သတင်းများ

ညောင်ဦးခရိုင်အတွင်းရှိ ပြည်သူ ၆၄၉၁၀ ဦးကို ဇီဝဆိုင်ရာအချက်အလက် ကောက်ယူစိစစ်ခြင်းနှင့် Unique ID များ ထုတ်ပေးပြီးစီး
Apr 01,2024
မန္တလေးတိုင်းဒေသကြီး ညောင်ဦးခရိုင် လူဝင်မှုကြီးကြပ်ရေးနှင့် ပြည်သူ့အင်အားဝန်ကြီးဌာနမှ ဇီဝဆိုင်ရာအချက်အလက်ကောက်ယူစိစစ်ခြင်းနှင့် Unique ID ထုတ်ပေးခြင်းလုပ်ငန်းများနေ့စဉ် ဆောင်ရွက်လုပ်ကိုင်ပေးလျက်ရှိရာ ယနေ့အထိ ပြည်သူ ၆၄၉၁၀ ဦး၏ ဇီဝဆိုင်ရာ အချက်အလက်များ ကောက်ယူစိစစ်ပြီးပြီဖြစ်ကြောင်း သိရသည်။
ကဝမြို့နယ်၌ အမျိုးသမီးငယ်များအတွက် အ‌ခြေခံကိုယ်လုံပညာသင်တန်းဖွင့်ပွဲအခမ်းအနားကျင်းပ
Apr 01,2024
ပဲခူးတိုင်းဒေသကြီး၊ ပဲခူးခရိုင်၊ ကဝမြို့နယ်၊ အထွေထွေအုပ်ချုပ်ရေးဦးစီးဌာနအစည်းအဝေးခန်းမ၌ မြို့နယ်အမျိုးသမီးရေးရာအဖွဲ့နှင့် အားကစားနှင့်ကာယပညာဦးစီးဌာနတို့မှ ကြီးမှူးကျင်းပသော အမျိုးသမီးငယ်များအတွက် အ‌ခြေခံကိုယ်လုံပညာသင်တန်းဖွင့်ပွဲအခမ်းအနားကို ယနေ့နံနက်(၈)နာရီက ကျင်းပခဲ့သည်။
သာယာဝတီမြို့နယ်တွင် ၂၀၂၄ ခုနှစ်၊ အခြေခံစာတတ်မြောက်ရေး‌လုပ်ငန်း ခရိုင်အဆင့် နည်းပြဆင့်ပွား သင်တန်းဖွင့်ပွဲ အခမ်းအနားကျင်းပ
Apr 01,2024
ပဲခူးတိုင်းဒေသကြီး၊ သာယာဝတီခရိုင်၊ သာယာဝတီမြို့နယ်အမှတ် (၁) အခြေခံပညာ အထက်တန်းကျောင်း ပညာ့အားမာန်ခန်းမတွင် ယနေ့နံနက် (၉) နာရီက အခြေခံစာတတ်မြောက်ရေးလုပ်ငန်း ခရိုင်အဆင့် နည်းပြဆင့်ပွား သင်တန်းဖွင့်ပွဲအခမ်းအနား ပြုလုပ်ခဲ့သည်။
ပွင့်ဖြူမြို့နယ်၌ ဆောင်းသီးနှံစိုက်ပျိုးရာသီက စိုက်ပျိုးသည့် ပဲမျိုးစုံသီးနှံ ၇၂၀၁၀ ဧက ရိတ်သိမ်းခြွေလှေ့ပြီးစီးပြီဖြစ်
Apr 01,2024
မကွေးတိုင်းဒေသကြီး၊ ပွင့်ဖြူမြို့နယ်တွင် ယခုနှစ် ဆောင်းသီးနှံစိုက်ပျိုးရာသီက စိုက်ပျိုးခဲ့သည့် ပဲမျိုးစုံသီးနှံ ၇၂၀၁၀ ဧက ရိတ်သိမ်းခြွေလှေ့ပြီးစီးပြီဖြစ်ကြောင်း ပွင့်ဖြူမြို့နယ် စိုက်ပျိုးရေးဦးစီးဌာနမှ သိရသည်။
