ဓနုဖြူမြို့နယ်၌ ကာရာအိုကေ(KTV)ဆိုင်များအား ကွင်းဆင်းစစ်ဆေး

ဓနုဖြူ မေ ၁၇

ဧရာဝတီတိုင်းဒေသကြီး၊ မအူပင်ခရိုင်၊ ဓနုဖြူမြို့နယ်တွင် ကာရာအိုကေ(KTV)လုပ်ငန်းများ စနစ်တကျ လိုင်စင်ဖြင့် ဆောင်ရွက်နိုင်ရေး၊ မီးဘေးလုံခြုံရေးစည်းကမ်းများအား တိကျစွာ လိုက်နာဆောင်ရွက်စေရေးနှင့် သက်မှတ်စည်းမျဥ်းစည်းကမ်းများနှင့်အညီ လုပ်ငန်းဆောင်ရွက်မှု ရှိစေရေးအတွက် ယမန်နေ့ မွန်းလွဲ (၃) နာရီက ကွင်းဆင်းစစ်ဆေးခဲ့သည်။

ထိုသို့ စစ်ဆေးရာတွင် မြို့နယ်ဗီဒီယိုလုပ်ငန်းစိစစ် ကြီးကြပ်ရေးကော်မတီ အဖွဲ့ခေါင်းဆောင် ဒုတိယမြို့နယ်အုပ်ချုပ်ရေးမှူး ဦးချစ်ဝေအောင်၊ မြို့နယ်ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာန၊ မြို့နယ်စည်ပင်သာယာရေးအဖွဲ့၊ မြို့နယ်ရဲတပ်ဖွဲ့၊ မြို့နယ်ပြည်တွင်းအခွန်၊ မြို့နယ်စာတိုက်၊ မြို့နယ်မီးသတ်တပ်ဖွဲ့၊ မြို့နယ်ဗီဒီယိုအခြေခံအဖွဲ့တို့က ကာရာအိုကေ(KTV)ဆိုင်များတွင် ထားရှိရမည့် သတ်မှတ်လိုင်စင်များ ပြည့်စုံစွာထားရှိမှုရှိ/မရှိ၊ မီးဘေးအန္တရာယ်ကာကွယ်ရေးဆိုင်ရာ လုံခြုံရေး ပစ္စည်းများစနစ်တကျ တပ်ဆင်ထားရှိမှုနှင့် ဗီဒီယိုလုပ်ငန်းစိစစ်ကြီးကြပ်ရေးကော်မတီမှ ထုတ်ပြန် ထားသည့် စည်းကမ်းချက်များအား လိုက်နာဆောင်ရွက်မှု ရှိ/မရှိတို့ကို အသေးစိတ်စစ်ဆေးခဲ့ကြပြီး လုပ်ငန်းဆောင်ရွက်ရာတွင် စည်းကမ်းနှင့်အညီ ဆောင်ရွက်ကြရန်၊ မီးဘေးလုံခြုံရေးအား အထူးဂရုပြုဆောင်ရွက်ကြရန်နှင့် လိုအပ်သည်များကို တာဝန်ရှိသူများအား လမ်းညွှန်မှာကြားခဲ့ကြောင်း သိရသည်။

အောင်ပြည့်ဖြိုးဇော်(ပြန်/ဆက်)