သတင်းများ

မိုင်းခတ်မြို့၌ နွေရာသီအခြေခံအားကစားသင်တန်းဆင်းပွဲအခမ်းအနား ကျင်းပ
Apr 01,2024
ရှမ်းပြည်နယ် (အရှေ့ပိုင်း)၊ ကျိုင်းတုံခရိုင်၊ မိုင်းခတ်မြို့နယ်တွင် မြို့နယ်အားကစားနှင့် ကာယပညာဦးစီးဌာနမှ ဖွင့်လှစ်ခဲ့သော နွေရာသီအခြေခံအားကစားသင်တန်းဆင်းပွဲ အခမ်းအနားကို ယမန်နေ့မွန်းလွဲ (၁) နာရီအချိန်က မိုင်းခတ်မြို့ အားကစားခန်းမ၌ ကျင်းပပြုလုပ်သည်။
မင်းလှမြို့၌ နိုင်ငံတော်ဘွဲ့တံဆိပ်တော်ရ ဆရာတော်ကြီး (၄)ပါးတို့အား ဂုဏဝိသိဋ္ဌပူဇာ မဟာမင်္ဂလာအခမ်းအနားကျင်းပ
Apr 01,2024
မကွေးတိုင်းဒေသကြီး၊ သရက်ခရိုင်၊ မင်းလှမြို့နယ်တွင် မြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့မှ ကြီးမှူးကျင်းပသည့် နိုင်ငံတော်မှ ချီးမြှင့်သော ဘွဲ့တံဆိပ်တော်ရ ဆရာတော်(၄)ပါးတို့အား ဂုဏဝိသိဋ္ဌပူဇာမဟာ မင်္ဂလာအခမ်းအနားကို ယမန်နေ့နံနက်(၇)နာရီက မင်းလှမြို့ပေါ်၌ လှည့်လည်အပူဇော်ခံခဲ့ပြီး နံနက်(၈)နာရီတွင် မြို့နယ်ခန်းမ၌ အပူဇော်ခံမင်္ဂလာအခမ်းအနား ကျင်းပခဲ့သည်။
ကျွန်းလှ၌ နွေစပါးတိုက်ရိုက်မျိုးစေ့ချကိရိယာဖြင့် စိုက်ပျိုးနည်း ကွင်းသရုပ်ပြ
Apr 01,2024
စစ်ကိုင်းတိုင်းဒေသကြီး၊ ကန့်ဘလူခရိုင်၊ ကျွန်းလှမြို့နယ်တွင် နွေစပါးတိုက်ရိုက်မျိုးစေ့ချ ကိရိယာဖြင့် စိုက်ပျိုးနည်း ကွင်းသရုပ်ပြခြင်းကို ယနေ့နံနက် ၇ နာရီက ရှမ်းစုကျေးရွာ၊ ကွင်းအမှတ် (၄၉၆)၊ တောင်သူ ဦးသံချောင်း၏ လယ်မြေ (၅) ဧက၌ ကျင်းပကြောင်းသိရသည်။
ဆင်ပေါင်ဝဲမြို့၌ ကြွပ်ကြွပ်အိတ်သုံးစွဲမှုလျှော့ချရေး အသိပညာပေးဆောင်ရွက်
Apr 01,2024
မကွေးတိုင်းဒေသကြီး၊ အောင်လံခရိုင်၊ ဆင်ပေါင်ဝဲမြို့နယ်တွင် သဘာ၀ပတ်ဝန်းကျင်ထိန်းသိမ်းကာကွယ်ရန်နှင့် ကြွပ်ကြွပ်အိတ်အသုံးပြုမှုလျှော့ချရေး၊ ပလပ်စတစ်အိတ် ကြွပ်ကြွပ်အိတ်အစား ငှက်ပျောဖက်၊ အင်ဖက်နှင့် စက္ကူအိတ်များ အစားထိုးအသုံးပြုရေး အသိပညာ‌ပေးဆောင်ရွက်လျက်ရှိရာ ယနေ့နံနက် ၈ နာရီအချိန်က ဆင်ပေါင်ဝဲမြို့မစျေးအတွင်း ဈေးရောင်းစျေးဝယ်ပြည်သူများအား လက်ကမ်းစာစောင် ဖြန့်‌ဝေပေးခြင်း၊ ဈေးရောင်းချသူများအား ငှက်ပျောဖက်၊ အင်ဖက်နှင့် စက္ကူများ ဖြန့်ဝေပေးခြင်း ဆောင်ရွက်ခဲ့သည်။