မိုင်းယောင်းမြို့နယ်တွင် ဆွမ်းဆန်တော်နှင့် နဝကမ္မအလှူတော်ငွေများ ဆက်ကပ်လှူဒါန်း
Apr 01,2024
ရှမ်းပြည်နယ်(အရှေ့ပိုင်း)၊ မိုင်းယောင်းခရိုင်၊ မိုင်းယောင်းမြို့နယ် စီမံအုပ်ချုပ်ရေးအဖွဲ့ဥက္ကဋ္ဌ မြိုနယ်အုပ်ချုပ်ရေးမှူး ဦးစိုးသက်ဆွေနှင့် အလှူရှင်များသည် ယမန်နေ့က ထေရဝါဒဗုဒ္ဓသာသနာပြု မိုင်းဟန်ကျောင်းနှင့် ဝမ်ဇလော်ကျောင်းဆရာတော်များအား ဆွမ်းဆန်တော်နှင့် နဝကမ္မအလှူတော်ငွေများကို  ဆက်ကပ်လှူဒါန်းခဲ့ကြကြောင်း သိရသည်။
တာမွေမြို့နယ်တွင် အခြေခံပန်းချီရေးဆွဲနည်းသင်တန်းဖွင့်ပွဲကျင်းပ
Apr 01,2024
ရန်ကုန်တိုင်းဒေသကြီး၊ သင်္ဃန်းကျွန်းခရိုင်၊ တာမွေမြို့နယ် အဝေရာလမ်းရှိ မြို့နယ်ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာနရုံး၊ လူထုအခြေပြုဗဟိုဌာန(Community Centre)ခန်းမ၌ ယနေ့နံနက်ပိုင်းအချိန်က အခြေခံပန်းချီရေးဆွဲနည်း(အခမဲ့)သင်တန်းဖွင့်ပွဲအခမ်းအနားကို ကျင်းပပြုလုပ်ခဲ့သည်။
နောင်ချိုမြို့နယ် သဖန်းကိုင်းပရဟိတ အကယ်ဒမီ ဝိပဿနာဓမ္မရိပ်သာ၌ အဋ္ဌမအကြိမ်မြောက် မိုးကုတ်ဝိပဿနာ(၅)ရက် တရားစခန်းဖွင့်လှစ်သွားမည်ဖြစ်
Apr 01,2024
ရှမ်းပြည်နယ်(မြောက်ပိုင်း)၊ ကျောက်မဲခရိုင်၊ နောင်ချိုမြို့နယ် သဖန်းကိုင်းပရဟိတ အကယ်ဒမီဝိပဿနာဓမ္မရိပ်သာ၌ အဋ္ဌမအကြိမ်မြောက် မဟာသတိပဌာန်မိုးကုတ်ဝိပဿနာ (၅)ရက်တရားစခန်း ဖွင့်လှစ်သွားမည်ဖြစ်ကြောင်း သဖန်းကိုင်းပရဟိတဆရာတော်ထံမှ သိရသည်။
ဆိပ်ဖြူမြို့နယ်တွင် နွေစပါးစံပြကွက်အား လက်ဆွဲကောက်စိုက်စက်ဖြင့် တောင်သူပညာပေးလုပ်ငန်း ဆောင်ရွက်
Apr 01,2024
မကွေးတိုင်းဒေသကြီး၊ ဆိပ်ဖြူမြို့နယ်၌ ‌နွေစပါးစံပြကွက်အား လက်ဆွဲကောက်စိုက်စက်ဖြင့် တောင်သူပညာပေးလုပ်ငန်းကို ယနေ့ နံနက် ၈ နာရီက မြင်ကဝကျေးရွာအုပ်စု ဆူးလေကုန်းကျေးရွာ ကွင်းအမှတ် ၁၁၂၂၊ ဦးပိုင်အမှတ် ၄၉ တောင်သူ ဦးကြည်သွင်၏ နွေစပါးစံပြ(၂)ဧက စိုက်ကွင်းတွင် ဆောင်ရွက်ခဲ့ကြောင်း သိရသည်။