥစားကြက်မွေးမြူရေးခြံသို့ သွားရောက်ကွင်းဆင်းကြည့်ရှုကြကြောင်း သိရသည်။
တောင်ပိုင်းခရိုင်(၉)မြို့နယ် သုဒ္ဓမ္မာနိကာယဝိနည်းစာပြန်ပွဲ သန်လျင်၌ ကျင်းပ
Aug 22,2025
ရန်ကုန်တောင်ပိုင်းခရိုင်(၉)မြို့နယ် (၅၈) ကြိမ်မြောက် ဝိနည်းစာပြန်ပွဲကြီးကို သန်လျင်မြို့နယ်၌ (၉) ကြိမ်မြောက် အောင်မြင်စွာကျင်းပနိုင်ရေး ဩဝါဒခံယူပွဲကို ဩဂုတ် ၂၀ ရက်နေ့ မွန်းလွဲ(၂)နာရီတွင် သန်လျင်မြို့ မဟာအတုလသဒ္ဓမ္မရံသီ သာသနာ့ဗိမာန်တော်ကြီး၌ ကျင်းပသည်။
စလင်းမြို့နယ် ပြည်သူ့ကျန်းမာရေးဦးစီးဌာန အာဟာရဖွံ့ဖြိုးရေးရက်သတ္တပတ်လှုပ်ရှားမှုပြုလုပ်
Aug 22,2025
မကွေးတိုင်းဒေသကြီး မင်းဘူးခရိုင် စလင်းမြို့နယ် ပြည်သူ့ကျန်းမာရေးဦးစီးဌာန အာဟာရဖွံ့ဖြိုးရေးရက်သတ္တပတ်လှုပ်ရှားမှုအား မြို့နယ်ကျန်းမာရေးဦးစီးဌာန မိခင်နှင့်ကလေးစောင့်ရှောက်ရေးရုံး အစည်းအဝေးခန်းမဆောင်တွင် ယမန်နေ့နံနက်(၉)နာရီ ၁၅ မိနစ်အချိန်မှ စတင်ကာ ကျင်းပပြုလုပ်ဆောင်ရွက်ခဲ့ကြောင်း သိရသည်။
အင်းစိန်မြို့နယ် လူထုအခြေပြုဗဟိုဌာန၌ သဘာဝဘေးအန္တရာယ်အကြောင်းအသိပညာပေး ဟောပြောပွဲ၊ ပြိုင်ပွဲ၊ ပြပွဲများ ကျင်းပပြုလုပ်
Aug 22,2025
ရန်ကုန်တိုင်းဒေသကြီး၊ အင်းစိန်ခရိုင်၊ အင်းစိန်မြို့နယ် လူထုအခြေပြုဗဟိုဌာန(Community Centre)ခန်းမ၌ ဩဂုတ်လ ၂၀ ရက်နေ့နံနက်ပိုင်းက သဘာဝဘေး အန္တရာယ်အကြောင်းအသိပညာပေးဟောပြောပွဲ၊ မြန်မာစာ၊ အင်္ဂလိပ်စာ၊ စာဖတ်စွမ်းရည်၊ ကဗျာ၊ ပုံပြော၊ ဉာဏ်စမ်း၊ စိတ်ကြိုက်ပန်းချီပြိုင်ပွဲများ ကျင်းပပြုလုပ်ခဲ့သည်။
ထန်းတပင်မြို့နယ်၌ ကျောင်းသား၊ ကျောင်းသူများအား အသိပညာဗဟုသုတတိုးပွားစေရေးနှင့် စာဖတ်ရှိန်မြှင့်တင်ရေးအတွက် နယ်လှည့်စာကြည့်တိုက်လုပ်ငန်းများ ဆောင်ရွက်
Aug 22,2025
ရန်ကုန်တိုင်းဒေသကြီး၊ ထန်းတပင်မြို့နယ် ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာနမှ ကျောင်းသား၊ ကျောင်းသူများအား အသိပညာဗဟုသုတတိုးပွားစေရေးနှင့် စာဖတ်ရှိန်မြှင့်တင်ရေးအတွက် နယ်လှည့်စာကြည့်တိုက် ကွင်းဆင်းဆောင်ရွက်ခြင်းကို သြဂုတ်လ (၂၀) ရက်နေ့က ကျောင်းကုန်းကျေးရွာ၊ အခြေခံပညာအလယ်တန်းကျောင်း(ခွဲ)တွင် ဆောင်ရွက်ခဲ့ကြောင်း သိရသည်။
ခန္တီးမြို့၌ ဝန်ထမ်းများ စာဖတ်ဝိုင်းဆွေးနွေးပွဲပြုလုပ်
Aug 22,2025
စစ်ကိုင်းတိုင်းဒေသကြီး၊ ခန္တီးမြို့၊ ခန္တီးခရိုင် ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာနတွင် ရုံးလုပ်ငန်းများအား ပိုမိုသိရှိနားလည်လာစေရန်နှင့် လုပ်ငန်းစွမ်းဆောင်ရည် တိုးတက်မြင့်မားလာစေရန်အတွက် ဝန်ထမ်းစာဖတ်ဝိုင်းများကို အပတ်စဉ်ဆောင်ရွက်လျက်ရှိရာ ဩဂုတ်လ(၁၉)ရက်နေ့နံနက်(၁၀)နာရီအချိန်က ဝန်ထမ်းများသတင်းလုပ်ငန်းနှင့်ပတ်သက်၍ ပိုမိုသိရှိနားလည်လာပြီး ဝန်ထမ်းတိုင်းပြီးပြည့်စုံသည့် သတင်းတစ်ပုဒ်ရေးသားတတ်စေရန်ရည်ရွယ်၍ သတင်းထောက်များအတွက် ပြည်သူ့ဆက်ဆံရေး သင်ခန်းစာမှတ်စုများစာအုပ်ဖြင့် စာဝိုင်းဆွေးနွေးပွဲပြုလုပ်ခဲ့ကြသည်။