ဒဂုံမြို့သစ်(အရှေ့ပိုင်း)မြို့နယ် မာဂဓီသာစည် ဘုန်းတော်ကြီးသင်ပညာရေးကျောင်းတွင် လူငယ်ရေးရာ အသိပညာပေး ဟောပြောပွဲ၊ ပြပွဲ၊ပြိုင်ပွဲများ ဆောင်ရွက်

ဒဂုံအရှေ့ မေ ၁၇

ရန်ကုန်တိုင်းဒေသကြီး၊ ဒဂုံမြို့သစ်ခရိုင်၊ ဒဂုံမြို့သစ်(အရှေ့ပိုင်း)မြို့နယ်၊ ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာနမှ ဝန်ထမ်းများက အမှတ်(၁၃)ရပ်ကွက်၊ မာဂဓီသာစည်ဘုန်းတော်ကြီးသင်ပညာရေးကျောင်းတွင်  လူငယ်ရေးရာ အသိပညာပေး ဟောပြောပွဲ၊ ပြပွဲ၊ပြိုင်ပွဲများ ဆောင်ရွက်ခြင်းကို ယမန်နေ့နံနက် (၁၁) နာရီက ဆောင်ရွက်ခဲ့သည်။

ရှေးဦးစွာ ဟောပြောပွဲတွင် မြို့နယ်ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာနမှ ဦးစီးအရာရှိ ဒေါ်‌အေးမဉ္ဇူက ပြောကြားရာတွင် ကျောင်းသားလူငယ်များ ဗလငါးတန်ဖွံ့ဖြိုးပြီး၊ ထူးချွန်ထက်မြတ်သူများ ဖြစ်လာစေရန်၊ စာဖတ်သည့် အလေ့အကျင့်ကောင်းများ ရရှိစေရန် သိသင့်သိထိုက်သည့် အကြောင်းအရာများကို ပြောကြားပြီး မူးယစ်ဆေးဝါးအန္တရာယ်နှင့် ပတ်သက်၍ အသိပညာပေး ဟောပြောခဲ့သည်။

ထို့နောက် ပုံပြင်ပြောပြိုင်ပွဲ၊ ကဗျာရွတ်ဆိုပြိုင်ပွဲများအား ဆက်လက်ကျင်းပရာ ကျောင်းသား၊ ကျောင်းသူများက ပါဝင်ယှဉ်ပြိုင်ခဲ့ကြပြီး အသိပညာ တိုးပွားစေမည့် စာအုပ်များ ခင်းကျင်းပြသခြင်း၊ ကလေးအလုပ်သမား ပပျောက်ရေးနှင့် မူးယစ်ဆေးဝါးအန္တရာယ်အကြောင်းတို့ကို နံရံကပ်စာစောင်များ ပြသရာ ကျောင်းသား/ကျောင်းသူများက စိတ်ပါဝင်စားစွာ လေ့လာကြည့်ရှုခဲ့ကြကြောင်း သိရသည်။

အေးမဉ္ဇူ