သတင်းများ

ကျောက်ပန်းတောင်းမြို့နယ် ရွေးကောက်ပွဲကော်မရှင်အဖွဲ့ခွဲမှ (MEVM) မဲပေးစက်အသိပညာပေးခြင်းနှင့် လက်တွေ့စမ်းသပ်မဲပေးခြင်းများ သရုပ်ပြဆောင်ရွက်
Aug 22,2025
မန္တလေးတိုင်းဒေသကြီး၊ ညောင်ဦးခရိုင် ကျောက်ပန်းတောင်းမြို့နယ် မြို့နယ်ရွေးကောက်ပွဲကော်မရှင်အဖွဲ့ခွဲမှ (MEVM) မဲပေးစက်အကြောင်း အသိပညာပေးခြင်းနှင့် လက်တွေ့စမ်းသပ် မဲပေးမှု သရုပ်ပြဆောင်ရွက်ခြင်းများကို ယနေ့နံနက် ၉ နာရီခွဲက မြို့နယ်အထွေထွေအုပ်ချုပ်ရေးဦးစီးဌာနရုံး စကားဝါမြေခန်းမတွင် ပြုလုပ်ခဲ့သည်။
စစ်ကိုင်းတိုင်းဒေသကြီး တရားလွှတ်တော်၌ (၂၉) ကြိမ်မြောက် လုပ်ငန်းညှိနှိုင်းအစည်းအဝေး မှာကြားချက်များအား ထပ်ဆင့်ရှင်းလင်းပွဲကျင်းပ
Aug 22,2025
၂၀၂၅ ခုနှစ်၊ ဩဂုတ်လ ၁၂ ရက်နေ့မှ ၁၅ ရက်နေ့ထိ ကျင်းပခဲ့သည့် ပြည်ထောင်စုတရားလွှတ်တော်ချုပ်နှင့် တိုင်းဒေသကြီး/ ပြည်နယ်တရားလွှတ်တော်တရားသူကြီးချုပ်များ၊ တိုင်းဒေသကြီး/ ပြည်နယ်တရားရေးဦးစီးမှူးများ၊ ကိုယ်ပိုင်အုပ်ချုပ်ခွင့်ရ တိုင်းတရားသူကြီးများ/ ကိုယ်ပိုင်အုပ်ချုပ်ခွင့်ရဒေသတရားသူကြီးများ/ ခရိုင်တရားသူကြီးများ၏ (၂၉) ကြိမ်မြောက်လုပ်ငန်းညှိနှိုင်းအစည်းအဝေး မှာကြားချက်များအား ထပ်ဆင့်ရှင်းလင်းပွဲအခမ်းအနားကို ယနေ့နံနက်(၉)အချိန်က စစ်ကိုင်းတိုင်းဒေသကြီးတရားလွှတ်တော်အစည်းအဝေးခန်းမ၌ (Video Conferencing) ဖြင့် ကျင်းပပြုလုပ်ခဲ့ရာ တိုင်းဒေသကြီးအတွင်းရှိ တရားရေးအရာရှိ(၆၄)ဦး တက်ရောက်ခဲ့သည်။
ပြည်ကြီးတံခွန်မြို့နယ် ကံကြီးကုန်းဘုန်း‌တော်ကြီးပညာသင်ကြား‌ရေး‌ ကျောင်းတွင်ပြည်သူများအား ပန်းခင်း(၃)စီမံချက်ဖြင့် နိုင်ငံသားစိစစ်ရေးကတ်များ အခမဲ့ကွင်းဆင်းဆောင်ရွက်
Aug 22,2025
မန္တလေးတိုင်းဒေသကြီး၊ ပြည်ကြီးတံခွန်မြို့နယ်၊ ၁၂၇ လမ်း၊ ၄၉-၅၀လမ်း(ဠ)ရပ်ကွက်ရှိ ကံကြီးကုန်းဘုန်း‌တော်ကြီး ပညာသင်ကြား‌ရေး‌ ကျောင်းအမှတ်(၇)တွင် မြို့နယ်လူဝင်မှုကြီးကြပ်ရေးနှင့်ပြည်သူ့အင်အားဝန်ကြီးဌာန၊ ပြည်ကြီးတံခွန်မြို့နယ်၊ ဦးစီးမှူးဦးအောင်သွင် ဦးဆောင်သည့်အဖွဲ့မှ ပန်းခင်း(၃)စီမံချက်ဖြင့် နိုင်ငံသားစိစစ်ရေးကတ်များကို ယနေ့နံနက် ၁၀ နာရီက ပြည်သူများအား အခမဲ့ ကွင်းဆင်းဆောင်ရွက်ပေးခဲ့သည်။
ကန်ကြီးထောင့်မြို့နယ်၌ မဲဆန္ဒရှင်များအား မဲပေးစက် (MEVM) ဆိုင်ရာ အသိပညာပေးခြင်းနှင့် လက်တွေ့စမ်းသပ်မဲပေးခြင်းများ ဆက်လက်ဆောင်ရွက်
Aug 22,2025
