ရန်ကုန် မေ ၁၆
၂၀၂၆ ခုနှစ်၊ တိုင်းဒေသကြီးနှင့်ပြည်နယ် ကြက်တောင်ပြိုင်ပွဲ ဗိုလ်လုပွဲနှင့် ဆုချီးမြှင့်ပွဲ အခမ်းအနားကို ယမန်နေ့ မွန်းလွဲပိုင်းက လမ်းမတော်မြို့နယ်၊ မြန်မာနိုင်ငံကြက်တောင်အဖွဲ့ချုပ်၊ အမျိုးသား ကြက်တောင်အားကစားခန်းမတွင် ကျင်းပသည်။
ဦးစွာ ရန်ကုန်တိုင်းဒေသကြီး ဝန်ကြီးချုပ် ဦးအောင်နိုင်သူနှင့်အဖွဲ့က ဗိုလ်လုပွဲစဉ်များ ယှဉ်ပြိုင်ကစား နေမှုများအား ကြည့်ရှုအားပေးသည်။
ထို့နောက် ဆုချီးမြှင့်ပွဲ အခမ်းအနားကို ကျင်းပရာ ပြိုင်ပွဲတွင် အမျိုးသမီး(တစ်ဦးချင်း) ပြိုင်ပွဲ၊ အမျိုးသား (တစ်ဦးချင်း) ပြိုင်ပွဲ၊ အမျိုးသမီး(နှစ်ယောက်တွဲ) ပြိုင်ပွဲ၊ အမျိုးသား (နှစ်ယောက်တွဲ) ပြိုင်ပွဲ၊ အမျိုးသမီး (အသင်းလိုက်)ပြိုင်ပွဲနှင့် အမျိုးသား(အသင်းလိုက်)ပြိုင်ပွဲတို့တွင် ပထမ၊ ဒုတိယ၊ တတိယ၊ အကောင်းဆုံး (အမျိုးသမီး) အားကစားသမားဆု၊ အကောင်းဆုံး (အမျိုးသား) အားကစားသမားဆု၊ အမျိုးသမီးအသင်း လိုက် တံခွန်စိုက်ဆုနှင့် အမျိုးသားအသင်းလိုက် တံခွန်စိုက်ဆု ရရှိခဲ့ကြသည့် အားကစားသမားများအား ရန်ကုန်တိုင်းဒေသကြီး ဝန်ကြီးများနှင့် တာဝန်ရှိသူများက တစ်ဦးချင်း ဆုတံဆိပ်များနှင့် ဂုဏ်ပြုချီးမြှင့် ငွေများကို အသီးသီး ပေးအပ်ခဲ့ကြသည်။
ယင်းနောက် ရွှေတံဆိပ်ဆု(၃)ခု၊ ငွေတံဆိပ်ဆု(၁)ခုနှင့် ကြေးတံဆိပ်ဆု(၃)ခုတို့ဖြင့် စုပေါင်းတံခွန်စိုက်ဆု ရရှိခဲ့သည့် ရန်ကုန်တိုင်းဒေသကြီးအသင်းအား ရန်ကုန်တိုင်းဒေသကြီး ဝန်ကြီးချုပ် ဦးအောင်နိုင်သူက တံခွန်စိုက်ဆုဖလားကို ပေးအပ်ခဲ့သည်။
အဆိုပါ ပြိုင်ပွဲကို အားကစားသမား(၂၃၉)ဦးဖြင့် မေလ(၁၁)ရက်နေ့မှ မေလ(၁၅)ရက်နေ့အထိ ကျင်းပ ခဲ့ကြောင်း သိရသည်။
ဇွဲထက်ကို(ပြန်/ဆက်)