သတင်းများ

မိုးကောင်းမြို့နယ် အုတ်ကျင်းကျေးရွာ၌ မြစိမ်းရောင်ကော်မတီဝင်များနှင့်တွေ့ဆုံဆွေးနွေးပြီး လုပ်ငန်းများ အကောင်အထည်ဖော်ဆောင်ရွက်ထားရှိမှုအား ကွင်းဆင်းစစ်ဆေး
May 17,2026
သမဝါယမနှင့် ကျေးလက်ဖွံ့ဖြိုးရေးဝန်ကြီးဌာန၊ ကချင်ပြည်နယ် မိုးကောင်းမြို့နယ် အုတ်ကျင်းကျေးရွာတွင် မြစိမ်းရောင်စီမံကိန်း ကော်မတီဝင်များနှင့်တွေ့ဆုံ ဆွေးနွေးခြင်းနှင့်လုပ်ငန်းများ အကောင်အထည်ဖော်ဆောင်ရွက်ထားရှိမှု အခြေအနေများကို ယနေ့နံနက် ၁၀ နာရီက ခရိုင်အဆင့် တာဝန်ရှိသူများမှ ကွင်းဆင်းစစ်ဆေးခဲ့ကြောင်း သိရသည်။
မင်းဘူးမြို့၌ မြို့နယ်လုံးဆိုင်ရာ ပရိယတ္တိသာသနာ့နုဂ္ဂဟစာမေးပွဲ စာအောင်ဆုချီးမြှင့်ခြင်း အခမ်းအနားကျင်းပ
May 17,2026
မကွေးတိုင်းဒေသကြီး၊ မင်းဘူးခရိုင်၊ မင်းဘူးမြို့၌ ၂၀၂၆ ခုနှစ်တွင် ကျင်းပပြုလုပ်ခဲ့သည့် အစိုးရပါဠိပထမပြန်စာမေးပွဲတွင် အောင်မြင်ခဲ့သော စာအောင်သံဃာတော်များနှင့် သီလရှင်တို့အား အောင်လက်မှတ်နှင့် လှူဖွယ်ဝတ္ထုဆက်ကပ်လှူဒါန်းခြင်း (စူဠဘွဲနှင်းသဘင်) အခမ်းအနားကို အမှတ်(၃)ရပ်ကွက်၊ သာသနာ့ဗိမာန်၌ ယမန်နေ့ မွန်းလွဲ ၂ နာရီချိန်က ကျင်းပပြုလုပ်ခဲ့သည်။
မကွေးတက္ကသိုလ်တွင် Google Classroom အသုံးပြု သင်ကြားရေးဆိုင်ရာ စွမ်းဆောင်ရည်မြှင့်တင်ရေး သင်တန်းဖွင့်လှစ်
May 17,2026
ယနေ့ခတ်တွင် ဒီဂျစ်တယ်နည်းပညာများတိုးတက်လာမှုနှင့်အတူ သင်ကြားရေးနည်းလမ်းများကိုလည်း ပြောင်းလဲတိုးတက်လာစေရန်ရည်ရွယ်၍ မကွေးတက္ကသိုလ်ရှိ ဆရာ၊ ဆရာမများအား အွန်လိုင်းနည်းပညာများကို ကျွမ်းကျင်စွာ အသုံးချနိုင်စေရန်နှင့် သင်ကြားမှုအရည်အသွေးပိုမိုမြင့်မားလာစေရန် “Google Classroom” အသုံးပြု၍ အွန်လိုင်းစနစ်ဖြင့် သင်ကြားရေးဆိုင်ရာ စွမ်းဆောင်ရည်မြှင့်တင်ရေးသင်တန်း" (Capacity Building Program on Digital Teaching using Google Classroom) ကို မကွေးတက္ကသိုလ် သုတေသနဌာနစင်တာ (URC)ခန်းမ၌ မေ ၁၅ ရက် နံနက်ပိုင်းမှစတင်၍ ဖွင့်လှစ်သင်ကြားပေးလျက်ရှိသည်။
စစ်ကိုင်းတိုင်းဒေသကြီးအတွင်း အခြေခံပညာကျောင်းအသီးသီးတွင် စုပေါင်းသန့်ရှင်းလုပ်ငန်းများ ဆောင်ရွက်
May 17,2026
