တွံတေးမြို့နယ်၌ နွေရာသီအခြေခံပုံဆွဲနည်းသင်တန်းဖွင့်ပွဲ ပြုလုပ်
Apr 08,2024
ရန်ကုန်တိုင်းဒေသကြီး၊ တွံတေးခရိုင်၊ တွံတေးမြို့နယ် ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာနတွင် ကလေးငယ်များ၏ နွေရာသီကျောင်းပိတ်ရက် အားလပ်ချိန်အတွင်း ပညာဗဟုသုတရှိစေရန် ပုံရေးဆွဲနည်းများကို အခြေခံတတ်မြောက်ပြီး ကျောင်းစာဘာသာရပ်များတွင် အသုံးချတတ်စေရန် ရည်ရွယ်၍ ယနေ့နံနက် ၈ နာရီအချိန်က မြို့နယ်ပြည်သူ့စာကြည့်တိုက်ရှိ လူထုအခြေပြုဗဟိုဌာန (Community Centre) ၌ အခြေခံပုံဆွဲနည်းသင်တန်း ဖွင့်ပွဲပြုလုပ်ခဲ့ကြောင်း သိရသည်။