ကဝ ဧပြီ ၁
ပဲခူးတိုင်းဒေသကြီး၊ ပဲခူးခရိုင်၊ ကဝမြို့နယ်၊ အထွေထွေအုပ်ချုပ်ရေးဦးစီးဌာနအစည်းအဝေးခန်းမ၌ မြို့နယ်အမျိုးသမီးရေးရာအဖွဲ့နှင့် အားကစားနှင့်ကာယပညာဦးစီးဌာနတို့မှ ကြီးမှူးကျင်းပသော အမျိုးသမီးငယ်များအတွက် အခြေခံကိုယ်လုံပညာသင်တန်းဖွင့်ပွဲအခမ်းအနားကို ယနေ့နံနက်(၈)နာရီက ကျင်းပခဲ့သည်။
ရှေးဦးစွာ အခမ်းအနားတွင် မြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့၊ ဒုတိယမြို့နယ်အုပ်ချုပ်ရေးမှူးဦးအောင်ကိုမင်းက အဖွင့်အမှာစကားပြောကြားခဲ့ပြီး အားကစားနှင့်ကာယပညာဦးစီးဌာန၊ ဦးစီးအရာရှိဦးစစ်နိုင်ဦးက သင်တန်းဖွင့်လှစ်ရခြင်း၏ရည်ရွယ်ချက်နှင့် သင်တန်းတွင်လိုက်နာရမည့်စည်းကမ်းချက်များ၊ သင်တန်းနည်းပြမှသင်ကြားပို့ချသည်များကို ဂရုတစိုက်လေ့လာမှတ်သားရန်တို့ကို ရှင်းလင်းပြောကြားခဲ့သည်။
အဆိုပါအခမ်းအနားသို့ မြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့၊ ဒုတိယမြို့နယ်အုပ်ချုပ်ရေးမှူးဦးအောင်ကိုမင်းနှင့်အဖွဲ့ဝင်များ၊ မြို့နယ်အဆင့်ဌာနဆိုင်ရာများ၊ အမျိုးသမီးရေးရာအဖွဲ့ဥက္ကဋ္ဌနှင့်အဖွဲ့ဝင်များ၊ သင်တန်းနည်းပြဆရာနှင့် သင်တန်းတက်ရောက်မည့် အမျိုးသမီးငယ်များ စုစုပေါင်း(၅၀)ဦးခန့်တက်ရောက်ခဲ့ကြပြီး သင်တန်းကာလမှာ ဧပြီလ(၁)ရက်နေ့မှ(၇)ရက်နေ့အထိ လေ့ကျင့်သင်ကြားပေးသွားမည်ဖြစ်ကြောင်း သိရသည်။
ရဲဇော်ဟိန်း(ပြန်/ဆက်)