ထန်းတပင်မြို့နယ်၌ ဒေသအတွင်း စိမ်းလန်းစိုပြည်ရေးအတွက် စုပေါင်းသစ်ပင်စိုက်ပျိုး

ထန်းတပင် (ပဲခူး) မေ ၁၆

ပဲခူးတိုင်းဒေသကြီးး၊ တောင်ငူခရိုင်၊ ထန်းတပင်မြို့နယ်တွင် သစ်တောသစ်ပင်များ သစ်တော ဂေဟစနစ်များ စဥ်ဆက်မပျက်တည်တံ့ရေး သက်ရှိလူသားများရဲ့ ပတ်ဝန်းကျင်တည်တံ့ ကောင်းမွန်ရေး သစ်တောသစ်ပင်စိုက်ပျိုးခြင်းကြောင့် စိမ်းလန်းစိုပြည်ရေးကို အထောက်အကူ ပြုသလို သာယာလှပပြီး ရာသီဥတုပြောင်းလဲမှုကို တစ်ဖက်တစ်လှမ်းမှ ကာကွယ်နိုင်ရန်နှင့် ဒေသအတွင်း စိမ်းလန်းစိုပြေရေးအတွက် ရည်ရွယ်၍ ထန်းတပင်-ဇရပ်ကြီးသွားသည့် မြို့အဝင် ဆိုင်းဘုတ်အနီး လမ်းဘေးတွင် ယနေ့နံနက် ၆ နာရီခွဲအချိန်က စုပေါင်းသစ်ပင် စိုက်ပျိုးခဲ့သည်။

အဆိုပါသစ်ပင်စိုက်ပျိုးပွဲတွင် မြို့နယ်စည်ပင်သာယာရေးအဖွဲ့မှကြီးကြပ်၍ မြို့နယ်အထွေထွေ အုပ်ချုပ်ရေးဦးစီးဌာနမှ မြို့နယ်အုပ်ချုပ်ရေးမှူး ဦးသန်းထိုက်အောင်နှင့်ဝန်ထမ်းများ ဌာနဆိုင်ရာ အကြီးအကဲများနှင့်ဝန်ထမ်းများ ဆရာ၊ ဆရာမများ မြို့နယ်အမျိုးသမီးရေးရာအဖွဲ့ဝင်များ မြို့နယ်မိခင်နှင့် ကလေးစောင့်ရှောက်ရေးအသင်းဝင်များနှင့် ရပ်ကွက်အုပ်ချုပ်ရေးမှူးများက စုပေါင်းသစ်ပင်စိုက်ပျိုးခဲ့သည်။

ထို့နောက် ဆိပ်ကြီးရပ်ကွက် အခြေခံပညာအလယ်တန်းကျောင်း(ခွဲ)သန့်ရှင်းသာယာလှပရေးအတွက် စုပေါင်းသန့်ရှင်းရေးဆောင်ရွက်ခဲ့ကြောင်း သိရသည်။

မြို့နယ်(ပြန်/ဆက်)