လယ်ဝေး ဧပြီ ၂
ပြည်ထောင်စုနယ်မြေ၊ လယ်ဝေးမြို့နယ်၊ မီးသတ်ဦးစီးဌာနမှ နွေရာသီတွင် သောက်သုံးရေရှားပါးသည့် နေရာများတွင် သောက်သုံးရေများ နှစ်စဥ်လှူဒါန်းခဲ့ရာ ယခုနှစ်တွင်လည်း ဆက်လက်လှူဒါန်းလျက်ရှိကြောင်း သိရသည်။
ထိုသို့လှူဒါန်းလျက်ရှိရာ ယနေ့နံနက်ပိုင်းက လယ်ဝေးမြို့၊ အမှတ်(၆)တိုးချဲ့ကွက်သစ်ရှိ အိမ်ထောင်စုများအား မြို့နယ်မီးသတ်ဦးစီးမှူး ဦးဝင်းကျော်ဦးဆောင်သည့် တပ်ဖွဲ့ဝင်များက သောက်သုံးရေ ဂါလံ ၁၆၀၀ သွားရောက်လှူဒါန်းခဲ့ကြောင်း သိရသည်။
ဝေကြည်( ပြန်/ဆက်)