အောင်လံမြို့၌ ဗုဒ္ဓဘာသာအခြေခံယဉ်ကျေးလိမ္မာသင်တန်း ဖွင့်လှစ်

အောင်လံ ဧပြီ ၈

မကွေးတိုင်းဒေသကြီး၊ အောင်လံမြို့၌ ဗုဒ္ဓဘာသာအခြေခံ ယဉ်ကျေးလိမ္မာသင်တန်းကို ယနေ့နံနက် ၈ နာရီက အောင်လံမြို့နယ် ရခိုင်ဘုန်းတော်ကြီးကျောင်း စာသင်တိုက်တွင် ပြုလုပ်ခဲ့ရာ အခမ်းအနားသို့ ရခိုင်ဘုန်းတော်ကြီးကျောင်းထိုင်ဆရာတော် အရှင်ဇောတိက၊ ခရိုင်၊ မြို့နယ်အဆင့် ဌာနဆိုင်ရာတာဝန်ရှိသူများ သင်တန်းသား၊ သူများ တက်ရောက်ခဲ့ကြသည်။

ရှေးဦးစွာ သင်တန်းအား ဆရာတော်အရှင်ဇောတိကမှ ဦးဆောင်၍ နမောတဿ(၃)ကြိမ်ရွတ်ဆို၍ သင်တန်းအားဖွင့်လှစ်ကာ ဆက်လက်ပြီး သင်တန်းနည်းပြ ဆရာ၊ ဆရာမများက သင်တန်းအား ဆက်လက်ပို့ချခဲ့သည်။ အဆိုပါသင်တန်းတွင် သင်တန်းနည်းပြ ဆရာ/ဆရာမ (၁၅)ဦးနှင့် သင်တန်းသား/သူ(၂၇၅)ဦး တက်ရောက်ကာ သင်တန်းကာလမှာ ဧပြီလ ၈ ရက်နေ့မှ ၁၀ ရက်နေ့ထိ ဖွင့်လှစ်သင်ကြားပို့ချသွားမည်ဖြစ်ကြောင်း သိရသည်။

မျိုးသိန်း(ပြန်/ဆက်)