မိုင်းယောင်း ဧပြီ ၁
ရှမ်းပြည်နယ်(အရှေ့ပိုင်း)၊ မိုင်းယောင်းခရိုင်၊ မိုင်းယောင်းမြို့နယ် စီမံအုပ်ချုပ်ရေးအဖွဲ့ဥက္ကဋ္ဌ မြိုနယ်အုပ်ချုပ်ရေးမှူး ဦးစိုးသက်ဆွေနှင့် အလှူရှင်များသည် ယမန်နေ့က ထေရဝါဒဗုဒ္ဓသာသနာပြု မိုင်းဟန်ကျောင်းနှင့် ဝမ်ဇလော်ကျောင်းဆရာတော်များအား ဆွမ်းဆန်တော်နှင့် နဝကမ္မအလှူတော်ငွေများကို ဆက်ကပ်လှူဒါန်းခဲ့ကြကြောင်း သိရသည်။
ရှေးဦးစွာ မြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့ဥက္ကဋ္ဌ မြိုနယ်အုပ်ချုပ်ရေးမှူး ဦးစိုးသက်ဆွေနှင့် အလှူရှင်များသည် မုန်းလိုက်ကျေးရွာအုပ်စု၊ မိုင်းဟန်ကျေးရွာ ဘုန်းတော်ကြီးကျောင်း ဆရာတော်အား ဆန် (၃) အိတ်၊ ပရိက္ခရာ (၈) ပါးအတွက် အလှူငွေကျပ် ၃၃၀၀၀၀၊ အသံမစဲမဟာပဌာန်းဖွင့်ပွဲအတွက် နဝကမ္မအလှူငွေ၊ သံဃာတော် (၃၃) ပါးအတွက် အလှူငွေကျပ် (၃၇)သိန်းနှင့် ဇိဝိတဒါန ခိုငှက်များကိုလည်းကောင်း၊ ဦးစိုင်းထွန်းမိသားစုမှ သံဃာတော်(၁၀၈)ပါးအတွက် ကျွန်းနက်ပုတီး (၁၀၈)ခုအားလည်းကောင်း လှူဒါန်းခဲ့ကြသည်။
ထို့နောက် မြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့ဥက္ကဋ္ဌ မြိုနယ်အုပ်ချုပ်ရေးမှူး ဦးစိုးသက်ဆွေနှင့် အလှူရှင်များသည် ဝမ်ဇလီလော်ကျေးရွာ ဘုန်းတော်ကြီးကျောင်းဆရာတော်အား ဆန်(၃)အိတ်အား ဆက်ကပ်လှူဒါန်းခဲ့ကြောင်း သိရသည်။
ထွန်းမြင့်လှိုင်(ပြန်/ဆက်)