မော်လမြိုင်မြို့၌ ရက် (၁၀၀) စီမံချက်ဖြင့် နိုင်ငံသားစိစစ်ရေးကတ်ပြားနှင့် UID ကတ်ပြားများ ဆောင်ရွက်ပေး

မော်လမြိုင် မေ ၁၆

မွန်ပြည်နယ်၊ မော်လမြိုင်မြို့နယ် လူဝင်မှုကြီးကြပ်ရေးနှင့်ပြည်သူ့အင်အားဝန်ကြီးဌာန၊ မြို့နယ်ဦးစီးမှူးရုံးမှ ဝန်ထမ်းများက ရက် (၁၀၀) စီမံချက်ဖြင့် နိုင်ငံသားစိစစ်ရေးကတ်ပြားနှင့် UID ကတ်ပြားများ ဆောင်ရွက်ပေးခြင်းကို ယမန်နေ့က မြို့နယ်ဦးစီးမှူးရုံး၌ ဆောင်ရွက်သည်။

ထိုသို့ ဆောင်ရွက်ရာတွင် မြို့နယ်လူဝင်မှုကြီးကြပ်ရေးနှင့်ပြည်သူ့အင်အားဝန်ကြီးဌာန မြို့နယ်ဦးစီးမှူးနှင့် ဝန်ထမ်းများက အသက် (၁၀) နှစ်နှင့်အထက် မှတ်ပုံတင်အသစ်ပြုလုပ်ပေးခြင်း၊ အသက်(၁၈)နှစ်ပြည့် မှတ်ပုံတင်လဲလှယ်ခြင်း၊ ဟောင်းနွမ်းပျက်စီး မှတ်ပုံတင်ခြင်းများကို အသစ်လဲလှယ်ပြုလုပ်ပေးခြင်းများနှင့် ဇီဝဆိုင်ရာအချက်အလက် (Biometric) ကောက်ယူခြင်းများ လုပ်ငန်းများဆောင်‌ရွက်ပေးနေမှုအား ပြည်နယ်လူဝင်မှုကြီးကြပ်ရေးနှင့်ပြည်သူ့အင်အားဝန်ကြီးဌာန ပြည်နယ်ဦးစီးမှူး ညွှန်ကြားရေးမှူး ဦးအောင်ခိုင်ဆွေနှင့် မြို့နယ်အုပ်ချုပ်ရေးမှူး ဦးအောင်ဝင်းနိုင်တို့က ကြည့်ရှုသည်။

ဆက်လက်၍ ခရိုင်ဦးစီးမှူးက ၁၉၈၂ ခုနှစ် မြန်မာနိုင်ငံသားဥပဒေပါ သိသင့်သိထိုက်သော အချက်များ၊ နိုင်ငံသားတစ်ဦး၏ အခွင့်အရေး၊ နိုင်ငံတော်အစိုးရ၏ ရက် (၁၀၀) စီမံချက်ဖြင့် ဆောင်ရွက်ပေးနေသည့် လုပ်ငန်းစဉ်များအကြောင်း၊ ကျောက်မော်ရပ်ကွက်နှင့် ကျေးရွာနေပြည်သူများအား နေ့ချင်းပြီး ဆောင်ရွက်ပေးခဲ့ခြင်း ဖြစ်ကြောင်း ပြောကြားသည်။

ခင်စန်းမြင့် (ပြန်/ဆက်)