ရေတာရှည်မြို့နယ်တွင် ၂၀၂၆-၂၀၂၇ ပညာသင်နှစ်၊ကျောင်းနေအရွယ် ကလေးအားလုံး ကျောင်းအပ်နှံနိုင်ရေး နှိုးဆော်ခြင်း ပြုလုပ်

ရေတာရှည် မေ ၁၇

ပဲခူးတိုင်းဒေသကြီး၊ တောင်ငူခရိုင်၊ ရေတာရှည်မြို့နယ်တွင် ၂၀၂၆-၂၀၂၇ ပညာသင်နှစ်၊  ကျောင်းနေအရွယ် ကလေးအားလုံး ကျောင်းအပ်နှံနိုင်ရေး နှိုးဆော်ခြင်းကို မေ ၁၆ ရက် နံနက်ပိုင်းက မြို့ပေါ်ရပ်ကွက်များအလိုက် လိုက်လံနှိုးဆော်ခဲ့ကြောင်း သိရသည်။

ထိုသို့နှိုးဆော်ရာတွင် ပညာရေးဝန်ကြီးဌာန ကထုတ်ပြန်ထားသည့် ၂၀၂၆-၂၀၂၇ ပညာသင်နှစ် ပညာရေးဝန်ကြီးဌာန၊ အခြေခံပညာဦးစီးဌာနရှိ အခြေခံပညာကျောင်းများအားလုံးတွင် ကျောင်း နေအရွယ် ကလေးအားလုံးကို ၂၀၂၆ ခုနှစ်၊ မေလ (၂၅) ရက်နေ့မှ မေလ (၃၁) ရက်နေ့အထိ ကျောင်းအပ်လက်ခံမည်ဖြစ်ကြောင်း၊ ကျောင်းအပ်နှံရာတွင် အခမဲ့ ကျောင်းအပ်နှံ၍ ရရှိကြောင်း၊ နိုင်ငံတော်အစိုးရက သင်ကြားရမည့် အတန်းအလိုက် ထောက်ပံ့ပစ္စည်းများ ပေးအပ်သွားမည်ဖြစ်ကြောင်း ကျောင်းနေအရွယ်ကလေးများ ကျောင်းအပ်နှံရေး အလေးထားဆောင်ရွက်သွားရန် တိုက်တွန်းနှိုးဆော်ခဲ့ကြောင်း သိရသည်။

မြို့နယ် (ပြန်/ဆက်)