ကော့မှူး မေ ၁၇
ရန်ကုန်တိုင်းဒေသကြီး၊ တွံတေးခရိုင် ကော့မှူးမြို့နယ် မြို့မဈေးတွင် ယမန်နေ့ ညနေပိုင်းကက ဈေးအတွင်းရှိ ရေမြောင်းများ ရေစီးရေလာကောင်းမွန်စေရေးအတွက် ရေမြောင်းများ ဆယ်ယူခြင်းလုပ်ငန်းကို မြို့နယ်စည်ပင်သာယာရေးအဖွဲ့က ဆောင်ရွက်ပေးခဲ့ကြောင်း သိရသည်။
ထိုသို့ ဆောင်ရွက်ရာတွင်မြို့နယ်စည်ပင်သာယာရေးအဖွဲ့မှ လက်ထောက်ညွှန်ကြားရေးမှူး ဦးတင်ထွန်းအောင်၏ ကြီးကြပ်မှုဖြင့် ဝန်ထမ်းများက ဈေးအတွင်း အသားငါးတန်းရှိ ရေမြောင်းများ ရေစီးရေလာကောင်းမွန်စေရေး၊ ဈေးရေမြောင်းများရေစီးရေလာကောင်းမွန်စေရေး၊ ခြင်မပေါက်ပွားစေရေး၊ အမှိုက်များ တစ်ဆို့မှုမရှိစေရေးအတွက် အမှိုက်များဆယ်ယူခြင်း၊ ဆယ်ယူပြီး အမှိုက်များကို စနစ်တကျ စွန့်ပစ်စေရေး စသည့် သန့်ရှင်းရေးလုပ်ငန်းများကို ဆောင်ရွက်ခဲ့ကြောင်း သိရသည်။
ကျော်သူရ (ကော့မှူး)