စမ်းချောင်းမြို့နယ်တွင် ရပ်ကွက်‌‌အေးချမ်းသာယာရေး တရားဥပဒေစိုးမိုးရေး အသိပညာပေး ဟောပြောပွဲကျင်းပ

စမ်းချောင်း မေ ၁၇

ရန်ကုန်တိုင်းဒေသကြီး၊အလုံခရိုင် စမ်းချောင်းမြို့နယ်တွင် ရပ်ကွက်‌‌အေးချမ်းသာယာရေး၊ တရားဥပဒေစိုးမိုးရေး အသိပညာပေး ဟောပြောပွဲအခမ်းအနားကို ယမန်နေ့က မြေနီကုန်း (ဓမ္မာရုံ)၌ ကျင်းပ‌‌ဆောင်ရွက်သည်။

ထိုသို့‌ဆောင်ရွက်ရာတွင် စမ်းချောင်းမြို့နယ် ရဲတပ်ဖွဲ့မှူး ရဲမှူး၀င်းနိုင်ဦးဆောင်၍ မြို့နယ်ရပ်ကျေးစာရေးများ၊ ရပ်ကွက်အုပ်ချုပ်ရေးမှူးများ၊ ဆယ်အိမ်မှူး၊ ရာအိမ်မှူးများပူးပေါင်း၍   ရက် (၁၀၀)စီမံချက်ဖြင့် မြေနီကုန်း(တောင်)၊ မြေနီကုန်း(မြေက်)ရပ်ကွက် ဓမ္မာရုံလမ်းရှိ မြေနီကုန်း (ဓမ္မာရုံ)၌  ရပ်ကွက်အတွင်းရှိပြည်သူများအားတွေ့ဆုံ၍  ရပ်ကွက်အေးချမ်းသာယာရေးနှင့် တရားဥပဒေစိုးမိုးရေးဆိုင်ရာကိစ္စရပ်များ၊ မှုခင်းကျဆင်း‌ရေးအသိပညာ‌ပေးခြင်းတို့ကို ဟောပြော ဆွေးနွေးခဲ့ကြောင်း သိရသည်။

ဖြူသွယ်ထွန်း (ပြန်/ဆက်)