မချမ်းဘောမြို့ လူထုအခြေပြုဗဟိုဌာနရက်၌ ၁၀၀ စီမံချက် ကွန်ပျူတာပန်းချီပြိုင်ပွဲ ကျင်းပ

မချမ်းဘော မေ ၁၆

ကချင်ပြည်နယ်၊ ပူတာအိုခရိုင်၊ မချမ်းဘောမြို့တွင် ပြည်သူ့အစိုးရသစ် ရက် ၁၀၀ စီမံချက် လူငယ်များဗလငါးတန်ဖွံ့ဖြိုးရေး ကွန်ပျူတာပန်းချီပြိုင်ပွဲကို AAMON Computer Training Centre နှင့် ပူးပေါင်း၍ ယနေ့နံနက် (၉)နာရီက လူထုအခြေပြုဗဟိုဌာန (Community Centre) ခန်းမ၌ ကျင်းပခဲ့သည်။ 

ရှေးဦးစွာ ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာန ဦးစီးအရာရှိက ပြိုင်ပွဲကျင်းပပြုလုပ်ရခြင်း ရည်ရွယ်ချက်များ ပြောကြားပြီးနောက် ပြိုင်ပွဲကို ဆက်လက်ကျင်းပရာ AAMON Computer Training Centre မှ သင်တန်းသား၊ သင်တန်းသူ (၁၀)ဦးတို့က မိမိတို့ကြိုက်နှစ်သက်ရာ ရှုခင်းအလှပုံရေးဆွဲခြင်းများဖြင့် ပါဝင်ယှဉ်ပြိုင်ခဲ့ကြပြီး သင်တန်းဆရာ ဒေါ်အေးမွန်က ကွန်ပျူတာပန်းချီရေးဆွဲရာ၌ အသုံးပြုသော Tool များ စစ်ဆေးပေးခြင်း အရောင်ရွေးချယ်အသုံးပြုမှု မှန်ကန်မှုတို့ကို စစ်ဆေးပေးခဲ့ပြီး ဆုရရှိသူများကို ဆုလက်ဆောင်များ အသီးသီး ချီးမြှင့်ပေးခဲ့ကြောင်း သိရသည်။

ယောရွှေနီ(မချမ်းဘော)