လှိုင်သာယာ(အရှေ့ပိုင်း)မြို့နယ်၌ ရက် (၁၀၀) စီမံချက်ဖြင့် မှုခင်းကျဆင်းရေး အသိပညာပေး ဟောပြော

လှိုင်သာယာ(အရှေ့ပိုင်း) မေ ၁၆

ရန်ကုန်တိုင်းဒေသကြီး၊ အင်းစိန်ခရိုင်၊ လှိုင်သာယာ(အရှေ့ပိုင်း)မြို့နယ်တွင် ရက်(၁၀၀) စီမံချက်ဖြင့် မြို့နယ်ရဲတပ်ဖွဲ့မှ မှုခင်းကျဆင်းရေးအသိပညာပေးဟောပြောပွဲကို ယမန်နေ့ညနေ ၄ နာရီက အမှတ် ၆ ရပ်ကွက်၊ အောင်ချမ်းသာလမ်းရှိ မေတ္တာကွန်ယက်ဓမ္မာရုံ၌ ပြုလုပ်သည်။

အဆိုပါအသိပညာပေးဟောပြောပွဲတွင် မြို့နယ်ရဲတပ်ဖွဲ့မှူး ရဲမှူးမင်းသန့်ဇော်၊ ဒုတိယမြို့နယ် အုပ်ချုပ်ရေးမှူး ဦးစောတာကလူထူးနှင့် မြို့နယ်ဥပဒေအရာရှိ ဒေါ်ဌေးဌေးဝင်းတို့က အမှတ် ၆ ရပ်ကွက်အတွင်းရှိ ပြည်သူများအား လူသတ်မှု၊ လုယက်မှု၊ ခိုးမှု၊ သက်ငယ်မုဒိမ်း ဖြစ်စဉ်ဖြစ်ရပ်များ လျော့နည်းကျဆင်းစေရေးအတွက် မှုခင်းကျဆင်းရေးအသိပညာပေး ဟောပြောခြင်းများကို ဆောင်ရွက်ခဲ့ကြကြောင်း သိရသည်။

ဝါဝါထွန်း