သံဖြူဇရပ် မေ ၁၇
မွန်ပြည်နယ်၊ သံဖြူဇရပ်မြို့နယ်၊ ကျိုက္ခမီမြို့၌ အစိုးရအဖွဲ့၏ ရက်(၁၀၀)စီမံချက်ဖြင့် ပြည်ထဲရေးဝန်ကြီးဌာန၊ သံဖြူဇရပ်မြို့နယ်ရဲတပ်ဖွဲ့၊ ကျိုက္ခမီနယ်မြေရဲစခန်းမှ မှုခင်းကျဆင်းရေး အသိပညာပေးဟောပြောခြင်းကို မေလ ၁၆ ရက်နေ့ မွန်းလွဲပိုင်းက ကျိုက္ခမီမြို့၊ အောင်ပင်လယ်ရပ်ကွက်ရှိ မြစိမ်းရောင်ဓမ္မာရုံ၌ ဆောင်ရွက်သည်။
အဆိုပါလုပ်ငန်းကိုသံဖြူဇရပ်မြို့နယ်ရဲတပ်ဖွဲ့မှူး ရဲမှူး မိုးမြင့်မှ ကြီးကြပ်၍ ကျိုက္ခမီနယ်မြေ ရဲစခန်းမှူး ရဲအုပ် ဆန်းကိုကိုနှင့် တာဝန်ရှိသူများက ရပ်ကွက်နေပြည်သူများအားမှုခင်းများ လျော့နည်းကျဆင်းစေရေးအတွက် မူးယစ်ဆေးဝါးနှင့်ပတ်သက်ပြီး ရောင်းဝယ်သုံးစွဲမှုကြောင့်ဖြစ်ပွားနိုင်သည့် ပြစ်မှု/ပစ်ဒဏ်များနှင့် ယာဥ်စည်းကမ်း/လမ်းစည်းကမ်းဆိုင်ရာ ပြစ်မှုများနှင့်အခြားသော မလိုလားအပ်သောပြစ်မှုကြီးများ မဖြစ်ပွားစေရေးကို ပြည်သူများကျယ်ကျယ် ပြန့်ပြန့်သိရှိစေရေး အသိပညာပေးဟောပြောပြီး၊ ရပ်ကွက်အတွင်းရှိ နေအိမ်များသို့သွားရောက် ပြီးမှုခင်းလျော့နည်းကျဆင်းစေရေး အိမ်တိုင်ရာရောက်သွားရောက်၍ အသိပညာပေးဟော ပြောခြင်းများဆောင်ရွက်ခဲ့ကြကြောင်း သိရသည်။
မြို့နယ်(ပြန်/ဆက်)