သတင်းများ

လှည်းကူးမြို့နယ်၌ Drum Seeder များ စမ်းသပ်သရုပ်ပြပွဲပြုလုပ်
Sep 17,2025
ရန်ကုန်တိုင်းဒေသကြီး၊ လှည်းကူးခရိုင်၊ လှည်းကူးမြို့နယ် သနပ်ပြင်ကျေးရွာ၊ ကွင်းအမှတ်(၁၀၅၇က)၊ ဦးပိုင်အမှတ် ၅၇-က၊ တောင်သူ ဦးအောင်လွင်၏ လယ်(၁)ဧကပေါ်၌ ရန်ကုန်တိုင်းဒေသကြီးအစိုးရအဖွဲ့က တောင်သူများထံသို့ ဖြန့်ဖြူးပေးမည့် Drum Seeder များ စမ်းသပ်သရုပ်ပြပွဲကို ယမန်နေ့နံနက်ပိုင်းက ကျင်းပပြုလုပ်ခဲ့သည်။ 
မိတ္ထီလာခရိုင်တွင်  စိုက်ပျိုးရေးသွင်းအားစုများအား  ဥပဒေ၊ လုပ်ထုံးလုပ်နည်း၊ စည်းကမ်းနှင့်အညီ ရောင်းချရေး နည်းပညာပေးဆွေးနွေး
Sep 17,2025
မန္တလေးတိုင်းဒေသကြီး  မိတ္ထီလာခရိုင်တွင် စိုက်ပျိုးရေးသွင်းအားစုများအား  ဥပဒေ၊ လုပ်ထုံး လုပ်နည်း၊ စည်းကမ်းနှင့်အညီ ရောင်းချရေး နည်းပညာပေးဆွေးနွေးပွဲကို  စက်တင်ဘာ ၁၇ ရက် နံနက် ၉ နာရီခွဲက ခရိုင်စိုက်ပျိုးရေးဦးစီးဌာန အစည်းအဝေးခန်းမတွင် ကျင်းပသည်။
ရမည်းသင်းမြို့နယ်၌  တက္ကသိုလ်ဝင်စာမေးပွဲ ထူးချွန်ကျောင်းသား၊ ကျောင်းသူများအား ဂုဏ်ပြုဆုချီးမြှင့်
Sep 17,2025
မန္တလေးတိုင်းဒေသကြီးအစိုးရအဖွဲ့ကချီးမြှင့်သည့် ၂၀၂၅ ခုနှစ် တက္ကသိုလ်ဝင်စာမေးပွဲတွင် ထူးချွန်စွာအောင်မြင်ခဲ့သော ကျောင်းသား၊ ကျောင်းသူများအား ဂုဏ်ပြုဆုချီးမြှင့်ခြင်း အခမ်းအနားကို စက်တင်ဘာ ၁၇ရက် နံနက် ၁၀ နာရီက ရမည်းသင်းမြို့ သီလဝခန်းမ၌ ကျင်းပသည်။
မဟာအောင်မြေမြို့နယ် အမှတ် (၁၂) အခြေခံပညာအထက်တန်းကျောင်း(ခွဲ)၌ စာဖတ်ရှိန်မြှင့်တင်ရေးလှုပ်ရှားမှု လူငယ်စကားဝိုင်း ကျင်းပ
Sep 17,2025
‎‎မန္တလေးတိုင်းဒေသကြီး၊ မဟာအောင်မြေမြို့နယ်၊ အမှတ်(၁၂) အခြေခံပညာအထက်တန်းကျောင်း(ခွဲ) ၌ ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာနနှင့် အခြေခံပညာဦးစီးဌာနတို့ပူးပေါင်း၍ စာဖတ်ရှိန်မြှင့် တင်ရေးလှုပ်ရှားမှု လူငယ်စကားဝိုင်းကို နေ့ စက်တင်ဘာ ၁၇ ရက်နေ့ နံနက် ၁၀နာရီခွဲက ကျင်းပခဲ့သည်။
ရခိုင်ပြည်နယ်ဝန်ကြီးချုပ် ဦးထိန်လင်း ပြည်သူများအား မြန်မာအီလက်ထရောနစ်မဲပေးစက် (MEVM) နှင့် စပ်လျဉ်း၍ ရှင်းလင်းပြသခြင်းနှင့် လက်တွေ့သရုပ်ပြမဲပေးခြင်းအခမ်းအနား တက်ရောက်
Sep 17,2025
