လှိုင်သာယာ(အရှေ့ပိုင်း)မြို့နယ် “မုတ်ကောင်ကလေးတွေ ကျတဲ့မျက်ရည်” ဆောင်းပါးဖြင့် စာဖတ်ဝိုင်း ကျင်းပပြုလုပ်

လှိုင်သာယာ(အရှေ့ပိုင်း) ဧပြီ

ရန်ကုန်တိုင်းဒေသကြီး၊ အင်းစိန်ခရိုင်၊ လှိုင်သာယာ(အရှေ့ပိုင်း)မြို့နယ် Community Centre ခန်းမ၌ စာပေချစ်မြတ်နိုးသူများအသင်း (Book Club)နှင့် ပူးပေါင်းကာ စာရေးဆရာ မင်းချစ်ဦးဇော် ရေးသားသော “မုတ်ကောင်ကလေးတွေ ကျတဲ့မျက်ရည်” ဆောင်းပါးဖြင့် ၄-၄-၂၀၂၄ ရက်နေ့ နေ့လယ် (၁) နာရီ၌ စာဖတ်ဝိုင်းကျင်းပ ပြုလုပ်သည်။

စာဖတ်ဝိုင်းတွင် မုတ်ကောင်ကလေးတွေရဲ့ ပုံသဏ္ဍာန်ကို ထမင်းစားပန်းကန်ပြားနှစ်ချပ်ကို ကပ်ပြီး ထောင်ထားသလို ပြားပြားဝိုင်းဝိုင်းလေး ဖြစ်နေတာပါ၊ မုတ်ကောင်နှင့် ကမာကောင်သည်မတူညီကြပါဘူး၊ ကမာကောင်ကို မှန်းကြည့်လျှင် ဇလုံနှစ်လုံးကို ကပ်ဟပ်ပြီး ဇလုံနှုတ်ခမ်းတစ်ဝက်ကို ခပ်ကျဲကျဲလှိုင်းတွန့်ကြည့်သောအခါ အဲ့ဒါကမာကောင်ပါပဲ ကမာကောင်ကနေ အဖိုးတန်ပုလဲ ရတယ်ဆိုတာမျိုးလဲ မတွေ့ဖူးပါဘူး၊ မုတ်ကောင်ကနေ ပုလဲဖြစ်ဖို့ကလည်း()နှစ်စောင့် ရပါတယ်၊ ပုလဲအရောင်မှာ()မျိုးရှိပြီး မြန်မာနိုင်ငံတွင် ပုလဲနက်အရောင်မထွက်ရှိပါဘူးဆိုတဲ့ အကြောင်းအရာများကို စာရေးဆရာမင်းချစ်ဦးဇော်က ရှင်းလင်း ပြောကြားသည်။

ဆက်လက်၍ စာအုပ်စာစောင်များနှင့်စာပေ ချစ်မြတ်နိုးသူအသင်းသည် စာပေကို ရေးသားကြသလို စာရေးဆရာကြီးများ ရေးသားထားသည့် စာအုပ်များလည်း လေ့လာဖတ်ရှုသင့်သည် စာအုပ်များအားချပြကာ အသိပညာပေးဦးစီးအရာရှိ၊ ဒေါ်ခင်ဝင်းမူက ရှင်းလင်းဆွေးနွေးသည်။ စာရေးဆရာအသင်းဥက္ကဋ္ဌ ကြည်ကြည်မြင့်မြတ်က မုတိတာစကား ပြောကြားသည်။ တက်ရောက်လာသည့် စာပေချစ်မြတ်နိုးသူများအသင်းမှလည်း အပြန်အလှန် ဆွေးနွေးပြောကြားပြီး စာကြည့်တိုက်ရှိ စာအုပ်စာစောင်များ ပြသထားသည်ကိုလည်း ကြည့်ရှုပြီး စာပေဝါသနာပါသူ စာအုပ်ချစ်မြတ်နိုးသူများ၊ စာရေးဆရာအသင်းအဖွဲ့များ စုစုပေါင်း(၂၅)ဦး တက်ရောက်ပြီးပြသထားသော စာအုပ်စာစောင်များကိုလည်း လေ့လာဖတ်ရှုလျက်ရှိသည်။

ခင်၀င်းမူ(ပြန် / ဆက်)