ဧရာဝတီတိုင်းဒေသကြီး၊ ပုသိမ်ခရိုင်၊ ကန်ကြီးထောင့်မြို့နယ်၌ မြို့နယ်ရွေးကောက်ပွဲကော်မရှင် အဖွဲ့ခွဲမှကြီးမှူး၍ မြို့နယ်အတွင်းရှိ မဲဆန္ဒရှင်များအား မြန်မာ့အီလက်ထရောနစ် မဲပေးစက် (MEVM)နှင့်ပတ်သက်၍ သိရှိစေရန်ရည်ရွယ်ချက်ဖြင့် မဲပေးစက် (MEVM) ဆိုင်ရာ အသိပညာ ပေးခြင်းနှင့် လက်တွေ့စမ်းသပ်မဲပေးခြင်းကို ဩဂုတ်လ(၁၈)ရက်နေ့က စတင်ဆောင်ရွက်ခဲ့ရာ ယနေ့နံနက်ပိုင်းတွင်းလည်း တကုန်းကြီးတိုက်နယ်၌ ဆက်လက်ဆောင်ရွက်ခဲ့ကြကြောင်းသိရသည်။
အိမ်မဲမြို့နယ်သီးကွင်းကျေးရွာတွင် မဲဆန္ဒရှင်များအား မဲပေးစက်ဆိုင်ရာအသိပေးခြင်းနှင့် လက်တွေ့စမ်းသပ်မဲပေးခြင်း အခမ်းအနားကျင်းပ
Aug 22,2025
ဧရာဝတီတိုင်းဒေသကြီး၊ မြောင်းမြခရိုင်၊ အိမ်မဲမြို့နယ်သီးကွင်းကျေးရွာ ဓမ္မာရုံတွင် မြို့နယ်ရွေးကောက်ပွဲကော်မရှင်အဖွဲ့ခွဲမှ ဦးဆောင်ကျင်းပသည့် မဲဆန္ဒရှင်များအား မဲပေးစက်ဆိုင်ရာအသိပေးခြင်းနှင့် လက်တွေ့စမ်းသပ်မဲပေးခြင်း အခမ်းအနားကို ယမန်နေ့နံနက် ၁၀ နာရီအချိန်က ကျင်းပခဲ့သည်။
ရှမ်းပြည်နယ် ကလေးအလုပ်သမားပပျောက်ရေးဆိုင်ရာ အလုပ်အကိုင်အခွင့်အလမ်းများဖန်တီးပေးရေးလုပ်ငန်းကော်မတီ၏ လူသုံးကုန်၊ အလှကုန်နှင့် တန်ဖိုးမြှင့်စားသောက်ကုန်ထုတ်လုပ်မှုနည်းပညာသင်တန်း ဖွင့်လှစ်
Aug 22,2025
ရှမ်းပြည်နယ်အတွင်း အကြောင်းအမျိုးမျိုးကြောင့် ကျောင်းပြင်ပရောက်ရှိနေရသည့် အသက်(၁၆)နှစ်နှင့် (၁၈)နှစ်အောက်ရှိ ကလေးများကို မိမိဘဝရပ်တည်နိုင်ရန်၊ မိသားစုဝင်ငွေတိုးတက်စေရန်နှင့် အန္တရာယ်ရှိသည့် အလုပ်အကိုင်များတွင် ကလေးအလုပ်သမားပပျောက်စေရန်ရည်ရွယ်၍ ယမန်နေ့နံနက် (၉)နာရီက တောင်ကြီးမြို့၊ လူထုအခြေပြုဗဟိုဌာန(Community Center)၌ လူသုံးကုန်၊ အလှကုန်နှင့် တန်ဖိုးမြှင့်စားသောက်ကုန်ထုတ်လုပ်မှုနည်းပညာသင်တန်းဖွင့်ပွဲ ကျင်းပခဲ့သည်။
နန်းယွန်းမြို့၌ အသက်(၂)နှစ်အောက် ကလေးသူငယ်များအတွက် အာဟာရအသိပညာပေး ဆင့်ပွားသင်တန်းဖွင့်လှစ်
Aug 22,2025
စစ်ကိုင်းတိုင်းဒေသကြီး၊ နာဂကိုယ်ပိုင်အုပ်ချုပ်ခွင့်ရဒေသ၊ နန်းယွန်းမြို့တွင် လူမှုဝန်ထမ်းဦးစီးဌာနမှ ကျင်းပပြုလုပ်သော ကိုယ်ဝန်ဆောင်မိခင်များနှင့် ၎င်းတို့မှမွေးဖွားလာသော အသက်(၂)နှစ်အောက် ကလေးသူငယ်များအတွက် အာဟာရအသိပညာပေး ဆင့်ပွားသင်တန်းကို ယမန်နေ့နံနက် ၁၀ နာရီအချိန်တွင် မြို့နယ်စုပေါင်းရုံးခန်းမ၌ ကျင်းပပြုလုပ်ခဲ့သည်။
မိတ္ထီလာမြို့နယ်တွင် မြန်မာအီလက်ထရောနစ်မဲပေးစက် (MEVM)ဖြင့် လက်တွေ့သရုပ်ပြစမ်းသပ်မဲပေးခြင်းနှင့် အသိပညာပေးခြင်းအခမ်းအနားကျင်းပ
Aug 22,2025
မန္တလေးတိုင်းဒေသကြီး၊ မိတ္ထီလာမြို့နယ်တွင်  မြန်မာအီလက်ထရောနစ်မဲပေးစက် (MEVM)ဖြင့် လက်တွေ့သရုပ်ပြစမ်းသပ်မဲပေးခြင်းနှင့် အသိပညာပေးခြင်းအခမ်းအနားကို ယနေ့နံနက် ၉ နာရီခွဲက အမှတ်(၁)အခြေခံပညာအထက်တန်းကျောင်းတွင် ကျင်းပခဲ့ကြောင်း သိရသည်။