ပျော်ဘွယ်မြို့နယ်၊ ခင်ကြီးယကျေးရွာတွင် မူလတန်းအဆင့် ပုံပြင်ပြောပြိုင်ပွဲနှင့် ကဗျာရွတ်ဆိုပြိုင်ပွဲ ကျင်းပ

ပျော်ဘွယ် ဧပြီ ၁၃

ပျော်ဘွယ်မြို့နယ် ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာနမှ  ကျောင်းသား၊ ကျောင်းသူလေးများ ဉာဏ်ရည်ထက်မြက်စေရန်၊ မြန်မာ့ရိုးရာဓလေ့များသိရှိစေရန်ရည်ရွယ်၍ မူလတန်းအဆင့်ပုံပြင်ပြောပြိုင်ပွဲနှင့် ကဗျာရွတ်ဆိုပြိုင်ပွဲကျင်းပခြင်းကို ယမန်နေ့ ညနေ(၄)နာရီက ခင်ကြီးယကျေးရွာ ဘုရားငါးဆူဘုန်းတော်ကြီးကျောင်းတွင် ပြုလုပ်ခဲ့ကြောင်း သိရသည်။

ရှေးဦးစွာ မြို့နယ်ဒုတိယဦးစီးမှူး ဒေါ်မေစောမွန်က ပုံပြင်ပြောနှင့် ကဗျာရွတ်ဆိုပြိုင်ပွဲကျင်းပရခြင်း၏ ရည်ရွယ်ချက်များ၊ မြို့နယ်ဦးစီးဌာနရုံးတွင် ပြိုင်ပွဲများကျင်းပပေးလျက်ရှိရာ ကျေးရွာအတွင်းရှိ ကျောင်းသား၊ ကျောင်းသူများ ပါဝင်ယှဉ်ပြိုင်နိုင်စေရန်နှင့် အမှတ်ပေးစည်းမျဉ်းစည်းကမ်းများကို ရှင်းလင်းဆွေးနွေးပြီး ပြိုင်ပွဲကို ဆက်လက်ကျင်းပခဲ့သည်။

အဆိုပါပြိုင်ပွဲ၌ မူလတန်းအဆင့်ပုံပြင်ပြောပြိုင်ပွဲတွင် ကျောင်းသား၊ ကျောင်းသူ (၁၃)ဦး၊ ကဗျာရွတ်ဆိုပြိုင်ပွဲတွင် ကျောင်းသား၊ ကျောင်းသူ (၁၅))ဦး ပါဝင်ယှဉ်ပြိုင်ခဲ့ကြပြီး ဆုရရှိသူများကို အမှတ်တရလက်ဆောင်များ ပေးအပ်ချီးမြှင့်ခဲ့ကြောင်း သိရသည်။

မင်းမင်းထွေး(ပျော်ဘွယ်)