ကလေးငယ်များနှင့် ကိုယ်ဝန်ဆောင်မိခင်များအား ကာကွယ်ဆေးထိုး၊ ဆေးတိုက်ခြင်းများ ဆောင်ရွက်ပေး
Apr 01,2024
စစ်ကိုင်းတိုင်းဒေသကြီး ကန့်ဘလူမြို့နယ်အတွင်းရှိ အသက်နှစ်နှစ်အောက်ကလေးငယ်များနှင့် ကိုယ်ဝန်ဆောင်မိခင်များအား ပုံမှန်ကာကွယ်ဆေး ထိုးနှံတိုက်ကျွေးခြင်းများကို ဧပြီ ၁ ရက်နံနက် ၉ နာရီက မြို့နယ်ကျန်းမာရေးဦးစီးဌာန မိခင်နှင့်ကလေးကျန်းမာရေးဌာန၌ စတင်ထိုးနှံပေးလျက်ရှိသည်။
ရွာငံမြို့နယ်၌ ယဉ်ကျေးလိမ္မာသင်တန်း ဖွင့်လှစ်
Apr 01,2024
ရှမ်းပြည်နယ်(တောင်ပိုင်း)၊ ဓနုကိုယ်ပိုင်အုပ်ချုပ်ခွင့်ရဒေသ၊ ရွာငံမြို့နယ်၌ ယဉ်ကျေးလိမ္မာသင်တန်းဖွင့်ပွဲကို ယနေ့နံနက် ၉ နာရီက အ.ထ.က (ရွာငံ)ပြဒါးလင်းခန်းမ၌ ကျင်းပခဲ့သည်။
ကန်ကြီးထောင့်မြို့နယ်တွင် မော်‌တော်ယာဉ်စစ်‌ဆေးခြင်းများအား စဉ်ဆက်မပျက် ဆောင်ရွက်လျက်ရှိ
Apr 01,2024
ဧရာဝတီတိုင်းဒေသကြီး၊ ပုသိမ်ခရိုင်၊ ကန်ကြီးထောင့်မြို့နယ်အတွင်းရှိ ရပ်ကွက်၊ကျေးရွာနေ ပြည်သူများ အကြမ်းဖက်သမားများဘေးရန်မှ ကင်းဝေးပြီး အေးချမ်းသာယာလုံခြုံမှုရှိစေရေးအတွက် နယ်မြေလုံခြုံရေးအဖွဲ့နှင့်ဌာနဆိုင်ရာတို့မှပူးပေါင်း၍ ယနေ့ နံနက် ၉ နာရီအချိန်ခန့်က ကန်ကြီးထောင့် မြို့အဝင်၊ ကန်ကြီးထောင့်-မာလာကုန်းလမ်းဆုံတွင် မော်‌တော်ယဉ်များ စစ်‌ဆေးခြင်း နှင့် ယာဥ်စည်းကမ်းလမ်းစည်းကမ်းစစ်ဆေးခြင်းလုပ်ငန်းများကို ဆောင်ရွက်ခဲ့ကြသည်။
အနုပညာအထက်တန်းကျောင်း(ရန်ကုန်) ၂၀၂၃-၂၀၂၄ ပညာသင်နှစ် သင်တန်းဆင်းပွဲအခမ်းအနား ကျင်းပ
Apr 01,2024
သာသနာရေးနှင့်ယဉ်ကျေးမှုဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီးဦးတင်ဦးလွင်သည် ရန်ကုန်တိုင်းဒေသကြီးဝန်ကြီးချုပ် ဦးစိုးသိန်း၊ ရန်ကုန်တိုင်းဒေသကြီးဝန်ကြီးများ၊ တာဝန်ရှိသူများနှင့်အတူ ယမန်နေ့နံနက်ပိုင်းတွင် ရန်ကုန်တိုင်းဒေသကြီး၊ ဒဂုံမြို့နယ် မြို့မကျောင်းလမ်းရှိ အမျိုးသားဇာတ်ရုံ(ရန်ကုန်)၌ကျင်းပသော အနုပညာအထက်တန်းကျောင်း(ရန်ကုန်) ၂၀၂၃-၂၀၂၄ ပညာသင်နှစ် သင်တန်းဆင်းအောင်လက်မှတ်ပေးအပ်ပွဲနှင့် စွမ်းရည်ပြပဒေသာကပွဲသို့ တက်ရောက်ချီးမြှင့်၍ ပန်းချီပန်းပုဌာနမှ သင်တန်းဆင်းကြမည့် ကျောင်းသား၊ ကျောင်းသူများ၏ လက်ရာမွန်ပန်းချီပန်းပုပြခန်းကို လှည့်လည်ကြည့်ရှုသည်။