ကြံခင်း မေ ၁၆
ဧရာဝတီတိုင်းဒေသကြီး၊ မြန်အောင်ခရိုင်၊ ကြံခင်းမြို့ရှိ ရပ်ကွက်နှင့်ဈေးများတွင် အစိုးရအခွန် တံဆိပ်အတုပြု၍ တရားဝင်မှတ်ပုံတင်ထားခြင်းမရှိသော အရည်အသွေးမြင့် ဆေးလိပ်အတုထုတ်ကုန်များ ဖြန့်ဖြူးတင်းသွင်းရောင်းချမှု ရှိ/မရှိအား ယမန်နေ့မွန်းလွဲပိုင်းက ဈေးကွက်စောင့်ကြည့် စစ်ဆေးရေး အဖွဲ့များက ကွင်းဆင်းစစ်ဆေးသည်။
ထိုသို့ဆောင်ရွက်ရာတွင် မြို့နယ်စားသုံးရေးဦးစီးဌာနမှ မြို့နယ်တာဝန်ခံ ဦးကျော်နိုင်ဝင်း၊ မြို့နယ်အခွန်ဦးစီးဌာနမှ မြို့နယ်ဦးစီးမှူး ဦးသက်နိုင်ဦး၊ မြို့နယ်ကျန်းမာရေးဌာနမှ ကျန်းမာရေးမှူး အဆင့်(၁)ဦးအေးနိုင်၊ မြို့မရဲစခန်းမှ ဒုရဲအုပ်မင်းဇော်၊ မြို့နယ်အထွေထွေအုပ်ချုပ်ရေးဦးစီးဌာနမှ ရွာသစ်ရပ်ကွက်စာရေး ဦးမျိုးသက်ထွန်း၊ မြို့နယ်စည်ပင်သာယာရေးအဖွဲ့ ဒုတိယဦးစီးမှူးတို့နှင့် အတူ ရွာသစ်ရပ်ကွက်ရှိ ကုန်မျိုးစုံရောင်းဝယ်ရေးဆိုင်များ၊ စတိုးဆိုင်များ၊ ဈေးဆိုင်များတွင် ဆေးလိပ်အတု “Mevius Original Blue” အမှတ်တံဆိပ်ထုတ်အတုနှင့် အစိုးရအခွန် တံဆိပ်အတုပြု၍ တရားဝင် မှတ်ပုံတင်ထားခြင်းမရှိသော စီးကရက်များ ဖြန့်ဖြူးတင်းသွင်းရောင်းချမှု ရှိ/မရှိကို ပူးပေါင်း၍ စစ်ဆေးခဲ့ကြကြောင်း သိရသည်။
ဖြိုးဝေလင်း(ပြန်/ဆက်)