စျေးချိုသူ မဟာသင်္ကြန်မဏ္ဍပ် မြန်မာ့ရိုးရာယဉ်ကျေးမှု မဟာသင်္ကြန်ပွဲတော် စည်ကားသိုက်မြိုက်စွာ ကျင်းပနိုင်ရေး ညှိနှိုင်းအစည်းအဝေး ကျင်းပ

ချမ်းအေးသာစံ ဧပြီ ၃

ချမ်းအေးသာစံမြို့နယ်၊ ချမ်းအေးသာစံအနောက်ရပ်ကွက်၊ ၂၇×၈၅ လမ်းထောင့်ရှိ စျေးချိုတော် စျေးဌာနခွဲရုံးတွင် ၂၀၂၄ ခုနှစ် မြန်မာရိုးရာယဉ်ကျေးမှု မဟာသင်္ကြန်ပွဲတော်တွင် မန္တလေးမြို့ စျေးချိုသူ မဟာသင်္ကြန်မဏ္ဍပ် စည်ကားသိုက်မြိုက်စွာ ကျင်းပနိုင်ရေး ဧပြီလ () ရက်နေ့ ‌မွန်းလွဲပိုင်းက ချမ်းအေးသာစံမြို့နယ်၊ ချမ်းအေးသာစံအနောက်ရပ်ကွက်၊ ၂၇×၈၅ လမ်းထောင့်ရှိ စျေးချိုတော်စျေးဌာနခွဲရုံးတွင် ညှိနှိုင်းအစည်းဝေး ပြုလုပ်ခဲ့ကြောင်း သိရသည်။

အစည်အဝေးတွင် မန္တလေးမြို့တော် စည်ပင်သာယာရေးကော်မတီ အတွင်းရေးမှူး ဦးဝင်းမောင်၊ စျေးနှင့်သားသတ်ဌာနမှူး ဦးသက်နိုင်တို့နှင့် တာဝန်ရှိသူများ၊ အဆင့်မြင့် စျေးချိုတော်နှင့် တိုက်တန်းကြီး စျေးအကျိုးတော်ဆောင်အဖွဲ့ဥက္ကဋ္ဌ ဦးမင်းမင်းနှင့် မန္တလေး မြို့တော်သည်ပင်သာယာရေးကော်မတီပိုင် စျေးအသီးသီးမှ စျေးတာဝန်ခံများ၊ ဈေးအကျိုးတော်ဆောင်အဖွဲ့ဝင်မျာ တက်ရောက်ခဲ့ပြီး  ဦးဝင်းမောင်မှ ၁၃၈၆ (၂၀၂၄) ခုနှစ် စျေးချိုသူ မဟာသင်္ကြန်မဏ္ဍပ် မြန်မာ့ရိုးရာယဉ်ကျေးမှု မဟာသင်္ကြန်ပွဲတော် စည်ကားသိုက်မြိုက် အောင်မြင်စွာ ကျင်းပနိုင်ရေးအတွက် လမ်းညွှန်အမှာစကား ပြောကြားခဲ့သည်။

ထို့နောက်  ဆပ်ကော်မတီအလိုက် တာဝန်ရှိသူများမှ သပ်ဆိုင်ရာ လုပ်ငန်းများနှင့် ပတ်သက်၍ ရှင်းလင်းတင်ပြခဲ့ကြပြီး ဘဏ္ဍာငွေ ရရှိရေးအတွက် တက်ရောက်လာကြသည့် စျေးအသီးသီးမှ စျေးတာဝန်ခံများ၊ ဈေးအကျိုးတော်ဆောင်အဖွဲ့ဝင်များမှ အလှူငွေများနှင့် စတုဒိသာ ကုသိုလ်ပြု ပါဝင်ကျွေးမွေးရေးတို့စျေး အဆိုပြုထည့်ဝင်ခဲ့ပြီး ဦးဝင်းမောင်မှ ကျေးဇူးတင် နိဂုံးချုပ်စကား ပြောကြားခဲ့သည်။

စျေးချိုသူ မဟာသင်္ကြန်မဏ္ဍပ် မြန်မာ့ရိုးရာယဉ်ကျေးမှု မဟာသင်္ကြန်ပွဲတော်အား အကြိုနေ့မှ စတင်၍ ဖွင့်ပွဲအခမ်းအနား အစီအစဉ်များ၊  နိုင်ငံကျော်အနုပညာရှင်များ၊ ယိမ်းအဖွဲ့များ၏ ဖျော်ဖြေရေး အစီအစဉ်များ၊ စတုဒိသာ ကျွေးမွေးခြင်းများ၊ ရေပက်ကစားခြင်းများဖြင့် စည်ကားသိုက်မြိုက်စွာ ကျင်းပသွားမည်ဖြစ်ကြောင်း သိရသည်။

ထွန်းထွန်းနိုင်(ပြန်/ဆက်)