သတင်းများ

ပန်းတနော်မြို့ လူထုအခြေပြုဗဟိုဌာန၌ နွေရာသီကျောင်းပိတ်ရက်အတွင်း ယဉ်ကျေးလိမ္မာသင်တန်းဖွင့်လှစ်
Apr 08,2024
ဧရာဝတီတိုင်းဒေသကြီး၊ မအူပင်ခရိုင်၊ ပန်းတနော်မြို့နယ် ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာနမှ နွေရာသီကျောင်းပိတ်ရက်အတွင်း ယဉ်ကျေးလိမ္မာ သင်တန်းဖွင့်ပွဲကို ယနေ့ နံနက်ပိုင်းက လူထုအ‌ခြေပြုပြုဗဟိုဌာန (Community Centre) ခန်းမ၌ ကျင်းပခဲ့သည်။
မြစ်သားမြို့နယ်တွင်  ပါဠိပထမပြန် စာမေးပွဲ ဆဋ္ဌမနေ့ ဆက်လက်ဖြေဆို
Apr 08,2024
မန္တလေးတိုင်းဒေသကြီး၊  ကျောက်ဆည်ခရိုင်၊ မြစ်သားမြို့နယ်တွင် သာသနာရေးနှင့်ယဉ်ကျေးမှုဝန်ကြီးဌာန၊ သာသနာရေးဦးစီးဌာနမှ ကြီးမှူးကျင်းပသော ပါဠိပထမပြန်စာမေးပွဲ ဆဋ္ဌမနေ့တွင် ပထမကြီးတန်း ပဠာန်းကုသလတိတ်ဘာသာနှင့် ပထမလတ်တန်း ဘာသာပြန်ဘာသာတို့ကို ယနေ့မွန်းလွဲ (၁၂)နာရီအချိန်က ရှမ်းပွဲရပ်ကွက် ရွှေမုဋ္ဌောဘုရားပရိဝုဏ်ရှိ နန်းအိမ်သူဓမ္မဗိမ္မာန်အတွင်း ဖြေဆိုခဲ့ကြောင်း သိရသည်။
နွားထိုးကြီးမြို့၌ အစိုးရပါဠိပထမပြန်စာမေးပွဲ ဆက်လက်ဖြေဆို
Apr 08,2024
နွားထိုးကြီးမြို့ အမှတ်(၂)ရပ်ကွက်အတွင်းရှိ အလယ်ကျောင်းစာသင်တိုက်၌ ယနေ့မွန်းတည့် (၁၂) နာရီအချိန်က မြို့နယ်သံဃာနာယက ဆရာတော်ကြီးများကြီးကြပ်မှုဖြင့် ပါဠိပထမပြန်စာမေးပွဲကို  ကျင်းပပြုလုပ်ခဲ့ကြောင်း သိရသည်။
ရန်ကုန်မြောက်ပိုင်းခရိုင်(အင်းစိန်)၊ လူထုအခြေပြုဗဟိုဌာန၌ နွေရာသီကျောင်းပိတ်ရက် အခြေခံကိုရီးယားဘာသာစကား (အခမဲ့) သင်တန်း ဆက်လက်ဖွင့်လှစ်သင်ကြားလျက်ရှိ
Apr 08,2024
ရန်ကုန်တိုင်းဒေသကြီး၊ အင်းစိန်ခရိုင်၊ အင်းစိန်မြို့နယ်၌ ကျောင်းသား၊ ကျောင်းသူများ နွေရာသီကျောင်းပိတ်ရက်တွင် အချိန်ကို အကျိုးရှိစွာ အသုံးချနိုင်စေရန် ရည်ရွယ်၍ အခြေခံကိုရီးယားဘာသာစကား(အခမဲ့) သင်တန်းကို ရန်ကုန်မြောက်ပိုင်း ခရိုင်(အင်းစိန်)၊ ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာန၊ လူထုအခြေပြုဗဟိုဌာန Community Centre ခန်းမရှိ သတ်မှတ်ရက်များတွင် ဖွင့်လှစ်သင်ကြားလျက်ရှိသည်။
