ညောင်တုန်း မေ ၁၇
ဧရာဝတီတိုင်းဒေသကြီး မအူပင်ခရိုင် ညောင်တုန်းမြို့နယ် ဘေးအန္တရာယ်ဆိုင်ရာစီမံခန့်ခွဲမှုဦးစီးဌာနမှ လေတိုက်ခတ်မှုကြောင့် ပြိုကျပျက်စီးခဲ့သည့် နေအိမ်များနှင့် အိမ်ထောင်စုဝင်များအတွက် ယမန်နေ့ မွန်းလွဲပိုင်းက ကယ်ဆယ်ရေးပစ္စည်းနှင့် ရန်ပုံငွေများကို ကျေးရွာများရှိ လေဘေးသင့်ပြည်သူများထံသို့ ကွင်းဆင်းပေးအပ်သည်။
ထိုသို့ထောက်ပံ့ပေးအပ်ရာတွင် မြို့နယ်ဘေးအန္တရာယ်ဆိုင်ရာစီမံခန့်ခွဲမှုဦးစီးဌာနမှ လေပြင်းဘေးသင့်ခဲ့သည့် သပြုရေလယ်ကျေးရွာအုပ်စု၊ ရွှေဒင်္ဂါးကျွန်းကျေးရွာရှိ လူနေအိမ် (၃၇)လုံး၊ အိမ်ထောင်စု (၃၇)စုအတွက် အိမ်ဆောက်ပစ္စည်းတန်ဖိုး ငွေကျပ် ၁၅၃၀၀၀ဝ၊ ဆန်ရိက္ခာ ရန်ပုံငွေကျပ် ၇၇၀၀၀ဝ၊ ကယ်ဆယ်ရေးပစ္စည်းတန်ဖိုးငွေကျပ် ၂၃၀၀၀၀ဝနှင့် ကယ်ဆယ်ရေးပစ္စည်း(၁၆)မျိုးပါ(၆)ပုံးတို့ကို မြို့နယ်စီမံခန့်ခွဲရေးနှင့် အုပ်ချုပ်ရေးကော်မတီ အဖွဲ့ဝင်များ၊ လွှတ်တော်ကိုယ်စားလှယ်များ၊ မြို့နယ်ဘေးအန္တရာယ်ဆိုင်ရာစီမံခန့်ခွဲမှုဦးစီးဌာနမှ ဝန်ထမ်းများက လေပြင်းဘေးသင့်ပြည်သူများထံသို့ ကွင်းဆင်းပေးအပ်ခဲ့ကြောင်း သိရသည်။
မြို့နယ်(ပြန်ဆက်)