အစိုးရနည်းပညာအထက်တန်းကျောင်း (ဟင်္သာတ)တွင် အခြေခံအိမ်တွင်း လျှပ်စစ်ပစ္စည်း ပြုပြင်သင်တန်း၊ သင်တန်းဆင်းပွဲနှင့်သင်တန်း ဆင်းလက်မှတ် ပေးအပ်ပွဲအခမ်းအနား ကျင်းပ

ဟင်္သာတ ဧပြီ ၆

ဧရာဝတီတိုင်းဒေသကြီး ဟင်္သာတခရိုင်၊ဟင်္သာတမြို့ အစိုးရနည်းပညာအထက်တန်းကျောင်း(ဟင်္သာတ)နှင့် မြန်မာနိုင်ငံ ကိုယ်အင်္ဂါမသန်စွမ်းသူများ အသင်းတို့ ပူးပေါင်းဖွင့်လှစ်သင်ကြား​ခဲ့သော အခြေခံအိမ်တွင်း လျှပ်စစ်ပစ္စည်း ပြုပြင်သင်တန်း၊ သင်တန်းဆင်းပွဲနှင့်သင်တန်းဆင်းလက်မှတ်ပေးအပ်ပွဲအခမ်းအနားကို ယမန်နေ့နံနက် ၁၀ နာရီအချိန်က ဟင်္သာတမြို့ အစိုးရနည်းပညာ အထက်တန်း ကျောင်းခန်းမတွင် ကျင်းပခဲ့သည်။

အခမ်းအနားတွင် မြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့ အဖွဲ့ဝင် ဦးမြင့်သိန်းက သင်တန်းဆင်းအမှာစကားပြောကြားခဲ့ပြီး အစိုးရနည်းပညာ အထက်တန်းကျောင်း ကျောင်းအုပ်ဆရာကြီး ဦးမင်းမင်းဦးက သင်တန်းဖွင့်လှစ်ရခြင်း ရည်ရွယ်ချက်များ၊သင်ကြားပေးခဲ့သော ဘာသာရပ်များ၊ သင်ကြားမှုအခြေအနေများ၊ သင်တန်းသားများ၏ ကြိုးစားအားထုတ်မှုနှင့်ဆက်လက်ဖွင့်လှစ်မည့် သင်တန်းများအကြောင်းတို့ကို ရှင်းလင်းတင်ပြခဲ့သည်။ ထို့နောက် မြန်မာနိုင်ငံ ကိုယ်အင်္ဂါ မသန်စွမ်းသူများ အသင်းကိုယ်စား ဟင်္သာတမြို့နယ်အသင်းဥက္ကဋ္ဌ ဦးဝင်းမြင့်က ကျေးဇူးတင်စကား ပြန်လည် ပြောကြားခဲ့သည်။

ဆက်လက်၍ သင်တန်းဆင်းလက်မှတ်များကို မြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့ဝင် ဦးမြင့်သိန်းကလည်းကောင်း ၊သင်တန်းတွင် ထူးချွန်စွာ လေ့လာသင်ယူခဲ့ကြသူများကို တာဝန်ရှိသူများကလည်းကောင်း ဆုများအသီးသီးချီးမြှင့်ပေးအပ်ခဲ့ကြပြီး တက်ရောက်လာသူများနှင့် အမှတ်တရ စုပေါင်းမှတ်တမ်းတင် ဓာတ်ပုံရိုက်ကူးခဲ့ကြောင်းသိရသည်။

ခရိုင်ပြန်ဆက်(ဟင်္သာတ)