ရခိုင်ပြည်နယ်ဝန်ကြီးချုပ် ဦးထိန်လင်းသည် ပြည်ထောင်စုရွေးကောက်ပွဲကော်မရှင်အဖွဲ့ဝင်၊ ရခိုင်ပြည်နယ်တာဝန်ခံ ဦးအောင်မိုးမြင့်၊ ပြည်နယ်အစိုးရအဖွဲ့ဝင်များ၊ ဌာနဆိုင်ရာ တာဝန်ရှိသူများနှင့်အတူ စက်တင်ဘာ ၁၇ ရက်နေ့ နံနက်ပိုင်းက စစ်တွေမြို့၊ ခိုင်သဇင်ခန်းမ၌ ပြည်သူများအား မြန်မာအီလက်ထရောနစ်မဲပေးစက် (MEVM)နှင့် စပ်လျဉ်း၍ ရှင်းလင်းပြသခြင်းနှင့် လက်တွေ့သရုပ်ပြမဲပေးခြင်းကို ကြည့်ရှုပြီး  စစ်တွေမြို့ သန့်ရှင်းသာယာလှပရေး အထူးသန့်ရှင်းရေး ဆောင်ရွက်နေမှုအား လှည့်လည်ကြည့်ရှုအားပေးကြသည်။
လူထုအခြေပြုဗဟိုဌာန (ဗဟန်း) တွင် စာဖတ်ဝိုင်းဆွေးနွေးပွဲနှင့် သတင်းမီဒီယာသင်တန်းကျင်းပ
Sep 17,2025
ရန်ကုန်တိုင်းဒေသကြီး၊ ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာန၊ (ဗဟန်း) လူထုအခြေပြုဗဟို ဌာနရှိ ဘက်စုံသုံးခန်းမတွင် ယနေ့နံနက် ၁၁ နာရီအချိန်က စာပေချစ်မြတ်နိုးသူများအဖွဲ့နှင့် မီဒီယာ သမားများ ပူးပေါင်း၍ စာဖတ်ဝိုင်းဆွေးနွေးပွဲနှင့် သတင်းမီဒီယာသင်တန်းကို ကျင်းပခဲ့ကြောင်း သိရှိရ သည်။
မြောက်ဥက္ကလာပမြို့နယ် ပညာလင်္ကာရမဏ္ဍိုင်ဘုန်းကြီးသင်ကျောင်းတွင် လူငယ်ရေးရာ အသိပညာပေးဟောပြော
Sep 17,2025
ရန်ကုန်တိုင်းဒေသကြီး၊ မရမ်းကုန်းခရိုင်၊ မြောက်ဥက္ကလာပမြို့နယ်တွင် မြို့နယ်ပြန်ကြား‌ရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာန၊ မြို့နယ်အားကစားနှင့် ကာယပညာဦးစီးဌာနနှင့် အခြေခံပညာ‌ဦးစီးဌာနပူးပေါင်း၍ ကျောင်းသား၊ ကျောင်းသူများ ပြင်ပစာပေဗဟုသုတများ ဖတ်ရှုပြီး အသိပညာဗဟုသုတ တိုးပွားစေရေးရည်ရွယ်ကာ လူငယ်ရေးရာအသိပညာပေးဟောပြောပွဲကို ယနေ့ နေ့လယ် ၁ နာရီအချိန် ကျောက်ရေတွင်းရပ်ကွက်၊ ရွှေဘုန်းပွင့်ဘုရားလမ်းရှိ ပညာလင်္ကါရမဏ္ဍိုင် ဘုန်းကြီးသင်ကျောင်းတွင် ကျင်းပပြုလုပ်ခဲ့သည်။
ပဲခူးမြို့၌ ကမ္ဘာ့အိုဇုန်းလွှာထိန်းသိမ်းရေးနေ့ အခမ်းအနားကျင်းပ
Sep 17,2025
ပဲခူးမြို့၊ မြို့တော်ခန်းမ၌ ယမန်နေ့ မွန်းလွဲပိုင်းက ကမ္ဘာ့အိုဇုန်းလွှာထိန်းသိမ်းရေးနေ့ အခမ်းအနားကျင်းပပြုလုပ်ရာ တိုင်းဒေသကြီး ဝန်ကြီးချုပ် ဦးမျိုးဆွေဝင်းနှင့် ဇနီး ဒေါ်စိုးစိုးသက်တို့ တက်ရောက်ချီးမြှင့်ခဲ့သည်။