မင်္ဂလာတောင်ညွန့် မေ ၁၇
ရန်ကုန်တိုင်းဒေသကြီး ဗိုလ်တထောင်ခရိုင် မင်္ဂလာတောင်ညွန့်မြို့နယ် အထွေထွေအုပ်ချုပ်ရေးဦးစီးဌာန ရုံးအစည်းအဝေးခန်းမ၌ရှုပ်ထွေးလျက်ရှိသော Wifi ကြိုးများရှင်းလင်းနိုင်ရေးညှိနှိုင်းအစည်းအဝေးကို ယမန်နေ့နံနက်(၁၀) နာရီက ကျင်းပသည်။
အစည်းအဝေးသို့ ဒုတိယမြို့နယ်အုပ်ချုပ်ရေးမှူး ဦးအောင်ပြည့်စုံဝင်း၊ မြို့နယ်လျှပ်စစ်မန်နေဂျာ ဦးချစ်ဆောင်၊ မြို့နယ်စည်ပင်သာယာအုပ်ချုပ်ရေးမှူး ဦးရဲအောင်လွင်၊ မြို့နယ်စီမံခန့်ခွဲရေးနှင့်အုပ်ချုပ်ရေးကော်မတီအဖွဲ့ဝင် ဦးတင်မောင်မောင်ဦးနှင့် သက်ဆိုင်ရာ ကုမ္ပဏီများမှ တာဝန်ရှိတို့တက်ရောက်သည်။
ထို့နောက် ကန်မြောက်ရပ်ကွက် ဒေါ်သိန်းတင်လမ်းတစ်လျှောက် မီတာ (၂၀၀၀၀) ကျော်ရှိ wifi ကြိုးများရှင်းလင်း ဆောင်ရွက်ခဲ့ကြောင်း သိရသည်။
မြတ်မြတ်အေး(ပြန်/ဆက်)