ဓနုဖြူမြို့နယ်တွင် အခြေခံစာတတ်မြောက်ရေးလုပ်ငန်း စာသင်ဝိုင်းများတွင် သင်ကြားနေမှုများအား မြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့ဥက္ကဋ္ဌနှင့် အဖွဲ့ဝင်များမှ လိုက်လံကြည့်ရှုအားပေး
Apr 08,2024
ဧရာဝတီတိုင်းဒေသကြီး၊ မအူပင်ခရိုင်၊ ဓနုဖြူမြို့နယ်တွင် ယနေ့ နံနက်ပိုင်းက အခြေခံစာတတ်မြောက်ရေးလုပ်ငန်းဆောင်ရွက်နေသည့် စာသင်ဝိုင်းများတွင် သင်ကြားနေမှုများအား မြို့နယ်စီမံ အုပ်ချုပ်ရေးအဖွဲ့ဥက္ကဋ္ဌနှင့် အဖွဲ့ဝင်များက လိုက်လံကြည့်ရှုအားပေးခဲ့​သည်။
ကျောက်ပန်းတောင်းမြို့နယ်၌ ဆောင်းကြက်သွန်များ နုတ်သိမ်းနေပြီဖြစ်ရာ တစ်ပိဿာ ၁၇၀၀ ကျပ် ရောင်းချနေရ
Apr 08,2024
မန္တလေးတိုင်းဒေသကြီး ညောင်ဦးခရိုင် ကျောက်ပန်းတောင်းမြို့နယ် ကျေးလက်တောင်သူများ ဆောင်းကြက်သွန်နီနုတ်သိမ်းနေပြီဖြစ်ရာ ရောင်းချချိန် တစ်ပိဿာ ၁၇၀၀ ကျပ် ရောင်းချနေရခြင်းကြောင့် လာမည့်နှစ် ဆောင်းကြက်သွန်နီစိုက်ပျိုးမည့် တောင်သူများပြားလာနိုင်ကြောင်း ကန်ပတ်လည်အုပ်စု၊ လဲဂွကျေးရွာ ဆောင်းကြက်သွန်နီ စိုက်ပျိုးတောင်သူ ဦးတင်ထွန်းထံက သိရသည်။
ပန်းတောင်းမြို့နယ် လူထုအခြေပြုဗဟိုဌာန၌ စာအုပ်ပြပွဲနှင့် ကဗျာရွတ်ပြိုင်ပွဲကျင်းပ
Apr 08,2024
ပဲခူးတိုင်းဒေသကြီး၊ ပြည်ခရိုင်၊ ပန်းတောင်းမြို့နယ် ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာန၊ လူထုအခြေပြုဗဟိုဌာန (Community Centre) ခန်းမတွင် ယမန်နေ့နံနက် (၉:၀၀) နာရီအချိန်က စာအုပ်/ စာပေနှင့် ရင်းနှီးကျွမ်းဝင်၍ အသိပညာဗဟုသုတများ ကြွယ်ဝလာစေရန်၊ ကဗျာရွတ်စွမ်းရည်မြင့်မားလာစေရန် စာအုပ်ပြပွဲနှင့် ကဗျာရွတ်ပြိုင်ပွဲကျင်းပခဲ့သည်။
အမာမြို့တွင် အပူဒဏ်အန္တရာယ်ကြိုတင်ကာကွယ်ရေး အသိပညာပေး နှိုးဆော်ခြင်းလုပ်ငန်း များဆောင်ရွက်
Apr 08,2024
ဧရာဝတီတိုင်းဒေသကြီး၊ ဖျာပုံခရိုင်၊ အမာမြို့တွင် ပြည်သူများအနေဖြင့် အပူဒဏ်အန္တရာယ်ကြောင့် မလိုလားအပ်သော အကျိုးဆက်များ မဖြစ်ပေါ်စေရေးအတွက် ပြည်သူ့ကျန်းမာရေး ဦးစီးဌာနနှင့် ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာနတို့ ပူးပေါင်း၍ ယနေ့ နံနက်(၇) နာရီက အမာမြို့ လူစည်ကားရာဈေးရှေ့တွင် အသိပညာပေး နှိုးဆော်ခြင်းလုပ်ငန်းများဆောင်ရွက်ခဲ့သည်။