စစ်ကိုင်းတိုင်းဒေသကြီးရှိ အခြေခံပညာကျောင်းများ၌ ၂၀၂၆ - ၂၀၂၇ ပညာသင်နှစ်၊ ပညာသင်ကြားကြမည့် ကျောင်းသား၊ ကျောင်းသူများ စိတ်အေးချမ်းသာစွာဖြင့် ပညာသင်ကြားနိုင်ရေးအတွက် ကျောင်းများဥပဓိရုပ် ကောင်းမွန်စေရေး၊ ကျောင်းဝင်းနှင့် ကျောင်းပတ်ဝန်းကျင် သန့်ရှင်းသပ်ရပ်မှု ရှိစေရေး၊ ရေနှုတ်မြောင်းများရေစီးရေလာ ကောင်းမွန်စေရေးနှင့် လျှပ်စစ်အန္တရာယ် ကင်းရှင်းစေရန်အတွက် သစ်ပင်သစ်ကိုင်းများ ခုတ်ထွင်ရှင်းလင်းခြင်း၊ ခြင်များပေါက်ဖွားနိုင်သည့် နေရာများအား ရှင်းလင်းခြင်းလုပ်ငန်းများကို မေလ ၁၆ ရက်နှင့် ၁၇ ရက်တို့တွင် တိုင်းဒေသကြီး/ခရိုင်/မြို့နယ်အဆင့် ဌာနဆိုင်ရာများ၊ ကျောင်းအုပ်ကြီးများ၊ ဆရာ/ဆရာမများနှင့် ကျောင်းသားမိဘများက သက်ဆိုင်ရာမြို့များရှိ အခြေခံပညာကျောင်းများတွင် စုပေါင်း၍ သန့်ရှင်းရေးလုပ်ငန်းများ ဆောင်ရွက်ကြသည်။
ကျောက်တလုံးကြီးမြို့တွင် (၁၁)ကြိမ်မြောက် ဗုဒ္ဓဘာသာယဉ်ကျေးလိမ္မာသင်တန်းဆင်းပွဲကျင်းပ
May 17,2026
ရှမ်းပြည်နယ်(တောင်ပိုင်း)၊ တောင်ကြီးခရိုင်၊ ကျောက်တလုံးကြီးမြို့တွင် (၁၁) ကြိမ်မြောက် ဗုဒ္ဓဘာသာ ယဉ်ကျေးလိမ္မာသင်တန်းဆင်းပွဲကို ကျောက်တလုံးကြီးမြို့၊ ထာအုံကျောင်းတိုက်တွင် ယနေ့နံနက် ၉ နာရီက ကျင်းပသည်။
မကွေးတိုင်းဒေသကြီးဝန်ကြီးချုပ် ဦးတင်ကိုကို မကွေးခရိုင်အတွင်းရှိ အခြေခံပညာအထက်တန်း၊ အလယ်တန်း၊ မူလတန်း ကျောင်းအုပ်ကြီးများအား တွေ့ဆုံ
May 17,2026
မကွေးတိုင်းဒေသကြီးအတွင်း အခြေခံပညာကဏ္ဍ ဘက်စုံဖွံ့ဖြိုးတိုးတက်လာစေရန်အတွက် မကွေးခရိုင်အတွင်းရှိ အခြေခံပညာအထက်တန်း၊ အလယ်တန်း၊ မူလတန်း ကျောင်းအုပ်ကြီးများအား တွေ့ဆုံပွဲ အခမ်းအနားကို မေ ၁၅ ရက်က မကွေးမြို့ မြို့တော်ခန်းမ၌ကျင်းပသည်။
သန်လျင်မြို့နယ်၌ရက် (၁၀၀)စီမံချက်ဖြင့် ကျေးရွာမြေငှားဂရန်ထုတ်ပေးနိုင်ရေး ကွင်းဆင်း ဆောင်ရွက်
May 17,2026
ရန်ကုန်တိုင်းဒေသကြီး သန်လျင်ခရိုင် သန်လျင်မြို့နယ်၌ မြို့နယ်အထွေထွေအုပ်ချုပ်ရေး ဦးစီးဌာန ကျေးရွာမြေငှားဂရန်ထုတ်ပေးနိုင်ရေး မြို့နယ်လုပ်ငန်းအဖွဲ့မှ ရက်(၁၀၀)စီမံချက်ဖြင့် ကျေးရွာမြေငှားဂရန်ထုတ်ပေးနိုင်ရေး မြေပြင်ကွင်းဆင်းဆောင်ရွက်ခြင်းကို မေ ၁၅ ရက် နံနက်ပိုင်းက သန်လျင်မြို့နယ်စစ်ပင်ကွင်းကျေးရွာအုပ်စု စစ်ပင်ကွင်းကျေးရွာ၌ ဆောင်ရွက်သည်။
လှိုင်သာယာ(အရှေ့ပိုင်း)မြို့နယ်၌ မှုခင်းကျဆင်းရေး အသိပညာပေး ဟောပြော
May 17,2026
ရန်ကုန်တိုင်းဒေသကြီး၊ အင်းစိန်ခရိုင်၊ လှိုင်သာယာ(အ‌ရှေ့ပိုင်း)မြို့နယ်၌ ရပ်ရွာအေးချမ်းသာယာရေးနှင့် တရားဥပဒေစိုးမိုးရေးအတွက် အင်းစိန်ခရိုင်ရဲတပ်ဖွဲ့နှင့် မြို့နယ်ရဲတပ်ဖွဲ့သည် ယမန်နေ့ (၁း၃၀)နာရီက ရွှေလင်ဘန်းစက်မှုဇုံ၊ စက်မှုဇုံစီမံခန့်ခွဲရေးကော်မတီရုံး၊ ကနောင်ခန်းမတွင် ပြုလုပ်သည်။