အိမ်မဲ မေ ၁၆
ဧရာဝတီတိုင်းဒေသကြီး၊ မြောင်းမြခရိုင်၊ အိမ်မဲမြို့နယ်၊ ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာန (Community Centre) ခန်းမတွင် ကျောင်းစာကြည့်တိုက်များ ဖွံ့ဖြိုးတိုးတက်ရေး စာကြည့်တိုက်ပညာသင်တန်းဒုတိယနေ့ကို ယနေ့နံနက် (၉) နာရီအချိန်တွင် ဆက်လက်သင်ကြားလျက်ရှိကြောင်း သိရသည်။
အဆိုပါ သင်တန်းတွင် အိမ်မဲမြို့နယ် ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာန ဦးစီးအရာရှိ ဒေါ်ဌေးဌေးလှိုင်၊ ဒုတိယဦးစီးမှူး ဒေါ်စောသန္တာဦး၊ စာကြည့်တိုက် လက်ထောက်(၃) ဒေါ်အေးအေးမူတို့က စာကြည့်တိုက်လုပ်ငန်းစီမံခန့်ခွဲရေး၊ စာစုလုပ်ငန်း၊ စာပြုလုပ်ငန်း၊ မျိုးတူစု ခွဲခြားခြင်းလုပ်ငန်း၊ ကတ်တလောက်ရေးသွင်းခြင်းလုပ်ငန်းများကို စာတွေ့၊ လက်တွေ့ သင်ကြားပေးခဲ့ကြောင်းနှင့် အဆိုပါသင်တန်းတွင် မြို့နယ်အတွင်း အ-ထ-က၊ အ-ထ-က (ခွဲ) ကျောင်းများမှ ဆရာ၊ ဆရာမ(၂၅)ဦးတက်ရောက်ခဲ့ကြောင်း သိရသည်။
ထိုကဲ့သို့သင်တန်းများ ဖွင့်လှစ်သင်ကြားပေးခြင်းကြောင့် မြို့နယ်အတွင်း ကျောင်းစာကြည့်တိုက်များ ဖွံ့ဖြိုးတိုးတက်လာပြီး ကျောင်းသား/သူများ အသိပညာ ဗဟုသုတများ ပိုမိုတိုးတက်လာမည်ဖြစ်ကြောင်း သိရသည်။
ချစ်သက်လယ် (အိမ်မဲ ပြန်/ဆက်)