မြစ်သားမြို့နယ်တွင် ကိုယ်ဝန်ဆောင် အမျိုးသမီးများအား ကျန်းမာရေးပုံမှန် စောင့်ရှောက်မှုများပေး

မြစ်သား  ဧပြီ ၈

မန္တလေးတိုင်းဒေသကြီး၊ ကျောက်ဆည်ခရိုင်၊ မြစ်သားမြို့နယ်တွင် ကိုယ်ဝန်ဆောင်အမျိုးသမီးများအား လစဉ်ပုံမှန်ကာကွယ်ဆေးထိုးနှံခြင်းနှင့် ကျန်းမာရေးကြည့်ရှု စစ်ဆေးပေးခြင်းများကို ယနေ့နံနက် (၉) နာရီက မြို့နယ်မိခင်နှင့်ကလေးကျန်းမာရေးဌာနတွင် ဆောင်ရွက်ခဲ့ကြောင်း သိရသည်။

အဆိုပါ ပုံမှန်ကာကွယ်ဆေးထိုးနှံခြင်းကိုမြစ်သားမြို့နယ်မိခင်နှင့်ကလေးကျန်းမာရေးဌာနမှကိုယ်ဝန်ဆောင် အမျိုးသမီးများအား ကိုယ်အလေးချိန် တိုင်းတာပေးခြင်းHIV နှင့် ဆစ်ပလစ်ပိုး ရှိ/မရှိ စစ်ဆေးပေးခြင်း၊ ဆီးနှင့်သွေးစစ်ဆေးပေးခြင်း၊ ကိုယ်ဝန်ဆောင်မှုအနေ အထားနှင့် ကလေးအနေအထားပုံမှန် ရှိ/မရှိ စစ်ဆေးပေးခြင်း၊ ပထမအကြိမ်ကိုယ်ဝန်အပ်နှံခြင်းဖြစ်ပါက မေးခိုင်ကာကွယ်ဆေးကို ပထမ အကြိမ်ထိုးနှံပေးခြင်း၊ ကိုယ်ဝန်(၄)လကျော်ပါက သန်ချဆေးတိုက်ကျွေးခြင်းများ ဆောင်ရွက်ပေးခဲ့ပြီး ကိုယ်ဝန်ဆောင်ချိန်တွင် ကျန်းမာ ရေးနှင့်ပတ်သက်၍ အလေးထားလိုက်နာဆောင်ရွက်ရန်၊ အာဟာရ ပြည့်ဝစွာစားသုံးရန်၊ ရောဂါလက္ခဏတစ်ခုခုဖြစ်ပေါ်လာပါက ဆေးရုံ/ဆေးခန်းတွင် အမြန်ဆုံး သွားရောက်ပြသရန်နှင့် သတ်မှတ်ထားသည့်ရက်များအတိုင်း လာရောက်ပြသရန် လိုအပ်ကြောင်း အသိပညာပေးခြင်းများ ဆောင်ရွက်ပေးခဲ့သည်။

မြစ်သားမြို့နယ် မိခင်နှင့်ကလေးကျန်းမာရေးဌာနတွင် ကိုယ်ဝန်ဆောင်အမျိုးသမီးများအားအပတ်စဉ် တနင်္လာနေ့များတွင် ကျန်းမာရေးကြည့်ရှု စစ်ဆေးပေးသွားမည်ဖြစ်ကြောင်း မြို့နယ်မိခင်နှင့်ကလေး ကျန်းမာရေးဌာန ကျန်းမာရေး ဆရာမ ဒေါ်ခင်မြဝင်းထံမှ သိရသည်။

ဝါဝါမြင့်(မြစ်သား)