ရန်ကုန် ဧပြီ ၁၃
ရန်ကုန်တိုင်းဒေသကြီး၊ သင်္ဃန်းကျွန်းခရိုင်၊ သင်္ဃန်းကျွန်းမြို့နယ်လုံးဆိုင်ရာ “တန်ခူးလေပြေ ရေကစားမဏ္ဍပ်” တွင် မြန်မာလူမျိုးတို့၏ ရိုးရာယဉ်ကျေးမှုဖြစ်သော နှစ်သစ်ကူးပွဲတော် မဟာသင်္ကြန်အကြိုနေ့ ဖွင့်ပွဲအခမ်းအနားကို ယနေ့နံနက် ၈ နာရီက ကျင်းပခဲ့သည်။
အခမ်းအနားကို မြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့ဥက္ကဋ္ဌနှင့် အဖွဲ့ဝင်များ၊ ဌာနဆိုင်ရာ တာဝန်ရှိသူများက ဖဲကြိုးဖြတ်ဖွင့်လှစ်ပေးခဲ့ပြီး သင်္ကြန်မယ်များမှ ယိမ်းအကအလှများဖြင့် ဖျော်ဖြေခြင်း၊ တာဝန်ရှိသူများက ဆုတော်ငွေများ ချီးမြှင့်ခြင်း၊ အတာရေများ ပက်ဖြန်းခြင်းများ ကျင်းပခဲ့ကြသည်။
အဆိုပါရေကစားမဏ္ဍပ်ကို မြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့မှ ကြီးမှူးပြီး သင်္ကြန်နှစ်သစ်ကူးကာလများဖြစ်သော ဧပြီလ ၁၃ ရက်နေ့မှ ၁၆ ရက်နေ့ထိ သင်္ဃန်းကျွန်းမြို့နယ်တွင်း စည်ကားသိုက်မြိုက်စွာ ကျင်းပသွားမည်ဖြစ်ကြောင်း သိရသည်။
လင်းလင်းထွန်း(ပြန်/ဆက်)