သာယာဝတီမြို့နယ်တွင် ၂၀၂၄ ခုနှစ်၊ အခြေခံစာတတ်မြောက်ရေး‌လုပ်ငန်း ခရိုင်အဆင့် နည်းပြဆင့်ပွား သင်တန်းဖွင့်ပွဲ အခမ်းအနားကျင်းပ

သာယာဝတီ ဧပြီ ၁

ပဲခူးတိုင်းဒေသကြီး၊ သာယာဝတီခရိုင်၊ သာယာဝတီမြို့နယ်အမှတ် (၁) အခြေခံပညာ အထက်တန်းကျောင်း ပညာ့အားမာန်ခန်းမတွင် ယနေ့နံနက် (၉) နာရီက အခြေခံစာတတ်မြောက်ရေးလုပ်ငန်း ခရိုင်အဆင့် နည်းပြဆင့်ပွား သင်တန်းဖွင့်ပွဲအခမ်းအနား ပြုလုပ်ခဲ့သည်။

အခမ်းအနား၌ ခရိုင်စီမံအုပ်ချုပ်ရေးအဖွဲ့ဥက္ကဋ္ဌ ဦးစန်းဝင်းက အဖွင့်အမှာစကားပြောကြားရာတွင် အခြေခံစာတတ်မြောက်ရေးလုပ်ငန်း ရည်မှန်းချက်များဖြစ်သည့် နိုင်ငံသားများ၏ လူမှုဘဝမြင့်မားရေး၊ နိုင်ငံ့သားကောင်းအခြေခံအလေ့အကျင့်များ ပိုမိုရရှိလာစေရေး၊ လူငယ်များနှင့် သက်ကြီးစာမတတ်သူဦးရေ လျှော့ချနိုင်ရေးနှင့် လိုအပ်သောအသိပညာနှင့် ကျွမ်းကျင်မှုများ တစ်သက်တာ လေ့လာဆည်းပူးခွင့်ရရှိရေး စသည့်အချက်များအား ရှင်းလင်းပြောကြားသည်။

 အခြေခံစာတတ်မြောက်ရေးလုပ်ငန်း ခရိုင်အဆင့် နည်းပြဆင့်ပွား သင်တန်းဖွင့်ပွဲ အခမ်းအနားသို့ ခရိုင်စီမံအုပ်ချုပ်ရေးအဖွဲ့ဥက္ကဋ္ဌနှင့်အဖွဲ့ဝင်များ၊ ခရိုင်နှင့်မြို့နယ်ပညာရေးမှူးရုံးမှ ဆရာ/‌ဆရာမ များ၊ သင်တန်းနည်းပြများတက်ရောက်ကြသည်။

အဆိုပါ သင်တန်းတွင် ကြီးကြပ်ဆရာ/ဆရာမ(၁၃)ဦး၊ သင်တန်းသား/ သင်တန်းသူ (၁၁၅) ဦး တက်ရောက်ခဲ့ကြပြီး သင်တန်းကာလမှာ ဧပြီလ ၁ ရက်မှ ၃ ရက်နေ့အထိ (၃) ရက်တာ သင်တန်းပို့ချသွားမည်ဖြစ်ကြောင်း သိရသည်။

ခရိုင် (ပြန်/ဆက်)